ဘဝသင်ခန်းစာ(၅၀)

ဘဝသင်ခန်းစာ(၅၀)

                တခါတုံးက လယ်သမားမိသားစုလူ့လောကမှာပျော်ရွှင်စွာ နေထိုင်နေကြတာကို မကောင်းဆိုးဝါးကြီး က တွေ့သွားသည်။
"ဒီလူတွေကို နှောက်ယှက်ရမယ်။ ငါ့ ကိုမေ့နေကြတယ်။ "
ထို့နောက်မကောင်းဆိုးဝါးလေးတစ်ကောင်ဖန်ဆင်းပြီး လယ်သမားတစ်ဦးကို အကျင့်ပျက်အောင်လုပ်ခိုင်းစေ ခဲ့သည်။ လယ်သမားက သူ့ လယ်သူထွန်ရင်း သူ့ဘ၀ကိုသူကျေနပ်တင်းတိမ်နေခဲ့ သည်။မကောင်းဆိုးဝါးလေးက ထိုလယ်မြေတွေကို မာကြောအောင် ပြုလုပ်လိုက်သည်။လယ်သမားက ခဏနားလိုက် ဆက်ထွန်လိုက်နဲ့ ငြီးငြူသံ ကို လုံးဝမကြားရဘဲလက်လျော့ပြီး ပြန်သွားရှာတော့သည်။
မကောင်းဆိုးဝါးနောက်တစ်ယောက်ကို စေလွတ်ပြန်သည်။ နောက်ထပ်ရောက်လာသည့် မကောင်းဆိုးဝါးလေးက လယ်သမားရဲ့ပိုင်ဆိုင်မှုတွေကိုယူမယ်ဆိုပြီး ထမင်းဘူး နဲ့ ရေဘူး ကိုယူလိုက်သည်။
ထမင်းဘူးတွေမရှိတော့တာကို သိတော့
"အော် ငါ့ထက်ဆာနေမဲ့သူ ရှိနေရင် ယူပါစေ။ သူဗိုက်ဝရင် ရပါပြီ"
ဆိုပြီး လယ်ကိုဆက်ထွန်နေလိုက်သည်။ ဒုတိယမကောင်းဆိုးဝါးလည်း မအောင်မြင်ပဲ ပြန်လာရသည်။
တတိယ မကောင်းဆိုးဝါးကို စေလွတ်ပြန်သည်။ သူကတော့ လယ်သမားနဲ့
အရင်မိတ်ဆွေဖွဲ့သည်။ ထို့နောက်မှာတော့ မကောင်းဆိုးဝါးကအနာဂါတ်ကို မြင်နိုင်သည့်အစွမ်းရှိ၍ လာမည့်နှစ်မှာ ဆန်ရေစပါးရှားပါးမှုဖြစ်မယ် ဆိုပြီး လယ်သမားကိုပြောသည်။ဒီလိုနဲ့ မကောင်းဆိုးဝါး ဆီက အကြံတွေရယူပြီး လယ်သမားဟာ မကြာမီမှာပဲသူဌေးဖြစ်လာခဲ့သည်။လယ်ယာတွေမထွန်ယက်တော့ဘဲ မကောင်းဆိုးဝါးရဲ့ အကြံပေးတဲ့အတိုင်းအရက်အရောင်းတွေ စတင်လုပ်ကိုင်လာပြီး ချမ်းသာထက်ချမ်းသာလာခဲ့သည်။
တတိယ မကောင်းဆိုးဝါးဟာ သူ လယ်သမားရဲ့အကျင့်တွေကို ပျက်အောင်လုပ်နိုင်ပြီဖြစ်ကြောင်း မကောင်းဆိုးဝါးကြီး ထံလာပြောသည်။ တနေ့ လယ်သမားသူဌေးရဲ့စားပွဲမှာအခြွေအရံတွေ အရသာရှိတဲ့စားစရာတွေနဲ့ အကောင်းစားအရက် တွေနှင့် စားပွဲကြီး ကျင်းပနေသည်။ ထိုအချိန်မှာပင် အစေခံတစ်ဦးက အရက်ပုလင်းယူလာနေချိန်မှာ ခြေချော်ပြီးသူဌေးပေါ်ကို မှောက်ကျကုန်သည်။
သူဌေးက
"ဒါလေးလုပ်တာကို ဂရုကိုမစိုက်ဘူး"
"သူဌေး၊
မနက်ကတည်းကလုပ်နေတာ အရမ်းကို ဗိုက်ဆာလှပါပြီ"
"အလုပ်မပြီးရင် မစားရဘူး"
လို့အော်လိုက်ပါတယ်။
မကောင်းဆိုးဝါးကြီးက ဒါကိုမြင်တော့ တတိယမကောင်ဆိုးဝါး ကို "မင်းဘယ်လိုအကျင်ပျက်အောင်လုပ်နိုင်တာလဲ"
"လယ်သမားလိုတာထက်ပိုပေးလိုက်တာ
ပါ၊ ဒီလိုနဲ့သူ့ရဲ့လောဘစိတ်တွေတက်လာတာပါ"
လို့ တတိယမကောင်းဆိုးဝါးလေးက ပြန်ပြောလိုက်သည်။
Credit: ရွှေအိမ်စည်
(PS: လိုတာထက်ပိုရလာသည့်အခါ အကျင့်စရိုက်ကောင်းတို့ ပျက်ဆီးလာသည်)
https://shintnyolay.blogspot.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း