၂၀၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရှင်များ

၂၀၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုရှင်များ

ကဗျာပေါင်းချုပ်ဆု
ပထမဆု-ချမ်းမြသော်၏ မိုးသောက်ဂီတ ကဗျာများ
ဒုတိယဆု- ခက်လှိုင်းကျော်၏ ဝေရဲရဲ ကြွေရဲရဲ စေတနာပန်းပွင့်များ
တတိယဆု- ဆန်းလွင်(မြန်မာစာ)၏ မြန်မာ့ဂုဏ်ရည်
သုတပဒေသာဝိဇ္ဇာဆု
ပထမဆု- နန္ဒာမင်းလွင် ၏ စည်းခုံတော်သမိုင်းတွင် မော်ကွန်းတင်ခဲ့သည့် ပုဂ္ဂိုလ်များ
ဒုတိယဆု-ဇွဲသန်းလျှင်း(သုံးဆယ်)၏ သူ့ကျွန်မခံ ဆရာစံ
တတိယဆု- မောင်ယဉ်လှိုင်း(ပျဉ်းမမြိုင်)၏ စက်တော်ရာ အနုပညာ

သုတပဒေသာသိပ္ပံနှင့်အသုံးချသိပ္ပံပညာရပ်ဆု
ပထမဆု-အောင်စိုး(တိရစ္ဆာန်​ဆေးကုဆရာဝန်)၏ မြန်မာ့သိပ္ပံနည်းကျ တိရစ္ဆာန်​ ဆေးကုပညာ
ဒုတိယဆု-ဒေါက်တာစန်းဝင်း(သစ်တောတက္ကသိုလ်)၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအားလုံး၏ ရည်ရွယ်ချက်

ဝတ္တုရှည်ဆု
ပထမဆု- ဈာန်လင်းထက်၏ ရက်ကန်းစင်တောင်ခြေတွင်ရှင်မွေးလွန်းနေသည်
ဒုတိယဆု- တောင်တွင်းကိုရင်သြ၏ မီးငှက်တစ်ကောင်ရဲ့ ခြင်္သေ့လည်ပြန်
တတိယဆု-ဇော်လွင်ဦး(ဟင်္သာတ)၏ အရာတော်ကမ်း လွမ်းမပြေ

ဝတ္ထုတိုပေါင်းချုပ်ဆု
ပထမဆု- သုတိသြဘာ(ဆင်ပေါင်ဝဲ)၏
ယောပုဆိုးနှင့် ကြွခဲ့ပါ အပါအဝင် အခြားဝတ္ထုတိုများ
ဒုတိယဆု- မောင်နေခြည်(ပြည်) ၏နှလုံးသားထဲက ခဲလက်ရေးနှင့် အခြားဝတ္ထုတိုများ
တတိယဆု- ကံမြင့်မော်၏ အရုဏ်ကျင်းလို့ လင်းလုပြီနှင့် အခြားဝတ္ထုတိုများ

ဝတ္ထုတိုပေါင်းချုပ်စာပေဆု-သတိုး ၏
ပတ္တမြားလှံတံ ဝတ္ထုတိုများ

ကဗျာပေါင်းချုပ်စာပေဆု-ဇော်မျိုးဟန်(ငါးသိုင်းချောင်း ၏
ပန်းနုကြည်ပြာကဗျာများ

ကလေးစာပေဆု-ချမ်းဝဏ္ဏစိုးဝင်း(တိုက်ကြီး) ရေးသားသည့် တာဝန်ကိုယ်စီရှိကြသည်နှင့် ကလေးဝတ္ထုတိုများ

စာပေပဒေသာဆု- ဒေါကတ်တာမခင်မြင့်၏ ကျမ်းများအဆီဘာရတီနှင့် အခြားဆောင်းပါးများ

မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေဆု- သုတေတီမောင်မောင်၏ မြန်မာနိုင်ငံဓာတ်ပြားသမိုင်းသုတေသနကျမ်း(၁၈၅၇-၁၉၇၇)

ဘာသာပြန်သုတစာပေဆု-ညိုအံ့၏ ခရီးကန္တာ

သုတပဒေသာဝိဇ္ဇာစာပေဆု-မောင်လေးတင့်၏ တနင်္သာရီတိုင်းဒေသကြီးနောက်ခံသမိုင်းမှတ်စု

သုတပဒေသာအသုံးချသိပ္ပံစာပေဆု-ဒေါက်တာခင်မျိုးဟန်(ကလေးအထူးကုဆရာဝန်ကြီး)၏ ရင်သွေးတို့အရွယ်သဘာဝအလိုက် ပြုစုပျိုးထောင်ရေး

နိုင်ငံရေးစာပေဆု- ပါမောက္ခဒေါက်တာဒေါ်စန်းစန်းမြင့်၏ ဖဆပလခေတ်မြန်မာ့နိုဂ်ငံရေးသမိုင်း(၁၉၄၈-၁၉၅၈)

အင်္ဂလိပ်ဘာသာရပ်သုတစာပေဆု-Terence Tan ၏ Ancient Jewellery of Myanmar from Prehistory to Pyu Period

အင်္ဂလိပ်ဘာသာရပ်ရသစာပေဆု-အောင်မျိုးမင်း၏ Beloved Country

၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ
ဆရာကြီးဦးဝင်းမွန(်တက္ကသိုလ်ဝင်းမွန်)
ဆရာကြီးဦးတင်ခ (တက္ကသိုလ်တင်ခ)
Credit: မြန်မာ့ရင်သွေး မြန်မာစာမြတ်နိုးသူများအသင်း မှ ကူးယူဖော်ပြပါသည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း