လောကသာရပျို့
၃၇။ အမျိုးလေးပါး၊ ပုဏ္ဏားပုဏ္ဏေး၊ သေဋ္ဌေးသူကြွယ်၊
ကုန်သွယ်စည်ပင်၊ သူထင်သူရှား၊ ပြည်နေများလျက်၊ စပါးရေဆန်၊ အလွန်ဖြင်ပြဲ၊ ပြောင်းပဲလူးဆပ်၊
အထပ်ထပ်လျှင်၊ အလပ်မြေနည်း၊ လုပ်ကြံပြီးမှ၊ ပစ္စည်းဖြင့်ပည်း၊ ပြည်ကြီးလက္ခဏာ၊ ရေစာလောက်ငံ့၊
စေ့နှံသိုထား၊ ဆေးသမားနှင့်၊ ဟူးရာမကွာ၊ တတ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံတက်၊
တုံ့ဘက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းလည်း၊ တိမ်းစောင်းယိမ်းမတ်၊
စောင်မကွပ်လျက်၊ ထူထပ်တိုင်းကား၊ များလေအောင်လျှင်၊ ပြည်ထောင်နေမျိုး၊ လုပ်ဆောင်ကြိုးလော့၊
မျဉ်းရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဘဲကို၊ ဆကဲမြတ်လေး၊ ကျေးလက်ပေး၍၊
သိမ်းမွေးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ လွန်မင်းချစ်သနားစေမင်း။
စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်
ကဗျာအမျိုးအစား - ပျို့
ခေတ် - အင်းဝခေတ်
Comments
Post a Comment