စာရေးဆရာ

စာရေးဆရာ

 
မအောင်မြင်တဲ့ဘဝကို စာဖတ်ခြင်းထဲ မြှုပ်
ဒေါသကို စာရေးခြင်းထဲ ပို့
လောဘ၊ သောကနဲ့ မောဟဟာ ရေးစရာ ကုန်ကြမ်း
လောကဓံရှစ်ပါးဟာ ရေးရမယ့်ဟန်
ဇာတ်လိုက်ဟာ ကိုယ်တိုင်ဖြစ်ပြီး
မင်းသမီးဟာ အိမ်က အဒေါ်ကြီး
ကဲ ဘာလိုသေးလဲ...
ဇာတ်ဖြည့်ဖို့အတွက် သားနှစ်ယောက်လဲ ရှိတယ်
လူကြမ်းဟာ အပြင်မှာနှိပ်စက်ခဲ့တဲ့ မိတ်ဆွေဖြစ်ပြီး
ငါ့ဇာတ်လမ်းမှာ သနားစရာ ဇာတ်ကောင်
အခုဆို ခင်ဗျားပါဝင်ရမယ့်နေရာကို သိလောက်ပြီ
ရွေးချယ်ခွင့် မရှိဘူး
ရွေးချယ်စရာ မရှိဘူး
ခင်ဗျားက စာဖတ်သူ
ကျုပ်က စာရေးသူ...။
 
ရှဥ့်ညိုလေး
(၃၀.၁၀.၂၀၂၀ နေ့လည်၂း၀၀ တိတိ)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း