သူငယ်ချင်းတွေကို အားနာလိုက်တာ


 
သူငယ်ချင်းတွေကို အားနာလိုက်တာ

သားကြီး။          ။ ဖေဖေ၊ ဖုန်းကို ဖေဖေ့ပုံကြီး ဘာလို့တင်ထားတာလဲ။

ကျွန်တော်။        ။ ဘာဖြစ်လို့လဲ သားရဲ့။

သားကြီး။          ။ ရှေးပုံကြီးနဲ့တူလို့။ မြူတွေဆိုင်းနေသလိုကြီး ဆိုတော့လေ။

ကျွန်တော်။        ။ သားက မကြိုက်ဘူးလား။

သားကြီး။          ။ အင်း၊ မကြိုက်ဘူး။

ကျွန်တော်။        ။ အေးအေး၊ ဖယ်လိုက်မယ်နော် မတင်တော့ဘူး။

ကိုယ့်ဖုန်းမှာ ကိုယ့်ပုံတင်တာတောင် သားကရုပ်ဆိုးလို့ မကြိုက်ဘူးတဲ့။ ကိုယ့်ဝေါလ်မှာ ကိုယ့်ပုံတင်တာပဲဆိုပြီး ဓာတ်ပုံတွေခဏခဏတင်တိုင်း (Like/Comment) ပေးရတဲ့ သူငယ်ချင်းတွေကို အားနာလိုက်တာ။ ဘယ်လောက်စိတ်ဆင်းရဲကြမလဲ။

ရှဉ့်ညိုလေး

(PS: ဒီအကြောင်း မဒီစံကိုပြောပြတော့ ကိုယ့်အခြေအနေ ကိုယ်သိတဲ့ ငိငိ။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း