ဘဝက ခါးတယ်
ဒါ့ကြောင့်လဲ
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
မရှိစကား မပြောဘူး
မချိစကား မပြောဘူး
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
ဘဝက စားတယ်
လမ်းဘေးမယ်
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
ငါ့ ဓားလေးလည်း ထက်ပါစေ
ငါ့ နှလုံးသားလည်း လက်ပါစေ
ပြီးတော့
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
Comments
Post a Comment