#CovidAuthorChallenge ******************** ဆရာ မောင်သြလေး ရဲ့ # CovidAuthorChallenge မေးခွန်းတွေအတွက် ကျွန်တော့် အဖြေတွေကတော့ - ၁။ ဆရာ ဝတ္ထုတစ်ပုဒ်ရေးတဲ့အခါ စပြီး အတွေးရတာကေန နောက်ပိုင်း ရေးလို့ပြီးသွားတဲ့အထိ အခြေအနေအဆင့်ဆင့်ကို အကျဉ်း ပြောပြပေးပါ။ အဖြေ - ကျွန်တော့်အနေနဲ့ ၀တ္ထုတိုရေးတဲ့အခါ များသောအားဖြင့် မူလအတွေးတစ်ခုကို ဆန့်ထွက်ပြီး ရေးတာများပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတိုင်းမှာ Frame , Plan တွေ မပါခဲ့ပါဘူး။ စတင်ရေးစမှာ ပေါ့။ ရေးချင်တဲ့အကြောင်းရာလေးတစ်ခု၊ အတွေးလေးတစ်ခု ရလာတဲ့အခါ အဲဒီပေါ်အခြေခံပြီး ဘယ်လိုပြောရင် ကောင်းမလဲ၊ တင်ပြရကောင်းမလဲဆိုပြီး စရေးဖြစ်ပါတယ်။ စတည်ပြီးရေးရင်းနဲ့ ကိုယ်ပြောချင်တဲ့အကြောင်း ရာနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းမျိုးပေါ်လာတတ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ၀တ္ထုတစ်ပုဒ်ကို ရေးပါတယ်။