မောင်စစ်သည်

မောင်စစ်သည်

ချစ်တဲ့ သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။တညှိုးငယ်မှ ရော်ရော်
နှမလေး ဝေးကမျှော်သည်
ငယ်ဖော်ပေါင်းငဲ့ လည်ညောင်းငဲ့။

တညှိုးငယ်မှ ခွေခွေ
အလွမ်းရှိန်နှင့် မယ်အိပ်နေသည်
ညောင်ရေလောင်းငဲ့ ဆုတောင်းငဲ့။

ရောက်လွယ်စေချင်
ကိုယ်တိုင်သွားလို့ဘုရားတင်သည်
သဇင်ပန်းနှင့် ရေချမ်းနှင့်။

နံနက်တိုင်လည်း နံနက်တခြား
မောင်စစ်သည်ငယ် ရောက်မယ်လားရှင့်။

ညနေတိုင်လည်း ညနေတစောင်း
မောင်စစ်သည်ငယ် ရောက်လွယ်ကောင်းငဲ့။

တပေါင်းငယ်မှ တဖော်
အောင်ပွဲခံလို့ ပြန်ချိန်တော်ကို
မယ်မျှော်လိုက်တဲ့
ဗိုလ်ပေါင်းငယ်မှဝန်းရုံ ရဲမက်ပုံမှာ
စိတ်ကုန်အောင်မယ်ချစ်တဲ့ မောင်စစ်သည်လေး။

စာဆိုရှင်အမည် - အမည်မသိရှေးစာဆို
ကဗျာအမျိုးအစား - အိုင်ချင်း
ခေတ် -

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း