သပြေညို

သပြေညို

 
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြည်​မှာတို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာဖြင့်
လန်းလျှက်​ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ရွှေဗဟိုရ်
လေချိုကအသွေး။
လင်းကြက်​အဆော်
ကွင်းထက်​မှာတူပျော်​ပျော်​နဲ့
စည်​တော်​ကိုရည်​မျှော်​မှန်းကာပ
ရောင်​နီမှာအောင်​စည်​ရွှမ်းရအောင်
သပြေညိုရွှေဘိုပန်းရယ်​နဲ့
လှမ်းကြစို့လေး။
 
မင်းသုဝဏ်
 
ဆရာကြီးမင်းသုဝဏ်​သည် နာမည်​ကျော်​သပြေညို ကဗျာကို( ၄.၁.၁၉၃၈ )ရက်​နေ့တွင် ရေးပါသည်​။
မြန်​မာလွတ်​လပ်​ရေးအတွက်​ကြိုးပမ်းနေကြသည့် မြန်​မာတိုင်းကို အားပေးရေးဖွဲ့သည့် ကဗျာဖြစ်သည်။
( ၄.၁.၁၉၄၈ ) ရက်​နေ့တွင် မြန်​မာနိုင်​ငံလွတ်​လပ်​ရေးရခဲ့ပါသည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း