ဘ၀သင်ခန်းစာ(၅၃)
ဘ၀သင်ခန်းစာ(၅၃)
တစ်ခါက သူငယ်ချင်းနှစ်ယောက်ဟာ မြစ်တစ်ခုမှာ ရေချိုးနေကြသည်။
ရေမကူးတတ်သည့်တစ်ယောက်က ရေဖလားနှင့် ခပ်ပြီးချိုးသည်။
ကျန်တစ်ယောက်က ရေကူးတတ်သဖြင့် မြစ်အလည်သို့သွားချိုးသည်။
ရေဖလားနှင့်ခပ်ချိုးသော ကလေးက

" သူငယ်ချင်း … မြစ်အလယ်ကို သွားမကူးနဲ့၊ ရေစီးသန်တယ်၊ ရေနစ်နေလိမ့်မယ်ကွ"
ထိုသို့ဟြေလိုက်သောအခါရေကူးတတ်သည့် သူငယ်ချင်းကဤသို့ပြန်ဟြေသည်။
" ဟား ဟား… မင်းသာ ရေမကူးတတ်လို့ ကမ်းစပ်မှာ ချိုးတာကွ၊ ငါက ရေကူးတတ်ပြီးသား...မယုံရင်ကြည့်ထား..."
ထိုသို့ပြောရင်း မြစ်လည်ကျသည့်ဘက်သို့ထပ်ကူးသွားသည်။ ရေစီးသန်လွန်းသည့် မြစ်လည်ရောက်သည့်အခါ ကူးရင်းနှင့်ပင် မျောပါသွားသည်။
ကမ်းစပ်က တစ်ယောက်မှာ ဘာလုပ်ရမည်ကို မစဉ်းစားတတ်အာင်ဖြစ် သွားသည်။သူကိုယ်တိုင် ကယ်ရအောင်လည်းရေ မကူးတတ်သဖြင့် အခက်တွေ့နေသည်။ ကမ်းစပ်တလျှောက်မှာလည်း လူသားဟူ၍ သူတို့နှစ်ဦးသာ ရှိနေသည်။ ရေစီးထဲ မျောပါနေသည့် သူငယ်ချင်းထံမှ ကယ်ပါ ယူပါ တစာစာကိုလည်း ကြားနေရသည်။
ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာချလိုက်ပြီးသူ့လက်ထဲမှ ရေခွက်ကို ရေထဲမျောလိုက်ရင်းလှမ်းအော်လိုက် သည်။
" သူငယ်ချင်းရေ ငါ့ရေခွက်ကြီးလည်း ရေထဲမျောသွားပြီကွ။ မင်းလို ကူးစရာ ခြေလက် မပါဘူးကွ။ မကြာခင် မြုပ်သွားမှာ။ မင်းကတော့ ကူးစရာ ခြေလက်အစုံရှိတယ်ကွ၊ ကမ်းစပ်ကိုကူးခဲ့..."
ထိုစကားကိုပဲ အကြိမ်ကြိမ်အော်ဟြေရင်း ကမ်းစပ်ကနေပြီးမြစ်ကြောင်း အတိုင်း ပြေးလိုက်နေသည်။
သူ့ပါးစပ်ကလည်း …
"ကမ်းစပ်ကို ကူးခဲ့လေကွာ..."
ဟုထပ်ကာထပ်ကာ အော်ပြောသည်။ထိုသို့အကြိမ်များစွာအော်ဟြေလိုက်သည့်အခါမြစ်ကြောင်း အတိုင်း မျောနေသောသူငယ်ချင်းဖြစ်သူသည် အားသွန်ခွန်စိုက်နှင့်ကမ်းစပ်ရှိရာသို့ ကူးလာခဲ့သည်။အဆုံးမှာတော့ ကမ်းစပ်ရှိရာသို့အရောက်ကူးခတ်နိုင်ခဲ့သည်။
သူကမ်းစပ်ရောက်နေချိန်တွင်ရေမကူးတတ်သည့် သူငယ်ချင်း၏ရေခွက်လေးသည် မျက်စိရှေ့မှာပင် မြစ်ထဲ သို့ မြုပ်သွားသည်။
ထို့နောက်မှာတော့ သူငယ်ချင်းနှစ်ယောက်သား မောမောနှင့် ကမ်းစပ်တွင်
ပက်လက်လှန်ချလိုက်ကြသည်။ ပြာလွင်နေသော ကောင်းကင်ကြီးကိုကြည့်နေသည့် လူငယ်နှစ်ယောက်ထံမှ ခိုးခိုးခစ်ခစ်ရယ်သံတို့ ပြန့်လွင့်လာသည်။
ထိုရယ်သံကို မြုပ်သွားသည့်ရေခွက်လေးမှအပ ကမ်းစပ်ရှိ ငှက်တချို့တို့ ကြားလိုက်ရလေသည်။
မူရင်းရေးသားသူအား Credit:
Photo;Credit
https://shintnyolay.weebly.com
(PS: တကယ့်အရေးအကြောင်းကြုံနေစဉ်မှာပင် ကျွန်တော်တို့ရဲ့ အစွမ်းအစတွေကို ထုတ်သုံးဖို့ မေ့နေတတ်ကြတယ်။)

Comments
Post a Comment