သူဇာပျို့

သူဇာပျို့

၃။ နရိန္ဒဒေဝီ၊ ခေါ်ညီထင်ရှား၊ မိမြတ်ဖျားနှိုက်၊ ခစားရသည်၊ မျိုးမည်မချို့၊ ကိုယ်လုပ်တို့ကား၊ လျောက်လျားတင့်တယ်၊ အလယ်ရဝေ၊ ကွန်းစင်နေသည်၊ ကြက်သရေထွန်းညိ၊ သီရိမဏိမာလာ၊ ဖြူပြာရောင်ညိ၊ သီရိစန္ဒမာလာ၊ ပြာပြာအိအိ၊ သီရိရမ္မမာလာ၊ နှိုင်းစရာမရှိ၊ သီရိဟေမမာလာ၊ ပြစ်ဆာမငြိ၊ သီရိနန္ဒမာလာ၊ ဆွယ်ကာတထောက်၊ သည့်နောက်ရဝေ၊

တစဉ်နေမှ၊ ကေသာဝတီ၊ သိင်္ဂီတရှိ၊ သီရိသုဘဒ္ဒါ၊ ကြေညာကျော်သိ၊ သီရိကဉ္စနာ၊ သန့်စွာဇာတိ၊ သီရိသုရမ္မာ၊ မူရာပျောင်းအိ၊ သီရိသုပဘာ၊ သိင်္ဂါရောင်ညိ၊ သီရိသုမိတ္တာ၊ သာသည်ရိပ်မြင့်၊ ကျွန်းစင့်လက်ပြင်၊ ထောင်တင်ရှေ့ခန်း၊ နေမှန်းစာရုစိ၊ ဇုတိမာရီ၊ ဤနှင့်ပြိုင်ရ၊ လကဝဲကမှာ၊ ဂန္ဓသာမာ၊ ဇာလာသောဘာ၊ အာသာတွင်မည်၊ တကျိပ်သည်ကား၊ ထူးလည်သာယာ၊ နှုတ်သာပျံ့ကြူ၊ မည်သသူတည့်၊ အတူမရှည်၊ သည်လက်ပြင်စဉ်၊ ဠည်သည်မူထား၊ မြို့စားတဆယ်၊ နုနယ်ကညာ၊ ရွာရတကျိပ်၊ ပြည့်သိပ်စဉ်သင့်၊ ကြမ်းဆင့်အောက်ပြင်၊ စမြင်ပတ်လည်၊ နေရသည်ကား၊ အမည်မရ၊ ရွာစားမျှလျှင်၊ များလှသွယ်သွယ်၊ ရေသော်ကျယ်၏။ ။ ငြီးဘွယ်ရှိမည် စိုး၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း