ထင်မြင်ချက်
ထင်မြင်ချက်
တစ်နေ့က စာရေးဆရာ နှစ်ယောက်ရယ်၊ ကလေးမလေးတစ်ယောက်ရယ်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ကလေးမလေးက ဆယ့်နှစ်၊ ဆယ့်သုံးလောက်မှတ်နေတာ ဆယ့်ရှစ်နှစ်တဲ့။ စာပေလည်း ဝါသနာပါတယ်ဆိုတာနဲ့ ကိုယ်ဝါသနာပါတဲ့ လိုင်းကို အားစိုက်လေ့လာဖို့ ပြောဖြစ်တယ်။ ကာရံဖြင့် ကာရံ၊ မော်ဒန်ဖြင့် မော်ဒန်ပေါ့။ ဝတ္ထုဆိုလည်း စာတွေများများ ဖတ်ဖို့ပေါ့။ သူ့ဘကြီးက ကာရံကဗျာဆရာပါ။ တစ်ဝိုင်းထဲထိုင်တဲ့ နောက်တစ်ယောက်ကလည်း ဆောင်းပါးရော၊ ကဗျာရော ရေးပါတယ်။ သူလည်း ကာရံပါပဲ။ သူက ကလေးမလေးကို ပြောတယ်။ ကာရံကို လေ့လာသင်ယူပါတဲ့။ ကဗျာတတ်ပြီးမှ စာရေးရင် စာတွေပိုကောင်းတယ်၊ လက်ရာပိုမြောက်တယ်လို့ ပြောပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ အယူအဆ မတူတော့ဘူးဗျ။ ဆရာ မင်းသိင်္ခ ဆိုပါတော့ဗျာ။ သူ့စာတွေကြိုက်တယ်။ နာမည်ကြီးတယ်။ ဒါပေမယ့် ကဗျာတွေ ရေးတယ်လို့တော့ မကြားမိ၊ မဖတ်မိပါဘူး။ ဝတ္ထုဆိုတာ လူ့စရိုက်၊ လူဘဝကို ရေးခြယ်ပြရတာ မဟုတ်လား။ ဆရာကြီး ရွှေဥဒေါင်းလည်း ကဗျာတွေ ရေးခဲ့တယ်လို့ မကြားဖူးပါဘူး။ ဒါပေမယ့် ဆရာကြီး စာအုပ်တွေ အကြိမ်ကြိမ်ရိုက်နှိပ်နေတာကို မြင်နေရတာပဲလေ။ တချို့ကဗျာဆရာတွေရေးတဲ့ ဝတ္ထုတွေက လိုရင်းမရောက်ဘဲ အိုင်ကျင်းနေသလို ခံစားရတယ်။ ကိုယ်က ကဗျာသမားမဟုတ်လို့ အမြင်မတူတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာမ ဂီတယွန်းအိမ် မေးကြည့်ရင် ကောင်းမလားလို့လည်း စဉ်းစားမိတယ်။ ဒီစာကိုဖတ်မိတဲ့ သူငယ်ချင်းလည်း ဘယ်လိုထင်သလဲဆိုတာ သိချင်ပါတယ်။
ရှဥ့်ညိုလေး
Comments
Post a Comment