ဘာ့ကြောင့်လဲ မေမေ



ဘာ့ကြောင့်လဲ မေမေ

ကုလားအုပ်ငယ် တစ်ကောင်သည် ကုလားအုပ်မေမေကို မေးခဲ့သည်။

မေမေ.. မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ မျက်တောင်မွေးက ဒီလောက်ရှည်လျှားနေရသလဲ
သဲကန္တာရမှာ မေမေတို့ သွားလာတဲ့အခါမှာ သဲတွေ မျက်လုံးထဲ မဝင်အောင် ဒီမျက်တောင်မွေးတွေက ကာကွယ်ပေးတယ်လေ

မေမေ... မေမေ.. ဘာဖြစ်လို့ သားတို့ရဲ့ကျောမှာ ပို့ကြီးရှိနေရတာလဲဟင်

ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ မေမေတို့ သွားလာနိုင်ဖို့ ဒီပို့တွေမှာ ရေတွေလှောင်ထားရတယ်လေ သား

ကုလားအုပ်မေမေ၏ အဖြေကို နားထောင်ပြီး ကုလားအုပ်လေးက နားမလည်ဟန်နှင့် ပြန်မေးလိုက်သည်။

မေမေ... ဘာဖြစ်လို့ သားတို့က ဒီတိရိစ္တာန်ရုံမှာပဲ နေနေရတာလဲ

(http://yumaythu.blogspot.com မှ ကူးယူဖော်ပြပါသည်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း