ဘ၀သင်ခန်းစာ(၄၉)

ဘ၀သင်ခန်းစာ(၄၉)

              တစ်ခါကတရားရုံးတစ်ခုတွင် ဘတ်စ် စပယ်ယာက သူ့ရဲ့ ခရီးသည် အဒေါ်ကြီး တစ်ဦးကို ကားပေါ်က ကန်ချလို့ ဆိုသော အမှု တစ်ခုကို စစ်ဆေးနေသည်။
တရားသူကြီးက ကားစပယ်ယာကို မေးသည်။
“ မင်း ခရီးသည် ဒီအဒေါ်ကြီးကို ကားပေါ်က ကန်ချတယ် ဆိုတာ တကယ်ပဲလား။ ”
ကားစပယ်ယာကလည်း မလိမ်မညာပဲ အမှန်အတိုင်းပင်ပြောသည်။
“ ဟုတ်ပါတယ် တရားသူကြီးမင်း ။ ကျွန်တော် ကန်ချခဲ့ပါတယ်။ ”
“ ဟေ။ ဘာလို့ ဒီလို ကန်ချတာလဲ။ ”
တရားသူကြီးကလည်း တအံ့တသြ နဲ့ မေးလိုက်သည်။
“ ဒီလိုပါ တရာသူကြီးမင်း။ ကျွန်တော့် ကားပေါ်ကို သူက တက်လာပါတယ်။ တက်တက်ချင်းလည်း နေရာရပါတယ်။ ခဏကြာတော့ သူ့ဆီကို ကျွန်တော် သွားပြီးတော့ “ ယာဉ်စီးခ ” တောင်းပါတယ်။ ( ဒီနေရာမှာ “ ကားခ ” ဆိုတာကြီးကို ကျွန်တော်က မကြိုက်လို့ မသုံးဘူးဗျာ။ ဘယ်လိုကြီးမှန်း မသိဘူး။ ကျက်သရေ မရှိ။ )
ဒီလို ယာဉ်စီးခ တောင်းတော့ သူက သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက လက်ပွေ့အိတ်ကို ထုတ်ပါတယ်။ လက်ပွေ့အိတ်ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပါတယ်။ ပိုက်ဆံ အိတ်ထဲက ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံ အခေါက်လေးကို ထုတ်ယူပါတယ်။ ဒီပလတ်စတစ်လေးကို သားရေပင်နဲ့ ချည်ထားပါတယ်။ သူ ဒါကို ဖြေနေတုန်း ဘတ်စ် နောက်ဘက်မှာ လူတွေ တတ်လာလို့ ကျွန်တော် ယာဉ်စီးခ သွားကောက်ပါတယ်။
နောက်က လူတွေကို ယာဉ်စီးခ သွားကောက်ပြီး သူ့ဆီ ပြန်လာတော့ သူက အားလုံးကို ပြန်ထည့်ပြီးသွားပြီ။ ဒါကြောင့် ယာဉ်စီးခ ပေးဦးလေ လို့တောင်းတော့ သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက လက်ပွေ့အိတ်ကို ထုတ်ပါတယ်။ လက်ပွေ့အိတ်ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပါတယ်။ ပိုက်ဆံ အိတ်ထဲက ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံအခေါက်လေးကို ထုတ်ယူပါတယ်။ ဒီပလတ်စတစ်လေးကို သားရေပင်နဲ့ ချည်ထားပါတယ်။ သူ ဒါကို ဖြေနေတုန်း ဘတ်စ် နောက်ဘက်မှာ လူတွေ တတ်လာလို့ ကျွန်တော် ယာဉ်စီးခ သွားကောက်ပါတယ်။
ဒီတစ်ခါ တတ်လာတာက သုံးယောက်ဆိုတော့ နည်းနည်းကြာသွားပါတယ်။ ပြီးတော့ သူ့ဆီ ပြန်ရောက်တော့ သူက ယာဉ်စီးခ မထုတ်ထားပဲ အားလုံး ပြန်ထည့်သိမ်းထားတယ်။ ဒါကြောင့် ယာဉ်စီးခ ပေးဖို့ ထပ်ပြောတော့..သူက သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက ....................။ ”
“ ဟေ့...ဟေ့..တော်တော့။ ”
နားထောင်နေတဲ့ တရားသူကြီးက ရုတ်တရက် လှမ်းအော်ပြောလိုက်သည်။ စပယ်ယာက မျက်နှာငယ်လေးနဲ့ လှမ်းမော့ကြည့်တော့ တရားသူကြီးက ပြောသည်။
“ မင်းကို သူကို ဒီလို ဘယ်နှစ်လုပ်လဲ.။ ဒါပဲ ဖြေတော့။ ”
“ ဟုတ်ကဲ့။ ဒီလိုမျိုး ၅ ခါ လုပ်ပါတယ်။ ၆ ကြိမ်မြောက်မှာတော့ ကျွန်တော်လည်း သည်းမခံနိုင်တော့လို့ သူ့ကို ကားပေါ်က ကန်ချမိတာပါ။ ”
“ အေး..၊ မင်းမို့လို့ ၆ ကြိမ်အထိ သည်းခံနေတာ.။ ငါသာဆိုရင် ၃ ကြိမ် ကတည်းက ကန်ချတယ်ကွ။ ”

(PS: Customer Right ဆိုသော စကားလုံး ခံတွင်းတွေ့သူများအတွက်)
http://aungphyooonline.blogspot.com မှ ပြန်ရှယ်ထားခြင်း ဖြစ်ပါသည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း