သူဇာပျို့
၈၀။ ကာမဘုံမည်၊ ခုနှစ်ပြည်တွင်၊ ဖြီးစည်များလှ၊
မြတ်မိန်းမတို့၊ နုလှရွှန်းမြေ့၊ ယဉ်သရွေ့ကို၊ လွေ့လွေ့ပြောဟုံ၊ ထက်ကပုံလျက်၊
လောက်လုံအထု၊ ယဉ်မျိုးစုသည်၊ ရွှေဥရွှေစင်၊ မင်းလှရှင်။ ။ ကြီးအင်အထူး၊
ကျေးဇူးလွန်လှ၊ မွေးမိဘကို၊ တွေးဆသင့်ရွယ်၊ ခိုင်းပယ်သာကြည်၊ စေပါသည်ကို၊
ရှေ့ရည်လိုရာ၊ သွားမည်သာဟု၊ ရှောင်ခွာမလွဲ၊ မဆိုဘဲနှင့်၊ ဖင့်နွှဲဘယ်မှာ၊
နေသာပါ့မည်၊ ခုသည်အရာ၊ အမှုမှာလည်း၊ ပြည်ရွာပျက်စီး၊ ရေးကြီးခွင့်ကျယ်၊
မကွယ်-မဝှက်၊ ပြက်ပြက်ပြဲ့ပြဲ့၊ ပင်ဖြစ်ခဲ့၏၊ နောက်ငဲ့မလျင်၊ မောင်သွားလျှင်လည်း၊
မင်းရှင်လှမှာ၊ တော်ကွက်လှိုက်လှဲ၊ ဝမ်းကွဲဝမ်းနည်း၊ တယောက်တည်းသာ၊
သွယ်ဖြာမျက်ရည်၊ ရှိရစ်မည်ကို၊ ကြံစည်စိတ်က၊ သိလှပါ၏၊ နေကျဖြောင့်ဖြောင့်၊
သိသောကြောင့်လျှင်၊ စိုးနှောင့်ဗျာပါ၊ မောင့်စိတ်မှာမူ၊ စစ်တာမြောခြား၊
မှာကိုထား၍၊ ခစားညွတ်ကြို့၊ တွင်းတော်သို့မျှ၊ နေဘို့ကိုပင်၊ မဝင်ချင်ပါ၊
မလွှဲသာ၍၊ ရံခါခေါ်တော်၊ ဝင်ရသော်လည်း၊ ကျူးကျော်ရက်ကြား၊ မြေတာဝေးလှ၊
ကွေကွင်းရသို့၊ မင်းလှမျက်နှာ၊ တော်ကိုသာလျှင်၊ ရှေ့မှာမြဲတည်၊ ထင်တော့သည်ကြောင့်၊
ရွှဗပြည်ထိပ်ပေါ်၊ ဘုန်းတော်ကြီးလှ၊ ဘုရားရွှေခွန်း၊ မေးမြန်းသာရွှင်၊
မရွှင်သာဖြား၊ မိန့်စကားကို၊ မကြားတခါ၊ ကြားတခါပါင၊ အောက်မေ့ရည်ထင်၊
မောင့်စိတ်တွင်လေ၊ မင်းရှင်မျက်နှာ၊ လသော်တာကို၊ ဆိတ်စာမလှည့်၊ စိတ်စောကြည့်လျက်၊
သည့်သက်ခန္ဓာ၊ နှစ်တရာကို၊ သင်္ချာအပေါင်း၊ ထောင်သောင်းခန့်တွက်၊ ဆက်၍မြဲပင်၊
တည်နေချင်၏၊ ရွှေရင်ရွှေသား၊ ခွာကြခြား၍၊ ဘဝါးချီဆန့်၊ တတောင်ခန့်မျှ၊ မကွန့်သွားချင်၊
သည်ကိုပင်သည်။ ။ စိတ်တွင်တောင့်တမှန်ပါလှ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment