သူဇာပျို့
၃၈။ ထိုသို့ဓမ္မတာ၊ ဖြစ်မြဲရာတွင်၊ ကြမ္မာစွန်းညို့၊
ကျွန်ုပ်တို့မှာ၊ နောင်ဘို့ပူရေး၊ ရှိပါသေး၏၊ မြော်တွေးနောက်နောက်၊ သည်ကိုထောက်၍၊
သာလျောက်ဖြေဖျော်၊ တရားတော်ကို၊ တွေးဖော်ကြံယူ၊ ပြန်တောမူသော်၊ ခုမူခရီး၊
လူ့ရပ်နီးပြီ၊ ပုံဖြီးများစည်၊ လူဟူသည်ကား၊ ကြံစည်လွန်ကဲ၊ စဉ်းလဲစဉ်းစား၊ မာယာပရိယာယ်၊
ကွေ့ဆန်းကြယ်၏၊ များကြွယ်အတု၊ ယခုအလျင်၊ ခြေငင်ကာသာ၊ နောက်တော်ပါသည်၊
သုံးဖြာယုတ်၊လတ်၊ အမြတ်မှည့်ခေါ်၊ ကျွန်တော်မျိုးများ၊ စိတ်ထားသမ်းငြို၊
ရှိမည်ကိုလည်း၊ တွေးဆိုဝမ်းက၊ တကြောင်းဆ၍၊ ခင်မ-မင်းရှင်၊ ထောက်စေချင်၏၊
ဖြေတင်ဖြည်းဖျ၊ ဗျာဒိတ်ဟ၍၊ ငိုကြရာမှာ၊ ဟေမာတောင်လုံး၊ ပတ်ကုံးတသွန်း၊
တိရစ္ဆာန်ငှက်၊ ပြေးထွက်ဝေးလံ၊ ဖြန်းဖြန်းပျံမျှ၊ အသံအုတ်အုတ်၊
သောင်းသောင်းရုတ်လျက်၊ စုံမက်လွန်းကြင်၊ နတ်ရှင်နှစ်ပါး၊ သည်းကြားခြောက်မည်၊
ဖြီးစည်အားလုံဂ၊ ခြွေရံရုံး၍၊ မြင့်ဆုံးဟေမာ၊ ဂီရိသာသို့၊ သည်းချာဆူဝေ၊ ပြန်ကြလေ၏၊
ရွှေမြေဘုံကျော်၊ ရောက်လေသော်လည်း၊ ရွှင်ပျော်မမေ့၊ တနေ့တည၊ တခဏမျှ၊ ရူတမကင်း၊
လွင်းတင်းထပ်ပုံ၊ အာရုံမြော်မြော်၊ စိုက်ခေါ်စုံမက်၊ တသက်သက်သည်။ ။ ဟမြွက်တဆို နွေးနွေးတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment