မောင်တို့ပျော်နေ တောမြိုင်ခြေ


 
မောင်တို့ပျော်နေ တောမြိုင်ခြေ

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း ယောက်မတို့လေ။

မှိုင်းဝေငယ်မှ သီခေါင်။

မြေပြင်ကြော့ကြော့၊ ကုန်းမော့မော့နှင့်၊

ရွာတော့်တောင်မှာ၊

ညောင်ပင်ကြီးအောက်၊ ဝေးကမျှော်သည်၊

တစ်ခေါ်လောက်တွင်၊

မြောက်ကဖြိုင်ဖြိုင်၊

ရေယဉ်စီးလို့ ခရီးငယ်ဆိုင်သည်။

ထုံးအိုင်အင်းနှင့် လယ်ခင်းနှင့်။

တစ်ရံတစ်ရံ ရေဝင်တောမှာ၊

တင့်မောဟန်သည်၊

သံတူးရွင်းနှင့် ခက်ရင်းနှင့်။

အရှေ့တစ်ခွင် ဝေးမှကြုံခိုက်၊

ကြည့်လိုက်မြင်သည်၊

ပျဉ်းအင်ကြင်းနှင့် တလင်းနှင့်။

စာနှင့်ငယ်မှ သောင်းသောင်း၊

ပျော်ရာကောင်းသည့်၊ တပေါင်းရာသီ၊

နှစ်သစ်ကယ်ကျူးလို့၊ တစ်ကူးဆီကို၊

ကောက်တီခင်းနှင့် မုရင်းနှင့်။

မောင်တို့ပျော်နေ၊ တောမြိုင်ခြေမှာ၊

ဝေဝေမှိုင်းမှိုင်း တိမ်သားစိုစို၊

မိုးတခိုတွင်၊

တိမ်ညိုငယ်ဆိုင်းသော့ခါ၊ ဖွဲ့တိုင်းတင့်လေ။ ။

စာဆိုရှင်အမည် - တောင်တွင်းရှင်ငြိမ်းမယ်

ကဗျာအမျိုးအစား - အိုင်ချင်း (ရာပြည့်အိုင်ချင်း)

ခေတ် - ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း