သူ အပြင်သွားတဲ့အခါ



သူ အပြင်သွားတဲ့အခါ          

သူ အပြင်သွားတဲ့အခါ
မနက်ခင်းဆို
ဆွမ်းခံကိုယ်တော် ကြွလာတယ်
ကိုယ့်မှာ အိုးနင်း ကြိုးနင်း။
သူ အပြင်သွားတဲ့အခါ
နေ့ခင်းဆို
ရပ်ကွက်ထဲက ကိုယ်မသိတဲ့
နာမည်ရှင်တွေ အလည်လာတယ်
ကိုယ့်မှာ အိုးနင်း ကြိုးနင်း။
သူ အပြင်သွားတဲ့အခါ
ကိုယ့်သားငယ်က
အိမ်သာထဲမယ် အီးပါလာတယ်
ကိုယ့်မှာ အိုးနင်း ကြိုးနင်း။
သူ အပြင်သွားတဲ့အခါ
ဖုန်းမေ့ထားတော့
အဝင်ခေါ်ဆိုမှုဖြေရတာ
ကိုယ့်မှာ အိုးနင်း ကြိုးနင်း။
သူ အပြင်သွားတဲ့အခါ
ဈေးသည်လာတယ်...
သူ အပြင်သွားတဲ့အခါ
ရေသည် လာတယ်...
သူအပြင်သွားတဲ့အခါ
မီတာခွန်လာတယ်...
သူ အပြင်သွားတဲ့အခါ
အလှူခံလာတယ်...
သူ အပြင်သွားတဲ့အခါ
............လာတယ်
............လာတယ်
............လာတယ်။
နောက် တစ်ခါ
အပြင်သွားရင်
ငါ့ကို ခေါ်ပါ...။

ရှဥ့်ညိုလေး
(၁၅.၁၁.၂၀၁၇ နံနက် ၁၀း၁၄ မိနစ်)
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward