သူဇာပျို့
၇၉။ ပြည့်ဝန်းရောင်ဖြာ၊ စန္ဒရာကို၊ တိမ်လွှာညစ်ကျိ၊ လွှမ်းတည့်ဘိသို့၊ သိရိဝင်းဝါ၊ လမျက်နှာကို၊ ဗျာပါတိမ်ပုပ်၊ လွှမ်းအုပ်တည့်၍၊ ဖြေချုပ်မလည်း၊ ရွှမ်းမျက်ရည်ကို၊ မဆည်နိုင်ခဲ့၊ ငိုသံနွဲ့နှင့်၊ လုပ်လဲ့မှုနည်၊ လျှောက်သည်ဆိုကား၊ ကျွန်းစည်သောင်းတွင်း၊ အမင်းမင်း၏၊ ရင်တွင်းသည်းကြား၊ မင်းသားမင်လျာ၊ များတကာတို့၊ တတ်ရာသိပ္ပ၊ ဂုဏ်ရှိမျှနှင့်၊ အလှယဉ်နု၊ မြတ်ရာမှုကို၊ ပေါင်းစုဆည်းဆူ၊ အညွန့်ယူသည်၊ ဘုန်းလူသည့်ရှင်၊ မင့်ထိပ်တင်။ ။ မြေပြင်ပတ်ကုံး၊ စိုးယူကျုံးသည်၊ ထွတ်ဆုံးထိပ်ပေါ်၊ ခမည်းတော်ပင်၊ ကျူးကျော်စစ်မြေ၊ ချီသွားလေဟု၊ သံခြေပျံ့ဖြည်း၊ မိန်းကတည်းကို၊ ကျော်သည်းကြေညာ၊ မယ့်ထိပ်ချာသည်၊ ကြွပါလေနှင့်၊ နွှဲဖင့်စိတ်လျော့၊ နေပါတော့လော၊ ပျောင်းပျော့ပူသည်း၊ ကျွန်မချည်းသာ၊ ဗျာပါမူလည်၊ ရှိတော့မည်ကို၊ ကြံစည်ဝမ်းငယ်၊ မသိနှယ်ပင်၊ အလွယ်ရွှေရည်၊ သွားတော့မည်ဟု၊ သာကြည်ဝမ်းမြောက်၊ လျှောက်ခဲ့ပြီလာား၊ ထွေပြားတွက်ဆ၊ ကြံစည်ကမူ၊ ကျွန်မစိတ်တွင်၊ ခုကပင်လျှင်၊ ပူအင်ကြီးဘိ၊ မီးနှယ်ညိ၍၊ မချိနှိုင်းလျှင်း၊ ကိုယ်တွင်းပြောင်ပြောင်၊ လောင်ခဲ့ပြီကို၊ မှီခိုကိုးကွယ်၊ ဘယ့်နှယ်ကျွန်မ၊ ပြုရပါမည်၊ ခဲလှကြံရာ၊ မတတ်သာသည်။ ။ နောင်ခါဆယ်ဆခက်ပြီတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment