Posts

Showing posts from May, 2023

လောကသာရပျို့

Image
လောကသာရပျို့ ၃၉။ နရာဓိပတိ၊ သိဒ္ဓိထွတ်တင်၊ မြတ်ဆုံးထင်သည်၊ ပြည့်ရှင်ဘုန်းလှိုင်၊ ကျင့်နည်းခိုင်၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူလော့၊ ဖြူသောအဆင်း၊ မွေးရောင်ဝင်းသည်၊ လည်ပင်းခပ်ရှည်၊ ထိုငှက်သည်ကား၊ ဘွေနည်အစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာမြစ်လောင်း၊ ချောင်းမြောင်းယံနား၊ သွားလာမွေ့ငြက်၊ ငြိမ်သက်ဣန္ဒြေ၊ ကြည့်ထွေရှုစိန်း၊ မိန်းမိန်းနေလျက်၊ ရေမှာပွက်ကျင်၊ ငါးကိုမြင်သော်၊ ခုံမင်လျပ်လျပ်၊ ငါးကိုဆွပ်သို့၊ ပြည့်ကွပ်လူ့မှူး၊ စောရန်ငူးလည်း၊ ဆန်းထူးကျင့်မူ၊ ဗျိုင်းမတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ မမေ့စောင့်ရှောက်၊ သာလျောက်ဖြည်းဖြည်း၊ ကျင့်သိပ်သည်း၍၊ တိုင်တည်းသမှု၊ မြော်ရှုကြည့်လျက်၊ အန်တုအန်ပ၊ အစထော်လော်၊ ပေါ်သည့်အခိုက်၊ ကွပ်ညှပ်လိုက်၍၊ နောက်၌ ရန်မလာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၃၈။   ထိုသို့ဓမ္မတာ ၊ ဖြစ်မြဲရာတွင်၊ ကြမ္မာစွန်းညို့၊ ကျွန်ုပ်တို့မှာ၊ နောင်ဘို့ပူရေး၊ ရှိပါသေး၏၊ မြော်တွေးနောက်နောက်၊ သည်ကိုထောက်၍၊ သာလျောက်ဖြေဖျော်၊ တရားတော်ကို၊ တွေးဖော်ကြံယူ၊ ပြန်တောမူသော်၊ ခုမူခရီး၊ လူ့ရပ်နီးပြီ၊ ပုံဖြီးများစည်၊ လူဟူသည်ကား၊ ကြံစည်လွန်ကဲ၊ စဉ်းလဲစဉ်းစား၊ မာယာပရိယာယ်၊ ကွေ့ဆန်းကြယ်၏၊ များကြွယ်အတု၊ ယခုအလျင်၊ ခြေငင်ကာသာ၊ နောက်တော်ပါသည်၊ သုံးဖြာယုတ်၊လတ်၊ အမြတ်မှည့်ခေါ်၊ ကျွန်တော်မျိုးများ၊ စိတ်ထားသမ်းငြို၊ ရှိမည်ကိုလည်း၊ တွေးဆိုဝမ်းက၊ တကြောင်းဆ၍၊ ခင်မ-မင်းရှင်၊ ထောက်စေချင်၏၊ ဖြေတင်ဖြည်းဖျ၊ ဗျာဒိတ်ဟ၍၊ ငိုကြရာမှာ၊ ဟေမာတောင်လုံး၊ ပတ်ကုံးတသွန်း၊ တိရစ္ဆာန်ငှက်၊ ပြေးထွက်ဝေးလံ၊ ဖြန်းဖြန်းပျံမျှ၊ အသံအုတ်အုတ်၊ သောင်းသောင်းရုတ်လျက်၊ စုံမက်လွန်းကြင်၊ နတ်ရှင်နှစ်ပါး၊ သည်းကြားခြောက်မည်၊ ဖြီးစည်အားလုံဂ၊ ခြွေရံရုံး၍၊ မြင့်ဆုံးဟေမာ၊ ဂီရိသာသို့၊ သည်းချာဆူဝေ၊ ပြန်ကြလေ၏၊ ရွှေမြေဘုံကျော်၊ ရောက်လေသော်လည်း၊ ရွှင်ပျော်မမေ့၊ တနေ့တည၊ တခဏမျှ၊ ရူတမကင်း၊ လွင်းတင်းထပ်ပုံ၊ အာရုံမြော်မြော်၊ စိုက်ခေါ်စုံမက်၊ တသက်သက်သည်။ ။   ဟမြွက်တဆို နွေးနွေးတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ...

လောကသာရပျို့

Image
လောကသာရပျို့ ၃၈။ အခေါင်ကြငှန်း၊ လူထိပ်ထွန်းသား၊ ဦးစွန်းထိပ်ချာ၊ မင်းတကာတို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းတပြေ၊ တူလှစေလော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးထောင်ကို၊ စိုးဆောင်နှိမ်နင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရသတ္တိ၊ ရဲခြင်းရှိ၍၊ မိမိအစာ၊ ရှာလိုခါ၌၊ ရတနာကျောက်ဂူ၊ ထွက်လတ်ပြူက၊ ရန်သူရှုကြည့်၊ ငဲ့လှည့်မျက်စောင်း၊ ခြိမ်းမောင်းသုံးခွန်း၊ မွန်းမွန်းဟောက်သံ၊ မြူးထူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွေးသံသောက်ထုပ်၊ အားအန်ထုတ်လျက်၊ ကိုင်ဆုပ်နှိပ်နယ်၊ ကြီးငယ်မဟူ၊ ထမ်းသောဟူသို့၊ လူတို့ထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၏၊ ရေးရာမြော်ရှု၊ ခပ်သိမ်းမှု၌၊ ဗဟုကိစ္စ၊ ဟူသမျှကို၊ လုံ့လပြင်းထူ၊ အားထုတ်မူဖြင့်၊ ရန်သူဘဲ၍၊ ပြည်ထဲပွင့်လင်း သာစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၃၇။   သို့မှလျင်စွာ ၊ မြပြားလွှာကို၊ အသာယူပြီး၊ ယှဉ်မှီးမခြား၊ မင်းနှစ်ပါးအား၊ ညွတ်တွားရိုသေ၊ ဆက်ကြလေ၍၊ မကွေ့စုံဖူး၊ နှစ်ဦးနတ်ရှင်၊ စာကိုမြင်သော်၊ ညာတင်နန်းမ၊ အတုလကား၊ ဝဇီရဝလယ၊ နာမမညည်ထူး၊ လက်ကောက်ကျူးနှင့်၊ ရောင်မြူးမြလွှာ၊ ရတနာကို၊ ထိပ်မှာသာပင်၊ အမြဲတင်လျက်၊ မ-ရှင်လည်ရွဲ၊ လည်မှာဆွဲသည်၊ ရွှေခဲရွှေခဲ၊ ပုလဲနုနု၊ မိသက်စုသည်၊ ရွှေဥရွှေဥ၊ မယ်ပုလုဟု၊ ခုခုတမ်းဆို၊ ဖပ်ဖပ်စိုမျှ၊ စီးယိုရှိမ်းနူး၊ ဖပ်ဖပ်မူးသော်၊ ဘုန်းမြူးရောင်ထင်၊ ရွှေတောင့်ရှင်လျှင်၊ ဖြေတင်ချိုသာ၊ မိန့်သည်မှာကား၊ ကညာနုမျစ်၊ ငယ်ကချစ်၍၊ ခုနှစ်ပါးစင်၊ သည်းကြားမြင်လည်း၊ ဘယ်တွင်စွန်းငြိ၊ ပြစ်မရှိတည့်၊ သီရိရောင်ဝင်း၊ ခင်မမင်း ...၊ ချစ်ခြင်းမငြီး၊ သမီးသားက၊ မိဘလင်သား၊ ချစ်မောင်ဘွားနှင့်၊ တိမ်းပါးချွတ်ယွင်း၊ ကွေကွဲခြင်းကား၊ ရောင်ဆင်းနုဝင်း၊ ခင်မမင်းနှင့်၊ လွန်ပြင်းချစ်ဖို့၊ ကျွန်ုပ်တို့သာ၊ မဟုတ်ပါတည့်၊ စက္ကဝါလောက၊ အနန္တတွင်၊ များလှစွာစွာ၊ သတ္တဝါပင်၊ ကင်းကွာကွေကွဲ၊ ကြရမြဲသည်။ ။   မလွဲဓမ္မ တာရေးတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

လောကသာရပျို့

Image
လောကသာရပျို့ ၃၇။ အမျိုးလေးပါး၊ ပုဏ္ဏားပုဏ္ဏေး၊ သေဋ္ဌေးသူကြွယ်၊ ကုန်သွယ်စည်ပင်၊ သူထင်သူရှား၊ ပြည်နေများလျက်၊ စပါးရေဆန်၊ အလွန်ဖြင်ပြဲ၊ ပြောင်းပဲလူးဆပ်၊ အထပ်ထပ်လျှင်၊ အလပ်မြေနည်း၊ လုပ်ကြံပြီးမှ၊ ပစ္စည်းဖြင့်ပည်း၊ ပြည်ကြီးလက္ခဏာ၊ ရေစာလောက်ငံ့၊ စေ့နှံသိုထား၊ ဆေးသမားနှင့်၊ ဟူးရာမကွာ၊ တတ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံတက်၊ တုံ့ဘက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းလည်း၊ တိမ်းစောင်းယိမ်းမတ်၊ စောင်မကွပ်လျက်၊ ထူထပ်တိုင်းကား၊ များလေအောင်လျှင်၊ ပြည်ထောင်နေမျိုး၊ လုပ်ဆောင်ကြိုးလော့၊ မျဉ်းရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဘဲကို၊ ဆကဲမြတ်လေး၊ ကျေးလက်ပေး၍၊ သိမ်းမွေးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ လွန်မင်းချစ်သနားစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၃၆။   အရာအခွင့်၊ ကြီးမြင့်ဆောင်ယောင် ၊ ကုန်အောင်ကြီးငယ်၊ လူဝယ်များစွာ၊ လိုအပ်ရာကို၊ ထိပ်ချာဘုရား၊ သနားသည်မျှ၊ ထိပ်စတင်ကာ၊ ချမ်းသာသဖြင့်၊ စိတ်တောနှင့်ကို၊ အသင့်လျော်စွာ၊ ညီအောင်သာလျှင်၊ လိုရာဖြစ်စေ၊ ထားတိုင်းနေရှင့်၊ တထွေတလာ၊ သည်တခါတွင်၊ ဆိတ်စာလွှဲချော်၊ သနားတော်ကို၊ ထိပ်ပေါ်တံ့တံ့၊ ခံပါဝံ့ဟု၊ ချစ်နံ့လှိုင်ဧ၊ ပန်းနှယ်မွှေးသည်၊ ရင်သွေးသူဇာ၊ မျက်ရှုရာကို၊ တွေ့ပါလိမ့်မည်၊ ထင်ပါသည်ကြောင့်၊ သာသည်လိုက်ကြွ၊ ပါစေရဦး၊ ကျေးဇူးသခင်၊ ထိပ်တင်ဘုရား၊ ထိပ်ခေါင်ထားဟု၊ သနားစရာ၊ ငိုတိုင်းသာလျှင်၊ ခြေမှဦးချ၊ လျှောက်လကမူ၊ ဒေဝထိပ်နှင်း၊ ရွှေတောင်မင်းကား၊ ဆန်ငြင်းမသာ၊ ချစ်အာဏာသို့ ပါရသဖြင့်၊ နွဲဖင့်မနေ၊ လိုက်ပြန်လေ၍၊ ဝေးမြေမကွာ၊ နှစ်ဂါဝုတ်လောက်၊ တိုင်လေရောက်သော်၊ ခြောက်ယောက်နှောင်းမြင်၊ မ-ရှင်သူဇာ၊ ထားခဲ့ရှာသည်၊ အက္ခရာရေးသား၊ မြရောင်ပြားကို၊ ပျံ့ရှားဧရွှင်၊ ကံ့ကော်ပင်ဝယ်၊ လျှပ်သွင်တောက်ပ၊ မြင်ကုန်ကြ၍၊ ခဏလျင်လျား၊ နတ်အများတို့၊ ကားကားသည်မှာ၊ ထိပ်ချာသီရိ၊ တို့မိယဉ်နွဲ့၊ ထားခဲ့တော်မူ၊ ရောင်လူဝင်းဝါ၊ မြပြားလွှာကို၊ လွယ်ကာလှမ်းမီ၊ တွေ့ပြန်ပြီဟု၊ စီစီသောင်းသောင်း၊ နတ်အပေါင်းတည်။ ။   ထပ်လောင်းငိုယ...

လောကသာရပျို့

Image
လောကသာရပျို့ ၃၆။ သာမျာမစ္စ၊ စသည်အင်္ဂါ၊ ခုနစ်ဖြာကို၊ ပြည်ရွာပြကတေ့၊ စုံစေ့လျင်အောင်၊ ပြည်ထဲဆောင်သည်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဘွယ်၊ နက်ဝှမ်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရေနေကောင်းလျက်၊ ရဲလောင်းရင်တား၊ တံခါးတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တသိန်းဖြိုလည်း၊ မပြိုနိုင်မှု၊ ကြီးကျယ်ထုနှင့်၊ မျက်ရှုလှတင့်၊ တန်အောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ များမြောင်လက်နက်၊ မြို့ထက်ပတ်လျောက်၊ စစ်တဲဆောက်၍၊ ရင်လျောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွှဲ၊ စူးရဲကစ၊ အနေကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာလက်နက်၊ ကြံစည်နက်၍၊ ကြံ့ခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍၊ တန်ခိုး ကျော်ထင်ရှားစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၃၅။   ဒေဝိန္ဒရာဇာ ၊ ရွှေတောင်ချာက၊ အခါဒေသ၊ ခန့်တွက်ဆ၍၊ အတုလဒေဝီ၊ မဟေသီအား၊ ဖျော်ဖြားသံချို၊ ဖြည့်တင်းဆို၏၊ ယွင်းယိုမဲ့ထွေ၊ ကြပ်လေလေလျှင်၊ မပြေနိုင်အောင်၊ ချစ်ထုံးနှောင်သည်၊ ရွှေတောင်ညာနှင်း၊ ခင်မင်း ...၊ မြှော်တင်း ထိုထို၊ ကိုယ်တော်ကိုလည်း၊တွေးဆိုညှာတာ၊ မ,စ ပါလော့၊ ချမ်းသာအလွန်၊ စင်စစ်မှန်သည်၊ နိဗ္ဗာန်ရပ်ခိုင်း၊ မဘိုင်သမျှ၊ အနန္တတည့်၊ မရသင်္ချာ၊ သတ္တဝါကား၊ ချမ်းသာဟူက၊ စိုးစဉ်းမျှသာ၊ ဒုက္ခမြဲမှတ်၊ ဖြစ်ပျက်တတ်၏၊ လေးမြတ်ကဲဆင့်၊ ချစ်သူနှင့်လည်း၊ တဖျင့်တကွဲ၊ ကွေကွာမြဲတည့်၊ ချွတ်လွဲဒုက္ခ၊ ကွေကွဲမှလည်း၊ တကွညီညွတ်၊ ပေါင်းရတတ်၏၊ အမှတ်နေကျ၊ သို့တွေးဆ၍၊ ခင်မ မင်းရှင်၊ ဖြတင်းဖြည့်ဖျော်၊ စံနန်းတော်သို့၊ ပြန်တော်မူလျှင်၊ သင့်မည်ထင်ဟု၊ ဆွင်ကြင်ဝမ်းက၊ မိန့်တော်ဟသော်၊ တောင်ညာ့သခင်၊ လျှောက်ဦးတင်၏၊ ရှင်ပင်ဘုရား၊ တို့ထိပ်ထား...၊ ရွှေသားလျှံဝင်း၊ ခြေတော်ရင်းတွင်၊ ဝပ်စင်းညွတ်ခ၊ မြဲနေရ၏၊ ကြင်ဆမြတ်လေး၊ ရင်သွေးတူပေါက်၊ ခုနှစ်ယောက်သာ၊ မြင်ပါတော့သည်၊ နှစ်ရည်များဖြင်၊ ဘယ်သည်ဘက်တွင်၊ လိုချင်သမှု၊ တခုမည်မျှ၊ ဘုရားကျွန်မ၊ ပွက်ဟထွေထူး၊ မလျှောက်ဘူးသည်။ ။   ကြောက်မူး ရိုသေ မြတ်လေးတည်း ။ စာဆိုရှင်အမည်...

လောကသာရပျို့

Image
လောကသာရပျို့ ၃၅။ ဆင်မြင်းရထား၊ ခြေသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မွမ်းဖြင်ဖြီးထွေ၊ များလှစေတော့၊ အနေမကျ၊ ရန်စစ်ထမူ၊ ဖြဖြလိုက်လံ၊ စစ်ဦးနွံမှ၊ ရွံလေရွံ့ရွံ့၊ နောက်မဝံ့တည့်၊ ဖို့ရွံ့ငြင်တည်း၊ ကြောက်ရွံ့သည်း၍၊ သရည်းလေးဘွယ်၊ ရန်စစ်ပြယ်လိမ့် ၊မပြယ်လေသီး၊ စစ်မက်ကြီးလည်း၊ ပွန်းတီးမှုဆောင်၊ သူရဲကောင်ကို၊ ဆင်ပြောင်မုန်ဖပ်၊ မင်းစီးအပ်၍၊ နောက်ထပ်အများ၊ ဆင်မြင်းပြားလျက်၊ ရှေ့ဖျားထင်ထင်၊ မှတ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာသွင်၊ ဆင်လည်းချွန်းထည့်၊ မြင်းလည်းဆက်ချုပ်၊ ခြေသည်အုပ်လျက်၊ စစ်ရုပ်အ၀န်း၊ ကော့ယွန်းထွက်ဟန်၊ လှည်းသဏ္ဌာန်သို့၊ တတ်ပွန်နားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥပဒေဖြင့်၊ စစ်မြေအရပ်၊ စစ်မှူးကွပ်လျှက်၊ ရွပ်ရွပ်ထိုးခုတ်၊ ကြက်ရဲဆုတ်သို့၊ အားထုတ် လွန်ကြိုးစားစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်