သူဇာပျို့

 သူဇာပျို့

၂။ လွန်လေကျူးကျော်၊ ရှေးသရော်နှိုက်၊ ထွန်းပေါ်စည်လှ၊ ဇေယျပူရ၊ နာမမည်တွင်၊ ပြည်ကြီးသည်ကား၊ တမည်မချို့၊ မြို့၏အင်္ဂါ၊ စုံစွာထူပြား၊ တံခါးတရာ၊ သာသည်ခြောက်တန်၊ နတ်ရပ်ဌာန်လည်း၊ မလွန်စင်စစ်၊ ရည်တည်ဖြစ်၍၊ သစ်သစ်ထပ်ပွား၊ လူမျိုးပြားတို့၊

များသည်ဖျင်ပည်း၊ စုပေါင်းစည်း၏၊ သိမ်းဆည်းတိုင်းခွင်၊ စိုးသည့်ရှင်ကား၊ ဆယ်အင်မပျက်၊ မင်းကျင့်ဝတ်ကို၊ မချွတ်စိမ့်ငှာ၊ သက်ပမာလျှင်၊ သေချာမခွ၊ စောင့်မြဲလှလျက်၊ ဒီပသောင်းတွင်း၊ အမင်းမင်းကို၊ နှိမ်နင်းပိုင်သ၊ အစိုးရ၍၊ ရာဇိန္ဒရာဇာ၊ မည်သာသတင်း၊ ကျော်ဖောက်ထွင်း၏၊ ထိုင်းမင်းမြောက်ကား၊ မိဖုရားကြီး၊ ထွန်းညီးအင်္ဂါ၊ လက္ခဏာနှင့်၊ ကျင့်အာစာရ၊ ဂုဏလုံးခြုံ၊ မြတ်ပုံစုရာ၊ ရံများချာကား၊ နရိန္ဒာဒေဝီ၊ ခေါ်တွင်ညီလျက်၊ ကျောက်စီပျောင်းပတ်၊ ပြသာဒ်ရဝေ၊ နန်းမနေ၏၊ ပြစ်တွေလွတ်ရှား၊ မိဘုရားလတ်၊ ရွေပါင်းနတ်ကား၊ ထူးမြတ်နာမ၊ ရာဇဒေဝီ၊ ခေါ်ညီထင်ရှား၊ လွံကျော်ကြား၏၊ မိဖုရားငယ်၊ ဆန်းကြယ်လက္ခဏာ၊ လှမြတ်စွာကား၊ ဘဒ္ဒါဒေဝီ၊ ခေါ်ညီမည်မှတ်၊ နှိုင်းတုလွတ်လျက်၊ ပြသာဒ်သိင်္ဂီ၊ တဆောင်စီနှင့်၊ တူပြီမျှ၊ စံနေရသည်။ ။ ထွန်းပထင်ရည် မိုး၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း