``အိမ်လည်တဲ့ဓလေ့´´
``အိမ်လည်တဲ့ဓလေ့´´ အောင်ဆန်းစုကြည် မြန်မာလူမျိုးတွေကို ကမ္ဘာပေါ်မှာ ဖော်ရွေပြီး ဧည့်ဝတ်အကျေဆုံးလူမျိုးတွေ ထဲမှာ ပါဝင်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ကျွန်မငယ်စဉ်ကလေးဘ၀က လက်ဖက်ရည်သောက် ဖို့၊ နေ့လယ်စာစားဖို့၊ ညစာစားဖို့ ဖိတ်စာပို့တယ် ဆိုတာဟာ နိုင်ငံခြားသားတွေပဲ လုပ်တယ်လို့ မှတ်ထားခဲ့ပါ တယ်။ မြန်မာလူမျိုးမိတ်ဆွေအပေါင်းအသင်းတွေကတော့ မဖိတ်ဘဲရောက် လာပြီး စားသောက်နေတာတွေ့ ရင် ၀င်ထိုင်ပြီး ဝေမျှစားလိုက်ကြတာပါပဲ။ အိမ်ကို ဧည့် သည်တွေ မမျှော်လင့်ဘဲရောက်လာရင်တောင် စားစရာကတော့ လုံလောက်အောင် အမြဲရှိပါတယ်။ တစ်ခါတလေ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ ညနေဘက်မျိုးမှာ ရုတ်တရက်ပေါက်ချလာရင် ရေနွေးကြမ်း၊ ထန်းလျက်၊ ပဲကြော်တွေ၊ လက်ဖက်တွေ ယူထုတ်လာပြီး ၀ိုင်းဖွဲ့စားသောက်ကြပါတယ်။