Posts

Showing posts from February, 2021

ဝမ်းနည်းနေတဲ့ ညနေ

Image
  ဝမ်းနည်းနေတဲ့ ညနေ နှစ်တိုင်း ဆွမ်းကုသိုလ် လုပ်ဖြစ်တဲ့၊ လပြည့်တိုင်း ဆွမ်းချိုင့်လှူနေကျဖြစ်တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ဘုရား ဒီနေ့ ပျံလွန်တော်မူတယ်။ ဆေးရုံတက်ရတဲ့သတင်း ကြားရကတည်းက စိတ်ထဲ မကောင်းဘူး။ နောက်ပြီး ဆရာ ကျော်ကျည်ခိုင်(ဒီပဲယင်း)ဆုံးကြောင်း ဒီနေ့ညနေမှ သိရတယ်။ ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်းမိတ်ဆက်ပွဲတိုင်း တက်ပေးတတ်တဲ့ဆရာ အမှတ်(၁၆)မှာ မတက်ပေးနိုင်တော့ဘူးပေါ့။ ဆရာ၊ ဆရာမများအားလုံး၊ လေးစားချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြပါစေ။ ကျွန်တော့်ပေ့ခ်ျမှာ တင်သမျှ ဖတ်ပေးနေကြတဲ့ စာဖတ်သူအားလုံး ကျန်းမာချမ်းသာပြီး ဘေးကင်းပျော်ရွှင်ကြပါစေ...။   ရှဥ့်ညိုလေး (26.1.2021 6:22pm)

"အခြေခံ ၀တ္ထုတိုဖန်တီးနည်း"

Image
  "အခြေခံ ၀တ္ထုတိုဖန်တီးနည်း" ၀တ္ထုတိုတစ်ပုဒ် ဘယ်လိုဖန်တီးရမလဲဆိုတာ မပြောကြားသေးခင် ၀တ္ထုတိုဆိုတာ ဘာလဲဆိုတဲ့ အကြောင်းကို အရင်ဦးဆုံး ရှင်းပြချင်ပါတယ်။ဝတ္ထုတိုဆိုတာ လူ့ လောကအဖြစ်အပျက်တွေထဲက အကြောင်းအရာလေးတစ်စကို စာဖတ်သူရင်ထဲ စွဲငြိသွားရလေအောင် ရေးသားဖန်တီးရတဲ့ အနုပညာပစ္စည်းတစ်ရပ်ပါ။အချိန်တိုတိုလေးအတွင်းမှာ တစ်ထိုင်တည်းဖတ်လို့  ရတဲ့အတွက်လည်း ၀တ္ထုတိုလို့  ခေါ်ဆိုနိုင်ပါတယ်။ဝတ္ထုတိုတစ်ပုဒ် ဖန်တီးရာမှာ အခြေခံကျတဲ့ လိုအပ်ချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ ၁။ "စု၊တု၊ပြုပါ" ပထမဦးဆုံးအနေနဲ့  ၀တ္ထုတိုတစ်ပုဒ် ဖန်တီးရာမှာ စာရေးဆရာကြီး မင်းသုဝဏ် ပြောကြားခဲ့ဖူးတဲ့ "စု၊တု၊ပြု" ကို အရင်ဦးဆုံး လိုက်နာဖို့ လိုအပ်ပါတယ်။"စု"ဆိုတာ စာများများ ဖတ်ပါလို့ ဆိုလိုတာပါ။ ၀တ္ထုတိုဖန်တီးချင်တဲ့ လူတွေဟာ ၀တ္ထုတိုများများဖတ်ဖို့  လိုအပ်ပါတယ်။ဒီလို များများဖတ်ခြင်းအားဖြင့် ၀တ္ထုတိုတစ်ပုဒ် ရေးတဲ့နေရာမှာ ဘယ်လို သယ်သွားတာ၊ဘယ်လို ပဋိပက္ခဖြစ်သွားတာ၊ ဘယ်လို ဖြည်သွားတာ၊ဘယ်လို ဇာတ်သိမ်းသွားတာ စတာတွေကို သိလာရမှာပါ။ တစ်နည်းအားဖြင့် ၀တ္ထုတိုတစ်ပုဒ်ချင်းစီရဲ့ စီးဆင်းမှုအလျဉ်ကို မြင်ရသိရမ...

ကျွန်တော့်လက်ကလေး တိုသွားပြီ

Image
  ကျွန်တော့်လက်ကလေး တိုသွားပြီ   ကျွန်တော် အလုပ်ကိစ္စတစ်ခုဖြင့် (၃)လမျှ ခရီးထွက်၍ ပြန်လာချိန်က ဖြစ်သည်။ အိမ်ပြန် လက်ဆောင်ပစ္စည်းများ ဝေငှပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့သည်။ မှန်ဘီရိုရှေ့တွင် ခေါင်းဖြီးနေသည့် မဒီစံကို နောက်မှနေ၍ ဖက်လိုက်သည့်အခါ စည်ပိုင်းကို ဖက်ထားရသလို လက်က ဟိုဘက်ဒီဘက် မထိ။ " ဟာ... စံ... တော်တော် ဝလာတာပဲနော် ... " " အမယ် မဝပါဘူးနော်... ရှင့်လက်တွေကသာ တိုလာတာရှင့် ... " " ဟမ့် ... " (မှတ်ချက်။ ထိုအခါမှ စ၍ လက်တိုသွားသည့် ကျွန်တော့်မှာ လက်ပြန်မရှည်လာသည်က ယခုချိန်ထိပင် ဖြစ်သည်။)   ရှဥ့်ညိုလေး (၁၅.၁.၂၀၂၁)

အချစ်တဲ့...

Image
  အချစ်တဲ့...   အချစ်တဲ့... ရင်ခုန်စရာ သိပ်ကောင်းတယ် သူလာမယ့်လမ်းမှာ စောင့်ရတာ။ အချစ်တဲ့... ရင်ခုန်စရာ သိပ်ကောင်းတယ် ကျူရှင်အဆင်းမှာ စောင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် သူနဲ့ စက်ဘီးချင်းယှဉ်စီးရင်း စကားပြောရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် အအေးဆိုင်မှာထိုင်ရင်း မျက်နှာလေး ငေးခွင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် သူ့အိမ်နားမှာ ဂစ်တာသွားတီးခဲ့ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ခုံတန်းပြာမှာထိုင်ရင်း သူလက်ကလေး ကိုင်ခွင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ပထမဆုံးပွင့်ခဲ့ရတဲ့ အနမ်းဟာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ကောင်းကင်ကြီးကိုကြည့်တိုင်း သူ့မျက်နှာကို မြင်ခွင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ညနေကြယ်လေးကိုကြည့်ရင်း သူ့ကိုလွမ်းရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် နားထောင်မိတဲ့သီချင်းတိုင်း ကိုယ်တို့အတွက်စပ်ထားတာ။ နောက်ပြီး ... ကိုယ်ရေးလိုက်တဲ့ စာသားတိုင်း ကိုယ်ရွတ်လိုက်တဲ့ ကဗျာသားတိုင်း ဆိုညည်းမိတဲ့ သီချင်းတိုင်း သူ့အတွက်မို့ ရင်ခုန်ဖို့ သိပ်ကောင်းတယ် အချစ်တဲ့ ... ။ ။   ရှဥ့်ညိုလေး (၂၆.၆.၂၀၁၈ ညနေ ၅း၂၀ မိနစ်)

အလေးအပင်မ-မရ

Image
  အလေးအပင်မ-မရ လုလု တစ်ယောက် ထိုင်ခုံပေါ်ထိုင်နေစဉ် သူ့ချစ်သူက လှမ်းပြောလိုက်သည်။ " လု...မင်းကွာ နေစိမ့်လိုက်တာ၊ ဒီမှာ ပစ္စည်းတွေ ကူသိမ်းပေးဦးဟ။ ထိုင်ခုံနဲ့ ကော်ကပ်ထားသလား အောက်မေ့ရတယ်။ မင်း တင်ပါးကို ထိုင်ခုံပေါ်က မပြီး ဒီနားကြွပါဦးဗျ" " ဆရာဝန်က မှာထားတယ်လေ၊ ရှင်မမှတ်မိဘူးလား။ အလေးအပင် မ-မ ရဘူးဆိုတာကို၊ ထိုင်ခုံပေါ်က မ-ဖို့ဆိုတာ လွယ်မှတ်နေ..." (မှတ်ချက်။ လုလု၏ ချစ်သူ ဘယ်သူလဲဆိုတာကို မမေးရ။) ပုံ/ လုလု၏ ချစ်သူ

ငါမြင်ခဲ့တယ်

Image
ငါမြင်ခဲ့တယ်   ဆိုရိုးရှိတယ် မပြီးခင် ဗမာမမြင်စေနဲ့တဲ့... ဒါပေမယ့် ငါမြင်ခဲ့တယ်...။ ဒေါင်ဒင်ပေးတဲ့ တာဝါရှင် အနီရဲရဲဆင်လို့...။ ကာလံ၊ ဒေသံ သူမသိ နွေပူ၊ လေပူ၊ ရေဆူဆူမှာ ငရဲတစ်ကောင်လို အရဲဆင်နဲ့...။ ငယ်တုန်းက စာသင်ခန်း နာမည်ရေးခဲ့ စားပွဲခုံထက် နောင်တစ်ချိန် အမှတ်ရချင်ဇောနဲ့ ပေါတောတော လုပ်ရပ်တွေ ခုထိကို အဆုံးမသတ်တော့ လမ်းဆုံးထိလျှောက်စရာမလို မူကြည့်တာနဲ့ သိတယ် လူကြည့်တော့လည်း ချစ်ဖွယ်(ညစ်ကျယ်) ဘာလုပ်ခဲ့တယ် မပြောပါနဲ့ ဘာလုပ်ပြီးလဲ...မမေးချင်ဘူး မပြီးခင် ဗမာမမြင်စေနဲ့တဲ့ ဒါပေမယ့်... ငါ...မြင်ခဲ့တယ်...။   ရှဥ့်ညိုလေး https://shintnyolay.blogspot.com (PS: နားရက် အပြင်ထွက်၍ နေပူမိကာ ကယောင်ကတမ်းရေးခြစ်မိသော အက္ခရာများသာ ဖြစ်ပါသည်။ ကဗျာမဟုတ်ပါ၊ စာမဟုတ်ပါ၊ အက္ခရာများ စုဖွဲ့ထားခြင်းဟုသာ မြင်ပေးပါရန်...) (28.3.2017)(3:10)PM

အလိုရှိသည်...

Image
အလိုရှိသည်...   တီဗီပြင်ဆရာမှ တီဗီကိုဖွင့်ကြည့်သည်။ ထို့နောက် စကိုင်းနက်မှ လိုင်းများကို တစ်လိုင်းပြီး တစ်လိုင်း ပြောင်းကြည့်သည်။ ရီမုကွန်ထရိုးကို ကိုင်ကာ အသံအတိုးအကျယ် လုပ်ကြည့်သည်။ ရီမုမပါဘဲနှင့် တီဗီမှခလုတ်နှင့်ပင် အသံအတိုးအကျယ် ကစားကြည့်သည်။ ထို့နောက် ကျွန်တော့်ဘက်သို့လှည့်ကာ မေးသည်။ ဘာမေးမှန်းမသိ၍ ကျွန်တော် ကြောင်ကြည့်နေသည်။ သူက ထပ်မေးသည်။ ကျွန်တော် ဘာပြောမှန်းမသိ၍ မေးဆတ်ပြလိုက်သည့်အခါ သူက စိတ်တိုလာဟန်ဖြင့် အနားကပ်ကာ အော်ပြောသည်။ " ဘာဖြစ်လို့လဲဗျ၊ တီဗီက အကောင်းကြီးပဲ..." " မနေ့ညက ဘော်လုံးပွဲကြည့်နေရင်း တစ်လက်မခွဲသံနဲ့ နားဖာချေးကလော်နေတုန်း ဗြုန်းဆို အသံပျောက်သွားတာပဲဗျ..." ထို့နောက် သူ၏ ပစ္စည်းလေးများကိုသိမ်းကာ ပြန်သွားသည်။ ဆရာဝန်နှင့်ပြရန် အကြံပေးသွားသည်ကို ကျွန်တော် နားစွန်နားဖျား ခပ်တိုးတိုးကြားလိုက်ရသည်။ ထိုသူ ရူးနေတာပဲ ဖြစ်နိုင်သည်။ သို့မဟုတ် စိတ်မနှံ့တာလည်း ဖြစ်နိုင်သည်။ တီဗီအသံပျောက်သွား၍ ပြင်ခိုင်းသည်ကို ဆရာဝန်ပြခိုင်းနေ၍ ဖြစ်သည်။ ၎င်းနောက် နှစ်ယောက်မျှသော တီဗီပြင်ဆရာများကို အိမ်ခေါ်ပြင်ခိုင်းသော်လည်း အဆင်မပြေသောကြောင့် အိမ်မှတီဗီကို ဒီအတိုင်းပင် ထားလိုက်ရသည...

အာဖရိကမြက်တွေ ထားစဉ်က

Image
အာဖရိကမြက်တွေ ထားစဉ်က မဒီစံက ဖိလစ်ပိုင်ကားတွေကြည့်တယ်။ ဇာတ်လမ်းတွဲလာတဲ့အချိန်ဆို ပုတီးစိပ်နေရင်းတောင် စိတ်ပုတီးဆွဲပြီး တီဗွီရှေ့ရောက်တယ်။ အဲဒီထဲကမင်းသားက အာဖရိကမြက်တွေနဲ့၊ အကြည့်က ဒွေးအကြည့်။ မျက်ခုံးလေးနှစ်စအောက်ချပြီး ပြုံးစိစိနဲ့ကြည့်တာ။ မခိုင်တဲ့ကျောင်းပြိုလိမ့်ဆိုတဲ့သဘောမျိုးပေါ့။ မခိုင်တဲ့ ငတိမတွေ ယိုင်ဆင်းပေါ့။ ပြေတီဦးလို ကလေးမြူတဲ့အသံနဲ့ ထန်းညက်ရေဖြန်းတဲ့ အပြုံးမျိုးမဟုတ်ဘူး။ အိမ်ကအဒေါ်ကြီးက အခုလွှင့်နေတဲ့ ဖိလစ်ပိုင်ကားကို အလွတ်မခံတော့ သတိထားကြည့်တယ်။ အာဖရိကမြက်နဲ့ မင်းသားကြွေသလားမသိတော့ သူ့တုပြီး မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွှေးထားကြည့်တာပါ။ ဘာရုပ်ပေါက်သွားလဲဆိုတော့ မြင်တဲ့အတိုင်းပဲဗျ။ ကိုယ့်ပုံကိုယ်ကြည့်ပြီး ဘာနဲ့တူတယ်လို့တောင် မပြောဝံ့ဘူး ဖြစ်သွားတယ်။ နောက်ရက်မှ အာဖရိကမြက်တွေရှင်းပြီး ပုံတင်ပါဦးမယ်။ ဟဟတောင်းတဲ့ပို့စ်လို့ မပြောကြေး ...။   ရှဥ့်ညိုလေး (21.1.2021 8:44pm)

ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ်

Image
  ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ် ကျောင်းတက်တုန်းက ကျောကုန်းဘုကြီးပါတဲ့ စုံတွဲရယ်၊ ပိုလီယိုဖြစ်နေလို့ ဂျိုင်းထောက်နဲ့သွားတဲ့ စုံတွဲရယ် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် နှစ်တွဲစလုံးက ယောကျာ်းလေးက ချို့ယွင်းတာ။ မိန်းကလေးတွေက ချစ်ရင် သတ္တိရှိသွားကြတယ် ထင်ပါတယ်။ ယောက်ျားလေးလဲ ရှိမှာပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆိုရင် ခုထိ သူ့ဇနီးအပေါ် သစ္စာရှိတုန်း။ သူ့ဇနီးက ခြေထောက်ထော့ကျိုးဖြစ်နေတာပါ။ ကျွန်တော် ပြောချင်တာက လူတိုင်း အလှကြိုက်ပါတယ်။ စိတ်ကူးထဲမှာ ရုပ်ဆိုးကြီးနဲ့တွဲပြီး၊ ချို့ယွင်းသူနဲ့တွဲပြီး စိတ်ကူးယဉ်ဖူးမယ် မထင်တာကို ပြောတာပါ။ ရုပ်ရှင်ထဲမှာတောင် ပန်းခြံထဲပတ်ပြေးကြတော့ လုလုပပလေးတွေချည်းပဲ။ ကိုယ့်စိတ်ကူးထဲ ယဉ်ကြည့်တော့လဲ လှလှပပလေးပေါ့။ တို့ကတော့ စိတ်ထားကောင်းတဲ့သူနဲ့ပဲ ပေါင်းတယ်တို့၊ စိတ်လှတာပဲ ရွေးတယ်တို့ဆိုတာတွေကို မယုံတာပါ။ လူဆိုတာ အမြဲတမ်း မကောင်းဘူး၊ အမြဲတမ်း မဆိုးဘူးလို့ ယူဆထားတာပါ။ အဲဒါ ကျွန်တော် ခံယူချက်သက်သက်ပါ။ ကိုယ်သဘောကျရွေးချယ်ပြီးတဲ့နောက် ခဏခဏ မပြောင်းဖို့ ပြောချင်တာပါ။ လူဆိုတော့ တချို့အိမ်ထောင်တစ်ဆက်၊ နှစ်ဆက်ရှိတတ်ကြပါတယ်။ မှားခဲ့တယ်ဆိုရင်တောင် ခဏခဏမမှားဖို့ပြောချင်တာပါ။ ...

ဖေဖော်ဝါရီ (၁) ၂၀၂၁

Image
  ဖေဖော်ဝါရီ (၁) ၂၀၂၁      နံနက် (၇း၃၈) အိပ်ယာနိုးတယ်။ ဒီနေ့ အိပ်ယာထ နောက်ကျတယ်။ ပုံမှန် မနက်(၆)နာရီ အိပ်ယာထနေကျ။ စောရင် (၅)နာရီထဖြစ်တယ်။ ဒီနေ့တော့ အိပ်ယာထ နေမြင့်သွားတယ်။     ပုံမှန်ဆို ဖုန်းမကြည့်ဖြစ်ဘူး။ ဒီနေ့ အိပ်ယာဘေးက ဖုန်းယူကြည့်ဖြစ်တယ်။ ဝိုင်ဖိုင်လည်း ချိတ်ထားတာဆိုတော့ ဖေ့စ်ဘွတ်ခ် ဖွင့်လိုက်တယ်။ ပို့စ်တချို့ ဖတ်ရတာ တစ်မျိုးကြီးပဲ။ နောက် သီချင်းတွေတင်တဲ့ (Page) တစ်ခုက အာဏာသိမ်းတဲ့အကြောင်း တင်ထားတော့ စိတ်တိုသွားတယ်။ ဆူပူအောင် လုပ်တယ်ပေါ့။ ဆယ်လီ ဆယ်လီ စမောလိုမျိုး ပေ့ခ်ျထင်သွားတယ်။ နောက်တချို့ပို့စ်ဖတ်မှ ဖုန်းလိုင်းတွေ ဖြတ်ထားမှန်း သိရတယ်။ ဟာ တကယ်ကြီးပေါ့လို့ ဖြစ်သွားတယ်။ နောက်ပြီး အမေတို့ကို ပြောပြမလို့ စိတ်ကူးတော့ အမေတို့လည်း ပြန်အိပ်နေတယ်ထင်တယ်။ အမေက မနက်(၄)နာရီလောက်နိုးနေတတ်သူပါ။ အိမ်မှာဆို အစောကြီးထတတ်သူမို့ လေဖြတ်မှာ စိုးရိမ်တဲ့အကြောင်း မကြာခဏ ပြောပြရတယ်။ အဲဒီနောက်ပိုင်း အစောကြီးနိုးပေမယ့် (FM) က တရားနာပြီးမှ ထပါတော့တယ်။        အခုဟာက ကျွန်တော်တို့က ဟိုတယ်မှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် (Hotel Quarantine) ဝင်နေရတာပါ။ မ...

ရူးချင်ယောင် ဆောင်တတ်ရတာပေါ့😇

Image
ရူးချင်ယောင် ဆောင်တတ်ရတာပေါ့   မဒီစံ။     ။ စားချင်တာ...။ ဘကြီးဖြိုး။     ။ ဘာကြီးတုန်း ... ။ မဒီစံ။     ။ ဟော်တော် ဒူးရင်းသီးလေ ... ။ ဘကြီးဖြိုး။     ။ ဘယ်မှာသီးတာတုန်း ... ။

ခေါက်ဆွဲစားစဉ်က

Image
  ခေါက်ဆွဲစားစဉ်က   ဟိုတစ်နေ့က သားငယ်ကို ခေါက်ဆွဲကျွေးတယ်။ အမျှင်ရှည်နေတာကို ဖြတ်မချဘဲ ဒီအတိုင်း စားနေတာနဲ့ " ခေါက်ဆွဲကို ဖြတ်ချပြီး စားလေ " " ဖြတ်ချလို့မရဘူး ဖေဖေရဲ့၊ သုတမှာ ရှေ့သွားနှစ်ချောင်း ကျိုးနေတာလေ..." သူ့အစ်ကို ပြောမှ ကြည့်မိတယ်။ အဟုတ်ဗျ။ သွားက နှစ်ချောင်း ကျိုးနေတာကိုး။ ကလေးဆိုတော့ နှုတ်ခမ်းနဲ့လည်း ဖြတ်မချတတ်ဘူးပေါ့။ ကျွန်တော် နှစ်တန်းတုန်းက သွားကျိုးပုံလေး အမှတ်တရ ဓာတ်ပုံ ရိုက်ခိုင်းဖူးတယ်။ မေမေက ဓာတ်ပုံဆရာအိမ် ခေါ်သွားပြီး ရိုက်ပေးတယ်။ အခု ကျွန်တော့်သားငယ် ကောင်းသုတကို သွားနှစ်ချောင်းကျိုးပုံလေး ရိုက်ထားလိုက်တယ်။   (မှတ်ချက်။ ။ကလေးက ချစ်စရာလေး...အဖေတူလို့နေမှာ ဆိုပြီး မပြောရ )   ရှဥ့်ညိုလေး (25.1.2021 8:12pm)

ကျွန်တော်ကြောက်တဲ့အရာတွေ သို့မဟုတ် မုန်းတဲ့အဖြစ်တွေ

Image
ကျွန်တော်ကြောက်တဲ့အရာတွေ သို့မဟုတ် မုန်းတဲ့အဖြစ်တွေ အမုန်းဟာ ကြောက်ရွံခြင်း တစ်မျိုးလား...။ ဒါဆို ကျွန်တော့်မှာ ကြောက်တာတချို့ ရှိတယ်။ လိုင်းသုံးနေချိန် မက်ဆင်ဂျာက ကတောင်ဆိုပြီး တက်လာတာကို ကြောက်တယ်။ ဖုန်းနဲ့ သုံးနေချိန် ပိုဆိုးတယ်။ (စာရိုက်ပျင်းလို့ စကားမပြောချင်ဘူး) ဟိုတယ်မှာ လုပ်နေတုန်းက ဖုန်းမြည်သံကို မုန်းတယ်။ ပြဿနာကိုမကြောက်ဘူး။ အိပ်နေချိန် ပြန်ကြားနေတတ်လို့။ အလုပ်နားရက် အပြင်ထွက်ရအောင် လုပ်တဲ့သူတွေကို မုန်းတယ်။ မိသားစုဝင်ဖြစ်ဖြစ်၊ သူငယ်ချင်း ဖြစ်ဖြစ်။ နန်းခင်နဲ့ ဝင့်ဝါတို့ကလွဲလို့ ဖုန်းခဏခဏ ခေါ်တဲ့သူတွေကို မုန်းတယ် ...။ (ကျွန်တော်ချစ်တဲ့သူတွေက ဖုန်းမခေါ်ဘူး၊ ကျွန်တော့်ကို ချစ်တဲ့သူတွေက ဖုန်းခေါ်ကြတာ )   ရှဥ့်ညိုလေး (25.1.2021 8:47pm)

ဖယောင်းတိုင်

Image
                 ဖယောင်းတိုင်           သူ့ဘဝမှာ ကြည်ညိုလေးစားရဆုံး ပုဂ္ဂိုလ်တစ်ဦးနှင့် ရွံရှာမုန်းတီးရဆုံးသော ပုဂ္ဂိုလ်တစ်ဦးတို့ ရှိခဲ့ဖူးပါသည်။ နှစ်ဦးစလုံးမှာ ပညာရေးလောကမှ ဖြစ်သည်။ တိတိကျကျဆိုရပါလျှင် မူလတန်းပြဆရာများ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ တစ်နယ်ဆီ၊ တစ်ကျောင်းဆီမှဖြစ်သော်လည်း တစ်ဦးအကြောင်း စဉ်းစားမိလျှင် လေးစားအားကျရသလောက် ကျန်တစ်ယောက်အကြောင်းကတော့ ယောင်မှားတွေးမိလျှင်ပင် သွေးပျက်လောက်သည်။ သွေးမပျက်လျှင်တောင် သွေးတက်လောက်သည့် လူစားမျိုးဖြစ်သည်။ သားကို ဒီလို စံလွဲပုဂ္ဂိုလ်မျိုးဖြစ်သွားမှာကို အစိုးရိမ်ဆုံးဖြစ်သည်။ ပညာရေးအသိုင်းအဝိုင်းမှာ ကျင်လည်နေသည့် မူလတန်းပြဆရာလေးတစ်ဦး၏ တစ်ဦးတည်းသော သားအတွက် စိုးရိမ်မှုလွန်ကဲသည့် အတ္တလည်းဖြစ်နိုင် ပါသည်။           ***                          ...