သူဇာပျို့
၃၅။ ဒေဝိန္ဒရာဇာ၊ ရွှေတောင်ချာက၊ အခါဒေသ၊ ခန့်တွက်ဆ၍၊
အတုလဒေဝီ၊ မဟေသီအား၊ ဖျော်ဖြားသံချို၊ ဖြည့်တင်းဆို၏၊ ယွင်းယိုမဲ့ထွေ၊
ကြပ်လေလေလျှင်၊ မပြေနိုင်အောင်၊ ချစ်ထုံးနှောင်သည်၊ ရွှေတောင်ညာနှင်း၊ ခင်မင်း
...၊ မြှော်တင်း ထိုထို၊ ကိုယ်တော်ကိုလည်း၊တွေးဆိုညှာတာ၊ မ,စ ပါလော့၊
ချမ်းသာအလွန်၊ စင်စစ်မှန်သည်၊ နိဗ္ဗာန်ရပ်ခိုင်း၊ မဘိုင်သမျှ၊ အနန္တတည့်၊
မရသင်္ချာ၊ သတ္တဝါကား၊ ချမ်းသာဟူက၊ စိုးစဉ်းမျှသာ၊ ဒုက္ခမြဲမှတ်၊ ဖြစ်ပျက်တတ်၏၊
လေးမြတ်ကဲဆင့်၊ ချစ်သူနှင့်လည်း၊ တဖျင့်တကွဲ၊ ကွေကွာမြဲတည့်၊ ချွတ်လွဲဒုက္ခ၊
ကွေကွဲမှလည်း၊ တကွညီညွတ်၊ ပေါင်းရတတ်၏၊ အမှတ်နေကျ၊ သို့တွေးဆ၍၊ ခင်မ မင်းရှင်၊
ဖြတင်းဖြည့်ဖျော်၊ စံနန်းတော်သို့၊ ပြန်တော်မူလျှင်၊ သင့်မည်ထင်ဟု၊ ဆွင်ကြင်ဝမ်းက၊
မိန့်တော်ဟသော်၊ တောင်ညာ့သခင်၊ လျှောက်ဦးတင်၏၊ ရှင်ပင်ဘုရား၊ တို့ထိပ်ထား...၊
ရွှေသားလျှံဝင်း၊ ခြေတော်ရင်းတွင်၊ ဝပ်စင်းညွတ်ခ၊ မြဲနေရ၏၊ ကြင်ဆမြတ်လေး၊ ရင်သွေးတူပေါက်၊
ခုနှစ်ယောက်သာ၊ မြင်ပါတော့သည်၊ နှစ်ရည်များဖြင်၊ ဘယ်သည်ဘက်တွင်၊ လိုချင်သမှု၊
တခုမည်မျှ၊ ဘုရားကျွန်မ၊ ပွက်ဟထွေထူး၊ မလျှောက်ဘူးသည်။ ။ ကြောက်မူး ရိုသေ မြတ်လေးတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment