Posts

သူဌေး=သူတောင်းစား

Image
 သူဌေး=သူတောင်းစား           တစ်ခါတုန်းက မြို့တစ်မြို့ရှိ သူဌေးတစ်ဦးနှင့် သူတောင်းစားတစ်ဦး၏ အဖြစ်အပျက်ဖြစ်သည်။ သူဌေးကြီးသည် လေသာဆောင်မှနေ၍ လမ်းမဘက်ရှိ မြင်ကွင်းများကို ငေးနေစဉ် ခြံရှေ့လမ်းမမှ ဖြတ်သွားသည့် သူတောင်းစားတစ်ဦးကို တွေ့လိုက်ရသည်။ တွေ့လိုက်သည်နှင့် အတွေးမျိုးစုံနှင့်အတူ   မေးခွန်းတစ်ခု ထွက်သွားသည်။ ထို့နောက် ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

အချိန်ပို မတောင်းကြေး

Image
 အချိန်ပို မတောင်းကြေး           နောက်ထပ် (၂)ရက်လောက်နေရင် ဆယ်တန်းတွေ အောင်စာရင်းထွက်ပြီ ဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားကြတာတွေ့တယ်။ စာမေးပွဲအောင်စာရင်း ထွက်တဲ့နေ့မတိုင်မီ ကျွန်တော့်ဖေဖေပြောတာကို အမှတ်ရမိတယ်။ သားရေ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ အောင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲရှိတယ်။ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာပါတဲ့။ အောင်တယ်ဆိုရင်လည်း သားကြိုးစားခဲ့တာမို့ အောင်သွားတာပါ။ ကျတယ်ဆိုရင်လည်း သားကြိုးစားအားထုတ်မှု မလုံလောက်လို့ ကျသွားတာပါ။ သားကြိုးစားခဲ့တာကိုလည်း ဖေဖေတို့ သိမြင်နေခဲ့တာပဲတဲ့။ ကျသွားရင်လည်း ထပ်ဖြေလို့ ရတယ်။ ကြိုးစားခွင့် ရှိသေးတာမို့ စိတ်ဓာတ်ကျစရာ မလိုဘူးတဲ့။ အဲဒီလိုမျိုး ပြောပြခဲ့တာပါ။ ကျွန်တော့်မှာ အချိန်ပိုတွေ၊ ကြိုးစားခွင့်တွေရှိသေးကြောင်းပြောပြီး စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ဖေဖေပါ။ ကျွန်တော် တကယ့်ကို ကျေးဇူးတင်မိပါတယ်။

ငါတို့

Image
ငါတို့ ဖြောင့်နေတဲ့ လမ်းတွေပေါ် တည့်တည့်မလျှောက်နိုင်တဲ့ငါ ကောက်နေတဲ့ လမ်းရောက်မှ အတည့်လျှောက်ဖို့ ကြိုးစားချင်ခဲ့။ လမ်းမဟုတ်တဲ့ လမ်းကိုလျှောက်တော့

ကျွန်တော်တို့ ရန်မဖြစ်ကြပါ

Image
  ကျွန်တော်တို့ ရန်မဖြစ်ကြပါ ကျွန်တော့်ကို မဒီစံက မေးတယ်။ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ စုံတွဲတစ်တွဲပုံကိုပြပြီး မေးတာပါ။ " သူတို့တွေရော ရန်ဖြစ်ကြလားဟင်..." စုံတွဲလေးကလည်း တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတယ်ဆိုတာ သူတို့မျက်နှာမှာတင်မက ရင်ထဲထိ ထွင်းဖောက်မြင်နေရသလိုမျိုးကိုး။ ကျွန်တော်လည်း စာရိုက်နေရင်းကနေ ပြန်ပြောရတယ်။

ကြောက်ပါပြီဗျ...ဟာဟ

Image
ကြောက်ပါပြီဗျ...ဟာဟ    ဒီနေ့ ခပ်ကျဲကျဲဖီလင်လေး ပို့စ်နဲ့ရောတင်လိုက်တာ (Emotion)မြင့်လာတဲ့ (Comment) တွေ ပို့စ်အောက်မှာ ရောက်လာတယ်။ ကိုယ်က အပျော်ဆိုပေမယ့် တချို့တွေအတွက် တစ်ခုခု သက်ရောက်သွားတယ် ထင်ပါတယ်။ ကျွန်တော်လည်း ကိုယ့်အကောင့် ကိုယ်သုံးပေမယ့် ကြံခင်းပိုင်ရှင်ကြီးလို စာတင်ရမယ် ထင်ပါတယ်။

နားလည်မှုနဲ့ တည်ဆောက်ထားတဲ့မျဉ်းပြိုင်

Image
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ မျဉ်းပြိုင်             အကြောင်းကြောင့် အကျိုးဖြစ်သည်။ အကျိုးကြောင့် အကြောင်းဖြစ်သည်ဆိုလျှင် လောကမှာရှိသည့် အဖြစ်အပျက်အကြောင်းအရာ ဟူသမျှသည် ဒီနိယာမတရားနှင့် မလွတ်ကင်းနိုင်။ ထားတော့။ ပြောလိုသည်က ကျွန်တော်နှင့် ကျွန်တော့်ချစ်သူအကြောင်း…။             သူမနှင့် ကျွန်တော် သိပ်ကိုချစ်ခဲ့ကြပါသည်။ ကြားလေသွေးလျှင် ဝေးသွားမလား ဆိုရလောက်အောင် ကဲကဲဆတ် မဟုတ်သော်လည်း နားလည်မှုတွေ အပြည့်အသိပ်ဖြင့် ချစ်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်တော့်ဘဝထဲသို့ သူမတိုးဝင်မလာခဲ့သလို သူမဘဝထဲသို့လည်း ဆွဲမခေါ်ခဲ့ပါ။ အများတကာတွေ တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ သူမနှင့် ကျွန်တော်ကတော့ နားလည်မှုတွေကိုပဲ တန်ဖိုးထားခဲ့ကြသည်။ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရှိမှ၊ မဏ္ဍပ်တိုင်တက်ပြနိုင်မှ မဟုတ်ဘဲ။ အဲဒီလိုနဲ့ …။

စာစုံဖတ်ကြစို့

Image
စာစုံဖတ်ကြစို့                စာရေးတယ်ဆိုတာတစ်မျိုးကအမုန်းခံရေးတာရှိတယ်..။ တစ်မျိုးကပရိတ်သတ်ရဖို့ရေးတာရှိတယ်..။ တစ်ခုပဲ..။ ကိုယ့်စာပေဟာပရိတ်သတ်ရှိခြင်း မရှိခြင်းဆိုတာထက်.. ကိုယ်ဘယ်လောက်အမှန်ပြော ရဲသလဲ..ဆိုတာလည်းအရေးကြီးတယ်...။