လောကသာရပျို့

လောကသာရပျို့

၃၉။ နရာဓိပတိ၊ သိဒ္ဓိထွတ်တင်၊ မြတ်ဆုံးထင်သည်၊ ပြည့်ရှင်ဘုန်းလှိုင်၊ ကျင့်နည်းခိုင်၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူလော့၊ ဖြူသောအဆင်း၊ မွေးရောင်ဝင်းသည်၊ လည်ပင်းခပ်ရှည်၊ ထိုငှက်သည်ကား၊ ဘွေနည်အစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာမြစ်လောင်း၊ ချောင်းမြောင်းယံနား၊ သွားလာမွေ့ငြက်၊ ငြိမ်သက်ဣန္ဒြေ၊ ကြည့်ထွေရှုစိန်း၊ မိန်းမိန်းနေလျက်၊ ရေမှာပွက်ကျင်၊ ငါးကိုမြင်သော်၊ ခုံမင်လျပ်လျပ်၊ ငါးကိုဆွပ်သို့၊ ပြည့်ကွပ်လူ့မှူး၊ စောရန်ငူးလည်း၊ ဆန်းထူးကျင့်မူ၊ ဗျိုင်းမတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ မမေ့စောင့်ရှောက်၊ သာလျောက်ဖြည်းဖြည်း၊ ကျင့်သိပ်သည်း၍၊ တိုင်တည်းသမှု၊ မြော်ရှုကြည့်လျက်၊ အန်တုအန်ပ၊ အစထော်လော်၊ ပေါ်သည့်အခိုက်၊ ကွပ်ညှပ်လိုက်၍၊ နောက်၌ ရန်မလာစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ် 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း