မအောင့်နိုင်လို့

 

မအောင့်နိုင်လို့

            ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ သူငယ်ချင်းသုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။ လူရိုင်းဘုရင်က 
“အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တစ်နာရီ အတွင်းမှာ သစ်သီး (၁၀) လုံးစီ ယူလာဖို့ပဲ။ ဆယ်လုံးစလုံး အမျိုးတူလို့လဲ ရတယ်။ တစ်လုံးထဲယူခဲ့မယ်ဆိုရင်တော့ အဲဒီသစ်သီးဟာ အကြီးဆုံး ဖြစ်ဖို့လိုတယ်။ ကဲ ခုပဲမင်းတို့တွေ သစ်သီး အမြန်ဆုံး သွားရှာကြပေတော့”

သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။

ပထမဆုံး တစ်ယောက်က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။ ထိုအခါ လူရိုင်းဘုရင်က

 “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်”

ငြင်းဆန်၍လည်း မဖြစ်နိုင်သဖြင့် အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယတစ်ယောက် ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် (၉ ) လုံးမြောက် ညောင်စေ့ သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။

ထို နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။ ပထမအသတ်ခံရသူ သူငယ်ချင်းက မေးသည်။

“ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါတောင် မင်းက ညံ့ပါ့ကွာ ”

“မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို အသတ်မခံရခင် တက်တောင်သေသွားနိုင်တယ်”

“ဘယ်လိုဖြစ်လို့လဲကွ”

“ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး (၉) လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်ယူလာတာက ဒူးရင်းသီးကြီး ထမ်းပြန်လာတယ်လေကွာ---” 

တိန်...။

Credit:မူလရေးသားသူ

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း