လောကသာရပျို့

လောကသာရပျို့

၃၈။ အခေါင်ကြငှန်း၊ လူထိပ်ထွန်းသား၊ ဦးစွန်းထိပ်ချာ၊ မင်းတကာတို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းတပြေ၊ တူလှစေလော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးထောင်ကို၊ စိုးဆောင်နှိမ်နင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရသတ္တိ၊ ရဲခြင်းရှိ၍၊ မိမိအစာ၊ ရှာလိုခါ၌၊ ရတနာကျောက်ဂူ၊ ထွက်လတ်ပြူက၊ ရန်သူရှုကြည့်၊ ငဲ့လှည့်မျက်စောင်း၊ ခြိမ်းမောင်းသုံးခွန်း၊ မွန်းမွန်းဟောက်သံ၊ မြူးထူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွေးသံသောက်ထုပ်၊ အားအန်ထုတ်လျက်၊ ကိုင်ဆုပ်နှိပ်နယ်၊ ကြီးငယ်မဟူ၊ ထမ်းသောဟူသို့၊ လူတို့ထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၏၊ ရေးရာမြော်ရှု၊ ခပ်သိမ်းမှု၌၊ ဗဟုကိစ္စ၊ ဟူသမျှကို၊ လုံ့လပြင်းထူ၊ အားထုတ်မူဖြင့်၊ ရန်သူဘဲ၍၊ ပြည်ထဲပွင့်လင်း သာစေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း