လက်ဖက်ရည်ဆိုင်ထဲမှာ

လက်ဖက်ရည်ဆိုင်ထဲမှာ

 
ဟိုးတုန်းက
လက်ဖက်ရည်ဆိုင်မှာ
လူကြီးတွေ နိုင်ငံရေးပြောတယ်
တိုးတိုး…တိုး…တိုး…နဲ့။
ဒါပေမယ့်
မျက်နှာတွေက အစစ်
နှလုံးသားက အစစ်
သူငယ်ချင်းကလည်း အစစ်။
အခုတော့
အင်တာနက်ကဖီးမှာ
ကျွန်တော်တို့တတွေ နိုင်ငံရေးပြောတယ်
အာကျယ်…ပါကျယ်နဲ့…။
ပရိုဖိုင်အတု
နှလုံးသားအတုနဲ့
သူငယ်ချင်း ဆိုတာတွေကလည်း … ။
အခု
ကျွန်တော်
ကြွေးကြော်သံအတုတွေ ဖတ်နေတယ်
လက်ဖက်ရည်ဆိုင်ထဲမှာ … ။
 
ရှဥ့်ညိုလေး
(၂၆.၁၀.၂၀၂၀ ည ၈း၄၂ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း