ဒီကစောင့်နေသူ

ဒီကစောင့်နေသူ

တက္ကသိုလ် ပထမနှစ် (၂၀၀၁)

ထူးအောင်ဝင့်။ ။ နင် ငါ့ကို ဘာလို့ မချစ်နိုင်တာလဲ ဟင်။
သူ။ ။ ငါ နင့်ကို သူငယ်ချင်းလိုပဲ ခင်တယ်။

တက္ကသိုလ် ဒုတိယနှစ်(၂၀၀၂)

ထူးအောင်ဝင့်။ ။ နင် ငါ့ကို မစဉ်းစားပေးနိုင်တော့ဘူးလားဟာ။
သူ။ ။ ရှူး... တိုးတိုး၊ ဟိုမှာ ငါ့ကိုကြီး လာနေပြီ။ သွားသွား ဝေးဝေးနေ၊ သူက ငါ့ကို သိပ်သဝန်တိုတာ။

တက္ကသိုလ် တတိယနှစ်(၂၀၀၃)

ထူးအောင်ဝင့်။ ။ ဒါဆို နင့်ကိုကြီးနဲ့ ဇာတ်လမ်းပြတ်ပြီပေါ့။ ငါ့ကို နင်ဘယ်လို သဘောထားသလဲဟင်။
သူ။ ။ အေး ကိုကြီးနဲ့ ပြတ်ပြီ၊ ဒါပေမယ့် ဖရက်ရှာလေးတစ်ယောက်က ငါ့ကို ပရိုပို့စ်လုပ်ထားတယ်ဟ။ သူက သူ့မေဂျာမှာ (King) ရထားတာဟဲ့။

ထူးအောင်ဝင့်။ ။ တစ်နေ့ နင် ငါ့မေတ္တာကို နားလည် လာမှာပါ။ ဘယ်အချိန်ရောက်ရောက် ငါ စောင့်နေမှာပါ။
သူ။ ။ အေးပါ၊ နင့်မေတ္တာကို ငါနားလည်လာတဲ့ တစ်နေ့ နင့်ဆီ အရောက်ပြန်လာမှာပါ။

(၂၀၂၂ ဇန်နဝါရီလ ၁၅ ရက်နေ့)

သူမ ကျွန်တော့် မေတ္တာကို နားမလည်နိုင်သေးသည်မှာ သေချာသည်။

ကျွန်တော် သူမကို ယနေ့ထိ စောင့်နေဆဲ ဖြစ်သည်။ (ကလေး သုံးယောက်နှင့်အတူ😂)

ရှဉ့်ညိုလေး
(၁၅.၁.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း