ဓားသွေးသည်

ဓားသွေးသည်
ဘဝက ခါးတယ်
ဒါ့ကြောင့်လဲ
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
မရှိစကား မပြောဘူး
မချိစကား မပြောဘူး
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
ဘဝက စားတယ်
လမ်းဘေးမယ်
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
ငါ့ ဓားလေးလည်း ထက်ပါစေ
ငါ့ နှလုံးသားလည်း လက်ပါစေ
ပြီးတော့
ရှိတဲ့ဓားထုတ် သွေးလိုက်တယ်။
 
ရှဉ့်ညိုလေး
(၄.၁.၂၀၂၂ ည ၈ နာရီ ၃၈ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း