ဘ၀သင်ခန်းစာ(၅၁)

ဘ၀သင်ခန်းစာ(၅၁)

                 မြို့တစ်မြို့၏ ဘုရားပွဲတစ်ခုတွင် ဖြစ်သည်။ ပွဲဈေးမစမီဆပ်ကပ်ရုံဘက်သို့လူတစ်ယောက်ရောက် သွားသည်။ ဆင်တစ်ကောင်ကို ကြံကျွေးနေသည့်ဆင်ထိန်းတစ်ယောက် ကို တွေ့သည်။ ဆင်၏ရှေ့ခြေထောက်တွင်
ကြိုးလေး သေးသေးနဲ့ ချည်ပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့သည်နှင့်အံ့သြသွားသည့်။ထို့ကြောင့် ကြံကျွေးနေသည့် ဆင်ထိန်းကို မေးလိုက်သည်။
"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေ ထောက် တစ်ချောင်းထဲမှာ ကြိုးသေးသေးလေးချည်ပြီး ဖမ်းထားရဲတာ။ ဒါကို ဆင်ရုန်းထွက်ပြီး လူကိုရန်မူမှာ မကြောက်ဘူးလားဗျ"
" မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။ အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေး လေးနဲ့ပဲ ပြန်ချည်တယ်။ သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ"

မူရင်းရေးသားသူအား Credit:

(PS: ကျွန်တော်တို့တတွေလည်း တစ်ခါတစ်ခါ ဆင်တွေနဲ့တူပါတယ်။ ရှုံးနိမ့်ဖူးတာနဲ့ ထိုင်ချလိုက်ကြတော့တာ များတယ်။ ကျွန်တော်တို့ အရှုံးကို ရင်မဆိုင်နိုင်ဘူးလေ။ ဒါ့ကြောင့် အနိုင်မရကြတာပါ။)
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း