ဘ၀သင်ခန်းစာ(၄၀)

ဘ၀သင်ခန်းစာ(၄၀)

                  သားဦးလေးရကာစ ကောင်းဇေယျာလင်း ငယ်စဉ်ကဖြစ်သည် ။ ကလေငိုနေသည်မှာ ကြာပြီဖြစ်သော်လည်း တော်တော်နှင့် မတိတ်နိုင်သဖြင့် ဇနီးသည်က ...
" နာမည်ရှည်သလောက် ငိုကြောရှည်တယ်နော်..."
" လေနာလို့များလားမှ မသိတာ... "
" သီချင်းဆိုသိပ်မှ ရမယ်ထင်တယ်... "
ပြောပြောဆိုဆို သီချင်းဆိုပြရန် ပြင်နေသည့် ဇနီးသည်ကို အလျင်အမြန်တားလိုက်ရသည်။
" ခဏ...ခဏ၊ မင်းကလဲကွာ ချော့ကြည့်ပါဦး၊ မရတဲ့အဆုံးမှ နောက်တစ်နည်းပေါ့၊ ချက်ခြင်းကြီး ဆိုပြမယ်ဆိုတာကတော့ ရက်စက်လွန်းပါတယ် ... "


(PS: တစ်ခါတစ်ခါ ကိုယ်ချစ်တာက ရက်စက်ရာများ ရောက်နေမလား)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း