ဝန်ကြီးပဒေသရာဇာ
ဝန်ကြီးပဒေသရာဇာ ဝန်ကြီးပဒေသရာဇာသည် ခေတ်သစ် ထူထောင်သူတစ်ဦး ဖြစ်သည်။ ဟု ဆရာဦးသိန်းဟန် (ဇော်ဂျီ)က ၁၉၃၆-ခုနှစ်၊ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် - “ ခေတ်ကို ဩဇာပေးရန် ခက်၏။ ဩဇာကိုက်ပြီးသော လက်ရှိခေတ်ကို ဩဇာသစ်ထပ်ပေးရန်ကား သာ၍ ခက်သည်။ မြန်မာဂန္ထဝင်တွင် သက္ကရာဇ် ၁၀၀၀နှင့် ၁၁၀၀ ကျော်ခေတ်က ဝန်ကြီးပဒေသရာဇာနှင့် စိန္တကျော်သူဦးဩ တို့သည် ထိုသာ၍ခက်သော လုပ်ငန်းကို ထမ်းရွက်ခဲ့ကြသည်။ ဤစာဆိုနှစ်ဦးသည် အမြင်သစ်ကို မြင်၍ စာသစ်ကို ရေးကြသည်။ သူတို့မြင်သော အမြင်သစ်နှင့် သူတို့ရေးသော စာသစ်တို့ကလည်း နောက်ထပ်ရေးကြသော အချို့စာတို့ကို ဩဇာပေးနိုင်ကြလေသည်။ ”