ဘ၀သင်ခန်းစာ(၄၄)

ဘ၀သင်ခန်းစာ(၄၄)

               လူငယ်တစ်ယောက်သည် ဘောလုံးအကယ်ဒမီကျောင်းကိုဝင်ရန် လျှောက်လွှာတင်သည်။
အကယ်ဒမီကျောင်းအုပ်ကြီးက သူ့ကို မေးသည်။
“ဆိုကြပါစို့ မင်းဟာ ဘောလုံးကွင်းထဲမှာရှိနေမယ်။ ရှေ့မှာ
ပြိုင်ဘက်အသင်းက လူတစ်ယောက်ကိုတွေ့တယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို သူ မကန်နိုင်အောင် တအားကြုံးကန်ပစ်လိုက်ပါမယ်”

“မှန်တယ် ၊ နောက်အခြေအနေတစ်ခု၊ မင်းဟာ ဘောလုံးကွင်းထဲမှာဆိုပါစို့။ ရှေ့မှာ ပြိုင်ဘက်အသင်းက လူတစ်ယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်းတစ်ဖက်အသင်းက လူတစ်ယောက်စီရှိနေတယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို အဝေးကြီးရောက်အောင် ကန်ထုတ်ပစ်လိုက်ပါမယ်”
“ဟုတ်ပြီကွယ်။ နောက် အခြေအနေတစ်မျိုး၊ မင်းက ဘောလုံးကွင်းထဲမှာ၊ ရှေ့မှာပြိုင်ဘက်အသင်းက လူသုံးယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း လူသုံးယောက်စီ၊ ဒီကြားထဲ သူတို့အသင်းရဲ့နည်းပြဖြစ်သူ က မင်းဆီဦးတည်လာနေတယ်။ မင်းဘာလုပ်မလဲ”
“ဘောလုံး မကစားတော့ဘဲ ပြန်သိမ်းလာမှာပေါ့ ”
“မှန်တယ်။ ကိုင်း ၊ နောက်အခြေအနေတစ်မျိုးကို စဉ်းစားကြည့်။ မင်းဟာဘောလုံးကွင်းထဲမှာရှိနေ တယ်။ရှေ့မှာပြိုင်ဘက် အသင်းသားတွေအားလုံးရှိနေတယ်၊ ဘယ်နဲ့ ညာဘက်မှာလဲ တစ်ဖက်အသင်းရဲ့ အရံကစားသမားတွေစောင့်နေတယ် ဆိုပါစို့၊ မင်း ဘာလုပ်မလဲ”
လူငယ်ကအံကြိတ်ပြီး ပြောလိုက်သည်။
“မေးခွန်း တစ်ခု မေးလို့ရမလား”
“မေးနိုင်ပါတယ်”
“အခုကစားမယ့်ဘောလုံးအသင်းမှာ ကျွန်တော် တစ်ယောက်ထဲ ရှိတာလားဗျ ဟင်”

Credit:ရဲစတိုင်း
(PS: တကယ်တော့ ဘ၀ဆိုတာ ထွက်ပေါက်အားလုံး ပိတ်ထားသယောင်ရှိတဲ့ အင်တာဗျူးပါ...ကျွန်တော်တို့အားလုံး နေ့စဉ်ဖြေနေကြရတာလေ)
https://shintnyolay.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း