လောကသာရပျို့

လောကသာရပျို့

၃၆။ သာမျာမစ္စ၊ စသည်အင်္ဂါ၊ ခုနစ်ဖြာကို၊ ပြည်ရွာပြကတေ့၊ စုံစေ့လျင်အောင်၊ ပြည်ထဲဆောင်သည်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဘွယ်၊ နက်ဝှမ်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရေနေကောင်းလျက်၊ ရဲလောင်းရင်တား၊ တံခါးတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တသိန်းဖြိုလည်း၊ မပြိုနိုင်မှု၊ ကြီးကျယ်ထုနှင့်၊ မျက်ရှုလှတင့်၊ တန်အောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ များမြောင်လက်နက်၊ မြို့ထက်ပတ်လျောက်၊ စစ်တဲဆောက်၍၊ ရင်လျောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွှဲ၊ စူးရဲကစ၊ အနေကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာလက်နက်၊ ကြံစည်နက်၍၊ ကြံ့ခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍၊ တန်ခိုး ကျော်ထင်ရှားစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း