စစ်မှာတမူ
စစ်မှာတမူ
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့လေ။
သူများမောင်မှာ
စစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်။နှမလေး မယ်တို့မောင်မှာ
စစ်သံကြားလျှင် ရွှေဓားပိုက်ကာ
အိုးစားဖက်ကို လိုက်လို့ရှာသည်
ရိက္ခာကနည်း မိုးကသည်းနှင့်
သင်းတွဲကို ကူးပါလိမ့်မလားတော်။
စစ်မှာတမူ
နှမလေးမယ့်ထက်ဖြူကို ယူမလားတော်။
စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို ရမလားတော်။
စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာရှိသလားတော်။
စစ်မှာတစ်မူ
နှမလေး မယ့်ထက်ဖြူကို မယူဘူးဗျာ။
စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို မရဘူးဗျာ။
စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။
ရေမြေ့သခင် ရှင်ဘုရင်က
မိန့်တော်စာနှင့် အပါချသည်
လိုက်ရတော့မယ်။
မြင်းမှာ အုန်းခွံ ကျွန်မှာကုလား
ဓားမှာမိုးကြိုး ယွန်းပုဆိုးနှင့်
အိုးစားဖက်စုံ စစ်သည်ပုံမှာ
ကျွန်ယုံစားမို့ မောင်ကလေးငယ်
မောင်သာလိုက်တဲ့ တောင်ပတ်လည်နှင့်
ဇင်းမယ်ဆိုသည် ညိုတဲ့မြို့မှာ
ပျို့လွမ်းဖွယ်လေး။
ကဗျာအမျိုးအစား - အိုင်ချင်း
စာဆိုရှင်အမည် - တောင်တွင်း ရှင်ငြိမ်းမယ်
ခေတ် - ညောင်ရမ်းခေတ်
Comments
Post a Comment