Posts

အချိန်တွေက အကုန်မြန်လွန်းတော့

Image
  အချိန်တွေက အကုန်မြန်လွန်းတော့ ... အချိန်တွေက ကုန်လွယ်လွန်းပါတယ်။ တချို့တွေရဲ့ ညည်းငြူသံကတော့ အချိန်တွေက ကုန်ခဲလိုက်တာပေါ့။ တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ ဆယ်စုနှစ်တစ်ခုက တစ်ခဏလေးပဲ ကျော်ဖြတ်သွားကြတာပါ။ ဆိုပါတော့ ကျွန်တော် အိတ်တီးဝမ်းမှာ မွေးတယ်။

ရောက်တတ်ရာရာ ရေးလိုက်တာ

Image
ရောက်တတ်ရာရာ ရေးလိုက်တာ ဒီနေ့ ကျွန်တော် တော်တော်ပျော်ပါတယ်။ ရွှေအမြုတေက ဆရာဦးဝင်းငြိမ်းနဲ့ စကားပြောခွင့်ရလို့၊ ဆရာ့အသံကို ပထမဆုံးကြားဖူးခြင်းလည်း ဖြစ်နေလို့ပါ။ ကျွန်တော် အပြင်က ပြန်လာတော့ အိမ်မှာထားခဲ့တဲ့ဖုန်းကို နံပါတ်စိမ်းတစ်ခု ဝင်လာတာ သားငယ် ကောင်းသုတက ကိုင်လိုက်တယ်တဲ့။

စာမေးပွဲ

Image
စာမေးပွဲ တခြားသူအတွက်တော့ မသိပေမယ့် ကိုယ့်အတွက်တော့ စာမေးပွဲဟာ အဆင်မပြေဘူးဆိုတာ သေချာတယ်။ ဒါသင်၊ ဒါကျက်၊ ဒါဖြေ စာမေးပွဲတွေ အကြိမ်ကြိမ် ဖြေပြီးတဲ့နောက်မှာတော့ ကိုယ့်ခေါင်းပေါ်မှာ ပုံစံဆန်းတဲ့ ဦးထုပ်တစ်လုံး တင်ခွင့်ကြုံခဲ့ရတယ်။ အမှတ်တရဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်မရာမီးတွေ ဖြတ်ခနဲ လက်ခဲ့ရတယ်။

ညနေကြယ်လေးရေ

Image
ညနေကြယ်လေးရေ ဒီနေ့ နင့်ကို ပိုသတိရတယ် ညနေကြယ်လေးရေ။ တည်ငြိမ်ချင်ယောင်ဆောင်ထားတဲ့ ရေပြင်ဟာ လေပြေလေးသွေးရုံနဲ့ လှုပ်ခတ်လာသလို၊ ကျက်ချင်ယောင်ဆောင်ထားတဲ့ ဒဏ်ရာကလည်း ...။ အချိန်ဆိုတဲ့ သမားတော် လက်လျော့ထားတဲ့ လူနာထဲမှာ ငါလည်းပါတယ်။ ဘာပဲပြောပြော ငါဟာ လူသားတစ်ယောက်မို့ နာကျင်တတ်တယ်၊ ၀မ်းနည်းတတ်တယ်၊ သတိရတတ်တယ်၊ လွမ်းဆွေးတတ်တယ်၊ မှားယွင်းတတ်တယ်။ အပြင်ကမ္ဘာ နင်မရှိတော့ပေမယ့် ဒီရင်မှာတော့ နင်ရှိတုန်းပဲ။ အပြင်ကမ္ဘာမှာ သေဆုံးသွားတဲ့နင်က ဒီရင်မှာတော့ ရှင်သန်ဆဲပဲ။ လေတိုက်တိုင်း ယိမ်းထိုးတတ်တဲ့ ၀ါးရုံတောလမ်းမမှာ ငါတစ်ယောက်ထဲ ဆက်လျှောက်မယ်။ အဲဒီလိုနဲ့ နေ၀င်ချိန်ကျော်သွားရင် ညနေကြယ်လေးရေ ကောင်းကင်ထက်မှာ နင့်ကိုငါ ခေတ္တခဏတော့ ဆုံခွင့်ရဦးမှာ မဟုတ်လား...။ ရှဥ့်ညိုလေး ၃၁.၇.၂၀၁၅ နံနက် ၄း၄၅ မိနစ်

ညီအစ်ကို

Image
ညီအစ်ကို ညီဆိုတဲ့ စကားလုံးဟာ ရှေ့မှာ အစ်ကိုရဲ့ ပစားပေးမှုကြောင့်...

အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီ

Image
အိမ်ပြန်ရမယ့်အချိန်လည်း နီးလာပြီ            ကမ္ဘာကြီးမှာ ငါ ဗဟိုပြုမှုစစ်စစ်ရှားပါးနေတယ်။ ငါ့အတွက်ဆိုပြီး မှန်ကန်တဲ့ရွေးချယ်မှု၊ ပေးဆပ်မှုတွေ မလုပ်နိုင်ကြသေးဘူး။ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့အိမ်၊ ငါ့လမ်း၊ ငါ့ရပ်ကွက်၊ ငါ့မြို့၊ ငါ့ရွာ၊ ငါ့နိုင်ငံ၊ ငါ့လူမျိုး စတာတွေအတွက်ပဲ လုပ်ဖြစ်နေကြတာ များတယ်။

မနေ့ကအတွက် ရေးတဲ့စာ

Image
မနေ့ကအတွက် ရေးတဲ့စာ           ဒီစာဟာ မနေ့ကအတွက် ရေးတဲ့စာဖြစ်တယ်။ မနေ့ကဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် မနေ့ကအလုပ်တွေကတော့ ရှိနေဆဲပဲလေ။