Posts

စိတ်တွေပြင်ရအောင်

Image
စိတ်တွေပြင်ရအောင်           ကျွန်တော်တို့ ကြီးပွားချင် အချောင်လိုချင်တဲ့စိတ်တွေ ပြင်ရအောင်။ အခုဆို လိုင်းပေါ်မှာ ဟိုပေ့ခ်ျရှယ်ပါ၊ ဒီပေ့ခ်ျရှယ်ပါနဲ့ ဂျင်းထည့်နေတဲ့ပေ့ခ်ျတွေ အများကြီး။ မနေ့ကဆို (Like 2000)လောက်ရှိတဲ့ ပေ့ခ်ျလေးက ရှယ်ခိုင်းတယ်။ ဖုန်းဘေ သိန်း(၁၀၀)ဖိုး မဲဖောက်ပေးမယ်တဲ့၊ အလှူရှင် ဦးအောင်ကိုဝင်းကတဲ့။

တို့နှစ်ယောက် အခုထက်ပို စောတွေ့ခဲ့ရင်

Image
တို့နှစ်ယောက် အခုထက်ပို စောတွေ့ခဲ့ရင်   “မိန်းမရေ … ငါဒီစာကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ငါမင်းကို ထာဝရခွဲသွားပြီဆိုတာကို ပြောပြချင်လို့ပဲ ..။ ငါ ဟာ မင်းအတွက် (၇)နှစ်လောက် ယောက်ျားကောင်းတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ် .. အဲဒီ့အတွက် ငါ့ မှာ ဘာမှ ကောင်းတဲ့ ရလာဒ် မရခဲ့ဘူး …။

လူလိမ္မာထင်ခံချင်တဲ့ လူရိုင်း

Image
  လူလိမ္မာထင်ခံချင်တဲ့ လူရိုင်း              ကျွန်တော် ဟိုတယ်တစ်ခုမှာ အလုပ်ဝင်တုန်းကပေါ့ မှတ်မှတ်ရရ နှစ်ခါလောက် နောက်ပြောင်ဖူးတယ်။ တစ်ယောက်က (G.R.O)။ နောက်တစ်ယောက်က (Bell Boy) ထဲက။ (G.R.O) က ရှမ်းမလေးဗျ။ ရှုပ်နေမှာစိုးလို့ နာမည်တော့ မပြောတော့ဘူး။ ဥပမာ ပြောရရင် အိဖြူဖြူကို ဆိုပါစို့။ သူ အလုပ်ဝင်စမှာ ဂျူတီဝင်ပြီဖြစ်ကြောင်း ကိုယ့်ကိုပြောတယ်။ အဲဒါနဲ့ အလေးပြုပြီးပြီလားဆိုပြီး မေးလိုက်တယ်။ သူကလည်း မပြုရသေးဘူးတဲ့။ (Reception) နောက်မှာ ချိတ်ထားတဲ့ဟာလေးပြပြီး ရောက်လာရင် အလေးပြုရတယ်ဆိုပြီး အလေးပြုခိုင်းလိုက်တယ်။

ဘဝ

Image
  ဘဝ   မုန့်နှစ်ပွဲ ပေါ့ဆိမ့်နှစ်ခွက် ကလေးနှစ်ယောက် အိမ်ထားခဲ့တယ်...။   ရှဥ့်ညိုလေး (၁၉.၁၀.၂၀၁၇ နံနက် ၁၁း၂၇)

မောင်ဖိုးချို သို့မဟုတ် (ယက္ခ)ရဲကြီး

Image
  မောင်ဖိုးချို သို့မဟုတ် (ယက္ခ)ရဲကြီး အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ဦးဆောင်ဆွေးနွေးဖို့ ရွေးချယ်လိုက်တဲ့ စာအုပ်ကတော့ မောင်ဖိုးချို စာစုများ ဖြစ်ပါတယ်။ ဘာကြောင့် ရွေးချယ်လိုက်ရသလဲ ဆိုတော့ သူက ထွက်ထားတာ မကြာသေးတဲ့ စာအုပ်တစ်အုပ် ဖြစ်နေတယ်။ နောက်ပြီး သူ့စာအုပ်ထဲမှာ ခေတ်ကိုထင်ဟပ်ထားတဲ့ အချက်အလက်တွေ ပါနေတယ်။ အပြစ်တင် ပုတ်ခတ်တာ မဟုတ်ဘဲ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ လွဲနေတာတွေ၊ အံချော်နေတာတွေကို ပါးပါးလေးပြထားပါတယ်။

သင်္ချာဆရာလေး ကိုဖြိုးမောင်

Image
  သင်္ချာဆရာလေး ကိုဖြိုးမောင်             ယခုအခါတွင် ဖြိုးမောင်တစ်ယောက် ဆရာတစ်ပိုင်းကျောင်းသားတစ်ပိုင်းဖြစ်နေသည်။ တက္ကသိုလ် တက်ရင်း အိမ်နားလေးမှ ဆယ်တန်းကျောင်းသူလေးတစ်ဦးကို ဂိုက် လုပ်ပေးနေရသောကြောင့်ဖြစ်သည်။ သူက အနစ်နာ မခံနိုင်သော်လည်း စေတနာနှင့် ဝါသနာကြောင့် အခမဲ့ကူညီပေးနေခြင်း ဖြစ်သည်။ စေတနာမှာ ဆယ်တန်းကို ဂုဏ်ထူးများများနှင့် အောင်စေချင်သည်။ ဝါသနာမှာ …အဲ ဝါသနာမှာ…။

ဆုတောင်း

Image
  ဆုတောင်း   တစ်နေ့တစ်နေ့ တိုး...တိုး လာတဲ့ လူတွေကြား သတင်းနားထောင်ရင်း ငါ ရင်ပူတယ်... တစ်နေ့တစ်နေ့ ဆိုး...ဆိုး လာတဲ့ အခြေအနေကြား သတင်းနားထောင်ရင်း ငါ ရင်ပူတယ်... တစ်နေ့တစ်နေ့ တစ်နေ့ ... တစ်နေ့ တစ်နေ့ပြီး ...တစ်နေ့ ဘာ့ကြောင့် ညာ့ကြောင့် ဒါ့ကြောင့်နဲ့ ရင်တွေပူနေရတဲ့ ငါ ဆုတောင်းလိုက်တယ် နင့်အတွက် နင် ရှိတဲ့အရပ်မှာ နင် ပျော်တဲ့အရပ်မှာ နောက်ဆုံး ... နင့်နား ကွက်ကွက်လေးမှာ အေးချမ်းပါစေ...ကလေးရေ...။   ရှဥ့်ညိုလေး (၂၁.၄.၂၀၂၀ နေ့လည် ၁း၄၆မိနစ်)