လောကသာရပျို့

လောကသာရပျို့

၃၅။ ဆင်မြင်းရထား၊ ခြေသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မွမ်းဖြင်ဖြီးထွေ၊ များလှစေတော့၊ အနေမကျ၊ ရန်စစ်ထမူ၊ ဖြဖြလိုက်လံ၊ စစ်ဦးနွံမှ၊ ရွံလေရွံ့ရွံ့၊ နောက်မဝံ့တည့်၊ ဖို့ရွံ့ငြင်တည်း၊ ကြောက်ရွံ့သည်း၍၊ သရည်းလေးဘွယ်၊ ရန်စစ်ပြယ်လိမ့် ၊မပြယ်လေသီး၊ စစ်မက်ကြီးလည်း၊ ပွန်းတီးမှုဆောင်၊ သူရဲကောင်ကို၊ ဆင်ပြောင်မုန်ဖပ်၊ မင်းစီးအပ်၍၊ နောက်ထပ်အများ၊ ဆင်မြင်းပြားလျက်၊ ရှေ့ဖျားထင်ထင်၊ မှတ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာသွင်၊ ဆင်လည်းချွန်းထည့်၊ မြင်းလည်းဆက်ချုပ်၊ ခြေသည်အုပ်လျက်၊ စစ်ရုပ်အ၀န်း၊ ကော့ယွန်းထွက်ဟန်၊ လှည်းသဏ္ဌာန်သို့၊ တတ်ပွန်နားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥပဒေဖြင့်၊ စစ်မြေအရပ်၊ စစ်မှူးကွပ်လျှက်၊ ရွပ်ရွပ်ထိုးခုတ်၊ ကြက်ရဲဆုတ်သို့၊ အားထုတ် လွန်ကြိုးစားစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ် 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း