ရွှေဖီဦးကို ခူးလှည့်ပါ


ရွှေဖီဦးကို ခူးလှည့်ပါ

ချစ်တဲ့သူငယ်လေ ... ၊
သူငယ်ချင်းကောင်း ယောင်းမတို့လေ ... ။

နှမထွေး မယ်တို့အိမ်ကို သိလိုချင်မူ၊
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။
အိမ့်ရှေ့ကမူ -
အုတ်ပလ္လင်နှင့် ညောင်ပင်နှင့်။
အိမ့်တောင်ကမူ -
ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်။
အိမ့်မြောက်ကမူ -
စပါးလင်နှင့် ဒန်းပင်နှင့်။
အိမ့်နောက်ကမူ -
မိဿလင်နှင့် ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင်
ဝါဆိုငယ်မှ ဝါဦး -
မြေနူးနူးကို တူးပလှည့်ရှင်။

မိဿလင်နှင့် ချင်းကိုမလို
နှမထွေးမယ့်ကို လိုလျှင် -
တပေါင်းငယ်မှတန်ခူး
ရွှေဖီဦးကို ခူးပါ့လှည့်ရှင်။
အလို အပျိုဖြူ သူနှင့်ဆုံသည်။
လုံချိုကုံးငယ်နှင့်
ဆောင်လုံးညိုလေး။

စာဆိုရှင်အမည် = တောင်တွင်း ရှင်ငြိမ်းမယ်
ကဗျာအမျိုးအစား = အိုင်ချင်း (ရာပြည့်အိုင်ချင်း)
စာဆိုခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း