Happy Birthday


Happy Birthday

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်

ဒီနေ့ မိုင်တိုင်(၃၇) မင်းဖြတ်ခဲ့ပြီ။

လောကကြီးအတွက်

အနာဂတ်အတွက်

ဘာတစ်ခုမှ မကြုံးဝါးပေမယ့်

မင်းက ငါ့ရဲ့ကမ္ဘာ

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်။

ကိုယ်အပြင်က ပြန်လာတဲ့အခါ

မင်းနေကောင်းရဲ့လား

သားတို့မေမေရော

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်။

သားတို့ကျောင်းပြန်လာတဲ့အခါ

နေမကောင်းကြတဲ့အခါ

ရေရွတ်တဲ့စကားလုံး

“ မေမေ ” တဲ့

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်။

နှစ်ယောက်တစ်ဘဝတဲ့

နောက်တော့

မိသားစုဆိုတဲ့ အခမ်းနားဆုံးလက်ဆောင်

မင်းပေးခဲ့တယ်

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်။

ကျွန်တော် တော်ရင် တိုင်းပြည်တော်မယ်

ကျွန်တော် ညံ့ရင် တိုင်းပြည်ညံ့မယ်

မိန်းမတစ်ယောက် ဝန်ခံချက်ထဲဖတ်ခဲ့ဖူးတယ်

မင်းကြောင့် တို့သားအဖတိုင်းပြည် သာခဲ့ပါတယ်

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်။

ဘာပဲဖြစ်ဖြစ်

ဟက်ပီးဘာ့သ်ဒေးပါ အချစ်ရယ်

ဒီနေ့ မိုင်တိုင်(၃၇) မင်းဖြတ်ခဲ့ပြီ။

 

ရှဉ့်ညိုလေး

(၃၁.၁.၂၀၁၈ နံနက် ၇ နာရီ ၃၀ မိနစ်)

 


(PS: ၁၃၄၂ တပိုတွဲလပြည့်၊ ၁၉.၂.၁၉၈၁ တွင် ကျွန်တော်တို့ မိသားစုအတွက် လက်ဆောင်အဖြစ် ကြိုရောက်လာသော ချစ်ဇနီးလေးစံသို့…)

(အမှန်တော့ ဒီနေ့ (၄၁)နှစ်ပြည့် သူ့မွေးနေ့။ သူ့မွေးနေ့အတွက် စပ်ပေးခဲ့ဖူးတဲ့ ကဗျာဟောင်းလေး ထပ်တင်ပေးလိုက်တာ။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ရသစာတမျး

ကျွန်တော်နှင့် OG Ward