လောကသာရပျို့
လောကသာရပျို့ ၅၂။ ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါဂြိုဟ်နှင်၊ ဗေဒင်ကိန်းခန်း၊ မိန့်သံမွှန်းလျက်၊ စက်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့ရှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆေးပေဥက္ခောင်း၊ ဘိသိက်လောင်းလျက်၊ သူကောင်းသူမြတ်၊ လွတ်စေအနာ၊ ဥပဒ်ခွာလော့၊ ပြည်ရွာတိုင်းကား၊ ကြီးပွားစိမ့်ငှာ၊ လေးမျက်နှာမှ၊ မလာရန်စစ်၊ မဖြစ်စေမှု၊ တည်ထွင်ပြု၍၊ စုသည့်မီးခဲ၊ ကျီးရဲရဲ၌၊ မြှောက်ကြဲဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်တွင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဘန်များရွတ်ဘတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍၊ လူ့ဘော်ရန်စစ် ပျောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်