ကံချင်းတော့ မတူပါလေ

ကံချင်းတော့ မတူပါလေ

        လူချင်းတူပေမယ့် ကံချင်းတူတာမှတ်လို့။ တမိဝမ်းထဲကနေ တစ်ရက်တည်းဖွားလာကြတဲ့ အမွှာတွေတောင် ရုပ်ချင်းသာတူနိုင်မယ်။ ကံချင်း မတူနိုင်ဘူး။
        ဒီနေ့မနက်အဖြစ်အပျက်ကိုပဲ ကြည့်လေ။ ကျွန်တော် ပိုက်ဆံတစ်သောင်း ကောက်ရတယ်။ ကျွန်တော့် မဒီစံက ပိုက်ဆံတစ်သောင်း ကျပျောက်တယ်။ လင်မယားချင်းတောင် တစ်ဦးက ငွေဝင်ပေမယ့် တစ်ဦးကျ ငွေထွက်တယ်။ ဪ ကျွန်တော်ကောက်ရတာ ကျွန်တော်တို့ အိပ်ခန်းထဲကပါ။ ငွေဝင်ချင်တဲ့သူများကျ အပြင်မထွက်တာတောင် ငွေကောက်ရတယ်ဆိုတာ နည်းတဲ့ကံလားဗျာ😂
ရှဉ့်ညိုလေး
(၁၈.၁.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း