စိတ်နေမြင့်သူ

စိတ်နေမြင့်သူ

ချစ်တဲ့သူငယ်လေ၊
သူငယ်ချင်းကောင်း ယောင်းမတို့ရေ ...
ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်၊ ဝင်းထိန်ထိန်ငယ်၊
အချိန်ခြောက်ကျပ်သားမှသာတဲ့။

ကြင်ပါရလို၊ ကြင်ရလျှင်လဲ
ရေမြေ့သခင်၊ အရှင်စက်ရင်း
ရွှေတိုက်တော်မှာ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။

အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။

ကဗျာအမျိုးအစား - အိုင်ချင်း
စာဆိုရှင်အမည် - အမည်မသိရှေးစာဆို

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း