ရွှေဖီဦးကို ခူးလှည့်ပါ ချစ်တဲ့သူငယ်လေ ... ၊ သူငယ်ချင်းကောင်း ယောင်းမတို့လေ ... ။ နှမထွေး မယ်တို့အိမ်ကို သိလိုချင်မူ၊ နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။ အိမ့်ရှေ့ကမူ - အုတ်ပလ္လင်နှင့် ညောင်ပင်နှင့်။ အိမ့်တောင်ကမူ - ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်။ အိမ့်မြောက်ကမူ - စပါးလင်နှင့် ဒန်းပင်နှင့်။ အိမ့်နောက်ကမူ - မိဿလင်နှင့် ချင်းပင်နှင့်။ မိဿလင်နှင့် ချင်းကိုလိုလျှင် ဝါဆိုငယ်မှ ဝါဦး - မြေနူးနူးကို တူးပလှည့်ရှင်။ မိဿလင်နှင့် ချင်းကိုမလို နှမထွေးမယ့်ကို လိုလျှင် - တပေါင်းငယ်မှတန်ခူး ရွှေဖီဦးကို ခူးပါ့လှည့်ရှင်။ အလို အပျိုဖြူ သူနှင့်ဆုံသည်။ လုံချိုကုံးငယ်နှင့် ဆောင်လုံးညိုလေး။ စာဆိုရှင်အမည် = တောင်တွင်း ရှင်ငြိမ်းမယ် ကဗျာအမျိုးအစား = အိုင်ချင်း (ရာပြည့်အိုင်ချင်း) စာဆိုခေတ် = ညောင်ရမ်းခေတ်