သူဇာပျို့
၈၂။ အချစ်မေတ္တာ၊ လောင်းစရာကို၊ ဘွေရှာလုံ့လ၊ သစ်သစ်ရသို့၊
ရူပဆင်းရည်၊ လျှံလည်ကြက်သရေ၊ တိုးလေလေပင်၊ ထွေထွေထူးလည်၊ တိုးတော့သည်ဟု၊
နေ့ရည်ရက်ဖြင်၊ မောင့်စိတ်ထင်သည်၊ မင်းရှင်နုနယ်၊ ရွှေဥငယ်။ ။ မှတ်ရွယ်ဆက်ဆက်၊
သည်အချက်ကို၊ ဟမြွက်ချိုသာ၊ မိန့်သည်မှာမူ၊ မေတ္တာပုံပြီး၊ ချစ်အားကြီး၍၊
လျှံညီးနုအူ၊ မိန့်တော်မူ၏၊ တွေးယူထောက်မြှော်၊ အကြောင်းသော်ကား၊ မြေပေါ်မျက်နှာ၊
သောင်းဒီပါထက်၊ မင်းလျာမင်းလောင်း၊ ကျော်သောင်းဝှန်ဆူ၊ မင်းသားဟူက၊ ရန်သူဝန်းလည်၊
စစ်ဆိုသည်ကို၊ ရှောင်ဖည်လက်ချ၊ မလွှဲရဘူး၊ ပြည်မထိပ်ခေါင်၊ စိုးမည့်နောင်ကို၊
ရည်စောင်မှတ်လျက်၊ စစ်မက်ချီသွား၊ မခန့်ညားလည်း၊ ထွတ်ဖျားခေါင်နှိမ်၊
မင်းစည်းစိမ်ကို၊ ရိပ်ငြိမ်သာမြိုင်၊ နောင်စံပိုင်အောင်၊ စွဲကိုင်အောက်မေ့၊
လျှောက်ထား၍ပင်၊ ချမ်းမြေ့မနေ၊ ထမ်းရွက်ချေ၏၊ လူ့မြေထင်ရှား၊ သို့ချက်များကြောင့်၊
ရွှေသားယဉ်နု၊ ယဉ်မျိုးစုသည်၊ ရွှေဥဆင်းစံ၊ သနားခံ၍၊ ဝေးလံမှုတော်၊
ထမ်းလွတ်သော်လည်း၊ ထင်ပေါ်နှံ့ပြား၊ မင်းသား-မင်းညီ၊ ပည်းသီအများ၊ ဆင်းရဲသားက၊
စ၍ကုန်အောင်၊ စစ်ရှောင်စိတ်နှောင့်၊ မစောင့်လားလား၊ မင်းဖြစ်သားဟု၊ ထွေပြားရှုတ်ချ၊
ကဲ့ရဲ့ကြ၍၊ ထွန်းပညွန့်ဝေ၊ ဘုန်းသရေပင်၊ လျော့ပြေသိမ်နွဲ့၊ ယုတ်ခဲ့ရာ၏၊
ကျိုးမဲ့ထင်ပေါ်၊ နောက်နောင်သော်လည်း၊ မလျော်သမှု၊ ဥဒါန်းပြု၍၊ မှာစုမှတ်သား၊
ထားချေတော့မည်၊ သည်ကိုစေ့ရှာ၊ ထောက်ထားပါ၍၊ ဖြေဖျော်သာယာ၊ ဖြည့်ဖြူးပါတော့၊
မြေတာကျူးကျော်၊ မောင်သွားေသော်လည်း၊ ြလှော်ရှက်ဖြာ၊ စစ်ရေးရာကြောင့်၊ မကြာမဘူး၊
ဝေးကျူးမနီး၊ ခရီးတွင်သာ၊ ကြာပါရမည်၊ သွားလာသည်နှင့်၊ ဓွန့်ရှည်ဝေးတာ၊
ခရီးမှာလည်း၊ ရှည်စွာကြာလှ၊ ငါးလမျှသာ၊ စိတ်ကပြတ်ပြတ်၊ အဆုံးမှတ်၍၊ လှမြတ်ရတနာ၊
သည်းခံပါတော့၊ ဗျာပါဆူဝေ၊ စစ်ရပ်မြေဝယ်၊ သည်းခြေနောက်နောက်၊ လွမ်းသည့်ထက်ကို၊
ဆက်တက်မြင့်မို၊ လွမ်းလေဆိုသို့၊ သံချိုပျံ့ကြွယ်၊ သနားဘွယ်လျှင်၊ နွမ်းနယ်မူနည်၊
မျက်ရည်သွယ်ပြိုက်၊ တရှိုက်ရှိုက်သာ၊ ငိုပါနှင့်တော့၊ ပျောင်းပျော့မတည်၊
ကျွန်ုပ်သည်လျှင်၊ လူ့ပြည်တစစ်၊ လူဟုဖြစ်၍၊ ဆယ့်ရှစ်နှစ်စင်၊ ရေတွက်ဝင်ပြီ၊
ဘယ်တွင်ရှိမ်းယို၊ မငိုဘူးပါ၊ ဟုတ်ရာကျနိုင်၊ တရားကိုင်လျက်၊ စိတ်လက်ကြည်ကြည်၊
ပြုပါသည်ကို၊ ဖြေဆည်မသာ၊ သည်တခါတွင်၊ သွာဖြာရှိမ်းနူး၊ ငိုရဘူးဟု၊ လွန်ကျူးခဲခက်၊
ခုကလျက်ပင်၊ လှိုက်ပွက်ဝမ်းက၊ သို့ရှိရသော်၊ မင်းလှရတနာ၊ မယ်နှင့်ကွာ၍၊
စစ်တာကွန်းတောက်၊ ချရောက်သော့ခါ၊ မင်းပါဝမ်းဝယ်၊ လွမ်းမျိုးကြွယ်၍၊
ဘယ့်နှယ်ထူးလည်၊ ဖြစ်ရမည်မျှ၊ ဆောက်တည်ပြီးတိုင်၊ မသိနိုင်ခဲ့၊ ဂလိုင်လှိုင်ပွက်၊
သို့အချက်ကြောင့်၊ ကြံခက်ခဲလွန်၊ ကျွန်ုပ်ကျွန်ကို၊ ပြန်ကြည့်ထောက်ညှာ၊ သနားပါ၍၊
ပူဆာဖျော်ဖြေ၊ ပြေပျောက်ထွေဖြင့်၊ သရေမျက်နှာ၊ ပွင့်လန်းကြာသို့၊ မြင်ပါရစေ၊
လှိုင်ဝေပူဆုံး၊ မောင့်နှလုံးကို၊ သိမ်းကျုံးယူဆောင်၊ ချမ်းသာအောင်သည်။ ။ ရည်စောင်မင်းလှ ကြံပါမှ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment