သူဇာပျို့

သူဇာပျို့

၁။ အနုအယဉ်၊ စီလျဉ်ပေါင်းရုံး၊ ရွှေနန်းထုံးကို၊ ယူကျုံးမှတ်သား၊ နှလုံးထားသည်၊ မင်းများ-စိုးများ၊ ထင်ရှားစသည်၊ မျိုးမည်ထူးခြား၊ အပြားပြားလျှင်၊ ယောက်ျားမိန်းမ၊ သိကြအစဉ်၊ လူနှင့်ရှင်တို့၊ ပေါ်ထင်နှံ့လည်၊ ကျွန်ုပ်သည်လျှင်၊ သာကြည်ကုံးသီ၊ နာအီနှစ်လို့၊ မနော်ပျို့က၊ ဘယကုမ္မာ၊ ဒန္တာသီရိ၊

တွင်ရှိမည်ဟူ၊ နုအူအူနှင့်၊ ပြိုင်တူဘက်လွတ်၊ ကြာတတ်ကေသာ၊ မဟာပတိ၊ ခံချိနားမှာ၊ သာသည်ကျူးအောင်၊ ပျို့ခြောက်စောင်ကို၊ ဉာဏ်ရောင်ဖြိုးမောက်၊ ဆိုပြီးနောက်သာ၊ များမကြာခင်၊ ဆက်ကာပင်တည့်၊ မြန်ခွင်ထိပ်မိုး၊ ဆက်စဉ်စိုးသည်၊ နန်းမျိုးညှာလှစ်၊ ဧကရာဇ်တိ၊ စင်စစ်နေကျ၊ ပေးခဲလှသား၊ ကာလပုဆိုး၊ ဖဲမျိုးသုံးထည်၊ ပန်းရည်ဆိုးစွတ်၊ နီတွတ်ထိုမျှ၊ ရေတွက်ကြသို့၊ ထွန်းပလျှံလန်း၊ ရွှေနန်းများရှင်၊ ဘုရင်များမှူး၊ ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ်၊ မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ၊ ပေးတော်မူမှ၊ စဉ်စူဘန်ပြု၊ သည်ဝတ္ထုကို၊ ယဉ်နုချီးကျူး၊ ပျို့ဦးစီးဟု၊ ကြိုင်မြူးသင်းပျ၊ ဗျာဒိတ်ဟလျက်၊ ရွှင်ပြသာယာ၊ ဝတ္ထုစာကို၊ စေတနာကြည်ဖြူ၊ ကမ်းတော်မူသော်၊ လှမ်းယူချပ်မျှ၊ ရှိခိုးချ၍၊ ဒိဗ္ဗမာလာ၊ ဗျာဒိတ်ကြာကို၊ ထိပ်ချာယဉ်နု၊ ပန်ရရုလျက်၊ ယခုသာကြည်၊ ဆိုအံ့သည်ကား၊ ထူးလည်စီစဉ်၊ အယဉ်အနု၊ ကြိုးမှုရင့်ရာ၊ သေချာမှတ်လို့၊ သူဇာပျို့တည့်၊ နှစ်မြို့ဝမ်းသာ၊ ရွှင်လန်းစွာသည်။ ။ နောင်လာနှစ်သိမ့် မှတ်ရစ်စိမ့်

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း