Posts

ကံကောင်းနေသော ကိုလေးထူး

Image
ကံကောင်းနေသော ကိုလေးထူး ကိုလေးထူးတို့ ဒီနှစ်ထဲ တော်တော်လေး ကံထူးပါတယ်။ ကရာတေးသင်တန်း (၅၁)နှစ်ပြည့်အထိမ်းအမှတ်မှာ (Kata) ကစားဖို့ ပါထားပါတယ်။ ဖြစ်ချင်တော့ အထိမ်းအမှတ်ပွဲကို မဆင်နွှဲလိုက်ရဘူး။ အဲဒီနေ့ မနက်အစောကြီးမှာပဲ မေမေ့ကို ဆေးရုံတင်လိုက်ရပါတယ်။ လက်လွှတ်လိုက်ရပြီတောင် ထင်ထားတာ။ ရွှေတော်ဝင်မှာ (၂)ပတ်လောက် တက်ပြီး ဆင်းလာရပါတယ်။ မိသားစုဝင်တွေကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး။ အနူမကူးပေမယ့် အပူကူးတယ် မဟုတ်လား။

သူဇာပျို့

Image
  သူဇာပျို့ ၁၄၄။   သို့နှင့်ခဏ ၊ ကြာပြီးမှလျှင်၊ ကျွန်မမျက်စိ၊ နောက်ကျိမူးလည်၊ ပါလှသည်ရှင်၊ ထိပ်တင်တို့များ၊ ထိုသို့သွား၍၊ ပျော်ပါးရွင်ပျ၊ နေဦးကြပါ၊ ကျွန်မချည်းသာ၊ မထောင်းတာအောင်၊ ပူဆောဖြေဆည်၊ ပါဦးမည်ဟု၊ ရှိရည်မြှောက်ချီး၊ လျှောက်ဆိုပြီးသော်၊ လည်သီးစိန်ဖြူ၊ မြချူသွင်သွင်၊ တင်းထိမ်ငင်၍၊ ရောင်ထင်ဝင်းဝါ၊ ရွှေမွေ့ရာထက်၊ ပူဆာလှပ်လှပ်၊ အုံးဝယ်ဝပ်၍၊ ဖပ်ဖပ်မျက်ရည်၊ ရူတသည်ကား၊ ဘုန်းခြည်ဖြာဖြိုး၊ နေ့တိုင်းတိုးသည်၊ ယဉ်မိုးသည့်ရှင်၊ မယ့်သခင်ကို၊ နတ်တွင်နတ်များ၊ နတ်သိကြားကား၊ နတ်သားဘုန်းရှိ၊ မာတလိအား၊ မှာထားကြည်ဖြူ၊ စေတော်မူ၍၊ စောက်ယူဇနာ၊ တရာငါးဆယ်၊ ဖြူသွယ်မြင့်ဖျား၊ ရထားစကြာ၊ ဝေယန္တာနှင့်၊ ယူဇနာပလ္လင်၊ မြတ်ထက်တင်၍၊ မျက်ရှင်ရောင်ထွန်း၊ သည်မယ့်နန်းကို၊ လျင်လွန်းခုသာ၊ ဆောင်ခဲ့ပါလော့၊ နေရာရပ်ဟောင်း၊ မရောက်တောင်းပင်၊ ဆွေပေါင်းမျိုးစည်၊ မွေးသည်မိဘ၊ အစ်မမျက်နှာ၊ မြင်ရပါလည်း၊ ထိပ်ချာမင်းလှ၊ ယဉ်နိုင်မျှကို၊ ကျွန်မဝမ်းထဲ၊ အံ့လွမ်းဝဲသည်။ ။   လှိုက်မြဲမက − ပါတကား ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၄၃။   သို့လျှောက်ပြီးမှ ၊ အစ်မခြောက်ဘော်၊ မယ်တော်တို့ကို၊ လွန်ရိုသေစွာ၊ ရှက်ရွံ့ရှာ၍၊ နရိန္ဓဒေဝီ၊ မဟေသီက၊ သိင်္ဂီထွန်းပြောင်၊ ဝိရိတောင်သို့၊ ရည်ဆောင်ရှေ့ရှူ၊ သွားတော့ဟူလျက်၊ အယူဆို့မျို၊ စစ်သို့ရှေ့ရည်၊ လိုက်သည်ကိုသာ၊ ချန်ညှာခဲ့၍၊ စေ့စေ့စဉ်လျား၊ မူဆိုးသားလည်း၊ ယူသွားသည်က၊ စ၍ရွှေပြည်၊ ရောက်သည်ရှိလျင်၊ အိမ်ရှေ့ရှင်နှင့်၊ တူပင်ထိမ်းမြား၊ သည်းကြားမြင်ဟန်၊ ဆိုးလွန်သွမ်းပျက်၊ ပုဏ္ဏားဖျက်၍၊ ဘယက်ဆင်ကာ၊ ဟေမာတုံ့ခေါက်၊ ပြန်ရောက်သည်တိုင်၊ ကံဆိုင်ကြမ္မာ၊ ဖြစ်ခြင်းရာကို၊ စေ့ရှာမကြွင်း၊ ပြန်လေလျှင်းသော်၊ ဝင်းသည်ရောင်တောက်၊ မင်းခြောက်ယောက်လည်း၊ ဝမ်းမြောက်လျဘွယ်၊ ယိုသွယ်ပြိုက်ရွှဲ၊ ဝမ်းကွဲတချက်၊ စိုက်စက်လည်းခေါ်၊ ဪဪတို့မယ်၊ သည့်နှယ်ပင်လား၊ တို့သက်ထားဟု၊ သားဖြားရိပ်မြုံ၊ တစုံမက်မက်၊ ပိုက်ဘက်ယုယ၊ ဖျော်ဖြားကြသော်၊ ရွှေနန်းခေါင်ချာ၊ စိုးမည့်လျာကို၊ ဝမ်းမှာခဲအိုင်၊ ဂလိုင်သည်းထိ၊ လွမ်းတည့်မိ၍၊ မချိပြင်းပြ၊ ငိုချင်လှသော်၊ အစ်မ − မယ်တော်၊ မျိုးဘော်တို့အား၊ ခံ့ညားရွံ့ရှာ၊ လွန်အားနာ၍၊ ကြံရာမရ၊ ကြီးဒုက္ခဖြင့်၊ ဝမ်းကလှိုက်ဆူ၊ မီးရှိန်ပူသည်။ ။   မဉ္ဇူကဲ့သို့ − မြန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြ...

သူဇာပျို့

Image
သူဇာပျို့ ၁၄၂။   ရွှေခဲရတနာ ၊ မင်းသူဇာနှင့်၊ ကင်းကွာကြရ၊ ထိုနေ့ကသည်။ နေ့ကပည်းလှိုင်၊ ခုတိုင်တော့သည်။ ဘယ်မည်နေ့ရက်၊ နံနက်နေဝင်၊ ဘယ်သည်တွင်မျှ၊ ပျော်ရွှင်သမှု၊ အစုတို့များ၊ မေ့မည်ထား၍၊ ထပ်ပွားလေလေ၊ ထူးထွေထွေသာ၊ ပူဆာညှိုးသမ်း၊ လွမ်းတော့သည်ရှင်၊ ကြာတင်နှစ်လ၊ ယခုမှပင်၊ စိမ်းမြညိုပြာ၊ တို့ထိပ်ချာမှာ၊ အာကာသဖြစ်၊ ညွန့်လာထစ်သို့၊ စင်စစ်ချမ်းမြ၊ ငြိမ်းပေရဟု၊ ယုယမြတ်လေး၊ လျှောက်ကြမေးသော်၊ ဖြူမွှေးနုဝါ၊ မင်းသူဇာကား၊ ပေါ်လှာရူပ၊ ဆောင်ရွက်မ၍၊ ဝမ်းကလှိုက်နှည်၊ ဝဲနှယ်လည်လျက်၊ လျှောက်သည်မှာကား၊ ထိပ်တင်များကို၊ ကံအားလျော်စွာ၊ လူရပ်ရွာသို့၊ ကွေကွာမိဘ၊ လွင့်ရောက်ရသည်၊ နိမ့်ကျပူဆာ၊ ဘယ်သည်ငှာမျှ၊ ပြစ်ဆာစွန်းငြိ၊ ရှိပေဘူးရှင်၊ ဘ − ရှင်ပင်နှင့်၊ မ − ရှင်ကစ၊ မင်းလှခြောက်ပါး၊ ထိပ်ချာများကို၊ ထိပ်ပွားလှိုက်ပွက်၊ လွမ်းသည်ချက်သာ၊ တပြက်လျှပ်ရွေ့၊ မလျှောက်မေ့၍၊ ဖြီးလွေ့ခွေရစ်၊ ဆင်းရဲဖြစ်၏၊ စင်စစ်သည့်ပြင်၊ ပူပင်ဒုက္ခ၊ ဘယ်မှာညစ်ညူး၊ ရှိပေဘူးဟု၊ ညံ့နူးဩဇာ၊ ဖြီးညံ့စွာသည်။ ။   ထွေလာကြိင်ပျံ့ − မွန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၄၁။   အစ်မတော်များ ၊ မင်းခြောက်ပါးလည်း၊ ရွှေသားယဉ်နု၊ မင်းရွှေဥသည်၊ ယခုပျောက်ကွယ်၊ ပြေးမည့်နှယ်ပင်၊ လည်ဝယ်အလျင်၊ ရစ်ဆွဲဆင်၍၊ နမ်းခင်နမ်းက၊ ရှိလကလျင်၊ တိုးကြလုယက်၊ စီစီကျက်ပင်၊ ဖြူညက်ရွရွ၊ လက်ဖျားမျှကို၊ ခဏခဏ၊ ဆွဲကိုင်ကြ၏၊ သို့မှမကြာ၊ မင်းသူဇာကို၊ ညောင်းညာပျံ့ပျူး၊ ဖြေပါဦးဟု၊ ညံ့နူးမွေ့ရာ၊ ထုနှစ်ထွက်ထက်၊ ဘယ်ညာယုယ၊ ချီမဖျော်ဖြေ၊ စက်လျောင်းစေ၍၊ ကွမ်းရေလက်ဘက်၊ ဆက်ကြတသွယ်၊ ခြေနယ်လက်သပ်၊ ရွှေယပ်ခံကြ၊ ဖြားယုယလျက်၊ အစ်မခြောက်ပါး၊ မေးကြငြား၏၊ ရွှေသားညီမ၊ မင်းရှင်လှကို၊ မူလညစ်ခေ၊ မူဆိုးလေသည်၊ ရှာဘွေဆန်းကြယ်၊ သားငှက်နှယ်ပင်၊ ရောင်းဝယ်မည်လား၊ ယူလေသွားသော်၊ ဆွေဝါးမနီး၊ ကိုယ်ထီးတော်ကွဲ၊ မျက်ရည်ရွဲနှင့်၊ ဆင်းရဲပူဆာ၊ ရှိရှာတော့မည်၊ လူတို့ပြည်ဝယ်၊ မတည်ညှိုးငယ်၊ ဘယ့်နှယ်မင်းပု၊ ရွှေဥကြက်သရေ၊ ဖြစ်လေသည်ရှင်၊ မရွှင်နိုင်လျှင်း၊ တို့လွမ်းခြင်းကား၊ ကိုယ်တွင်းမီးဟု၊ ပူ၍ချိချိ၊ ငြိတော့ကိုရှင်၊ များဖြင်နှစ်လ၊ ကြာတင်မှကို၊ လုံ့လသမှု၊ ဘယ်နှယ်ပြု၍၊ ရွှေဥရတနာ၊ ယူ့လက်မှာက၊ လွတ်ပါခဲ့သည်၊ မျက်ရည်မကင်း၊ ရှိရခြင်းကား၊ မိဘကင်းကွာ၊ ဆင်းရဲရာက၊ ငဲ့ညှာ၍ကို၊ လွတ်ပါလှရှင်၊ ပူပင်ရှိရှား၊ ဖြစ်ကြောင်းလျားကို၊ ကြားလ...

သူဇာပျို့

Image
သူဇာပျို့ ၁၄၀။   အတုလ ဒေဝဓီတာ ၊ မိမြတ်စွာလည်း၊ မေတ္တာဖြီးစည်၊ မျက်ရည်ရွှမ်းစို၊ ငိုလည်းငို၍၊ တိုင်းဆိုမသိ၊ ဇောပီတိနှင့်၊ မ − ကြီးသခင်၊ နှောင်းမြရှင်မ၊ အထွေးလှကို၊ ယုယရင်ခွင်၊ ထားတင်ပိုက်မ၊ မနမ်းရသည်၊ ကြာလှပြီရှင့်၊ နှစ်မြင့်ကျူး၍၊ မနေ့မှသာ၊ နမ်းရပါ၏၊ ငါသာနမ်းမည်၊ ငါ့သွေးရည်ကို၊ ချစ်ကြည်ထပ်မွမ်း၊ အုံ၍နမ်းသော်၊ ညှိုးနွမ်းပျံ့ကြည်၊ ပြယ်တော့မည်ဟု၊ ဆိုမြည်ဆီးကန့်၊ ဝေးကဟန့်လျက်၊ စုံမက်ကြိမ်ဖန်၊ နမ်းပြန်လေလေ၊ ဘက်၍နေ၏၊ နှိုင်းထွေဆိုရာ၊ ဥပမာမူ၊ မဟာသမုဒ္ဒ၊ မြစ်မဤရေ၊ ကုန်ချေတော့မည်၊ ငံ့ဆည်မြှော်ခေါ်၊ တော်လျော်ရုံမျှ၊ သောက်ကုန်ကြဟု၊ မြစ်မထက်ဖျား၊ ဖြတ်လျက်သွားသည်၊ ထူးပြားမိုက်ချက်၊ တင်ကျီးငှက်နှင့်၊ နှိုင်းဘက်ပုံယူ၊ သဘောတူ၏၊ အမူမှားစွာ၊ သည်အရာသည်၊ မေတ္တာစိတ်က၊ အားကြီးလှ၍၊ မောဟတွေဝေ၊ ဖြစ်လေသတတ်၊ မျက်မြတ်ဇောတ၊ အနဂ္ဃကျုံး၊ ငါ့ပန်းကုံးကို၊ တင့်ဆုံးထိပ်ဆီ၊ ဆင်ရပြီဟု၊ ရွှင်အီစိတ်စော၊ ရယ်ပြောရယ်ဆို၊ လက်ကိုဖြန့်ကာ၊ လက်ရှစ်ပါမျှ၊ မြူးရွှင်ပြသည်။ ။   အားရထွေထူး − ဆန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၃၉။   သို့စသည်ဖြင့် ၊ ရှိုက်ရင့်သံချို၊ ဘွဲ့နွဲ့ငိုလျက်၊ စီးယိုမျက်ရည်၊ မဆည်နိုင်ရှာ၊ ဝမ်းမှာပူအိုက်၊ တလှိုက်လှိုက်နှင့်၊ တိမ်တိုက်မိုးခြေ၊ ပျံ့သွားလေ၍၊ ရွှေမြေဂိရိ၊ တိုင်သည်ရှိသော်၊ မဏိရောင်ထွန်း၊ နန်းမတော်နောက်၊ ပျော်လောက်ထူးပြား၊ တန်းလျားရှေ့တွင်၊ နန်းကြမ်းပြင်ထက်၊ အသာသက်တော်၊ ကြွက်ကြွက်ဆူသည်၊ ခမည်း − မယ်တော်၊ ခြောက်ဘော်အမ၊ များလှပည်းထူ၊ နန်းသူအလုံး၊ ရွှင်ပြုံးကြည်ဖြူ၊ အိပ်ပျော်သူလည်း၊ ဟောက်ရှူရာက၊ ထကြွအပြင်း၊ ထမင်းစားခွက်၊ ပက်လက်ပစ်ခဲ့၊ ယဲ့ယဲ့နာကို၊ လူဆွံအိုလည်း၊ အလိုပြီးတိုင်၊ ထလာနိုင်၏၊ ရိုင်ရိုင်စုကြ၊ ဝေးကတချို့၊ နှစ်လို့စုံမက်၊ ရှိလက်စုံမိုး၊ ခိုးကြမြတ်လေး၊ မေးကြဆင့်ဆင့်၊ ချစ်ပွင့်လန်းကြ၊ မစားရဘဲ၊ ဝသည်ဝမ်းဝယ်၊ ပီတိကြွယ်၍၊ ရယ်ကြရွှင်ကြည်၊ တချို့သည်လည်း၊ မျက်ရည်ရွှမ်းကျ၊ ကြေကွဲကြ၏၊ ဒေဝိန္ဒရာဇာ၊ ရွှေတောင်ချာလည်း၊ ကြင်နာလွန်ကဲ၊ ဆံကိုခွဲ၍၊ ယိုရွှဲပြိုက်သွယ်၊ ထိပ်လယ်ပျံ့ကြူ၊ နမ်းတော်မူသည်။ ။   ကြည်ဖြူပီတိ − လန်း၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၃၈။   ဘက်ကင်းလူတွင် ၊ ဂုဏ်အင်ပညာ၊ အာဏာတန်းခိုး၊ နုယဉ်မျိုးကို၊ စိုးသည့်ထိပ်ချာ၊ ဧကရာဝယ်၊ မေတ္တာမြင်းမိုရ်၊ မယ့်ကိုခွေရစ်၊ ချစ်မြဲချစ်၍၊ ရောက်လစ်စကြာ၊ ရတနာလျှင်၊ ကြွလှာရောက်တည့်၊ ထင်ပါလှည့်လော့၊ ဖြေဖြည့်မသာ၊ လွမ်းယော်ကာနှင့်၊ ဟေမာရွှေမြေ၊ ဂိရိဗွေဘွယ်၊ မသေချင်ပါ၊ ထိပ်ချာမင်းလှ၊ ယဉ်နှိုင်းမျှ၏၊ နုလှရွှေစက်၊ စုံနှစ်ဘက်ကို၊ အုံးလျက်ကျွန်မ၊ သေချင်လှ၏၊ လောကခေါင်ချာ၊ စိုးမည့်လျာငယ်၊ ခုသာစုံမက်၊ ကျွန်မသက်ကို၊ တဆက်ဖျော်ဖြည့်၊ ကယ်ပါလှည့်လော့၊ မိုသည့်စေသား၊ ရတနာတိ၊ တန်ဆာရောင်ညီး၊ ဆင်ယင်ပြီးသော်၊ စစ်ကြီးမြေရှည်၊ ချီမည်ဆဲဆဲ၊ လှိုက်လဲမူးလည်၊ သွားတော့မည်ဟု၊ မိန့်သည်ရှိလျှင်၊ တာရှင်မင်းလှ၊ ဘယ်သို့ပဟု၊ ကျွန်မမျက်ပါ၊ လက်ခြေခါ၍၊ ပြစ်ရှာမကြည်၊ လျှောက်မိသည်ကို၊ ကြံစည်နောင်တ၊ မရယူကျုံး၊ နှလုံးဝမ်းမှာ၊ ရှိန်ဝါညီးညီး၊ ဝီစိမီးမျှ၊ မနီးစပ်ရ၊ ပူလောင်လှခဲ့၊ ဒေါသပြက်ပြက်၊ သည်အချက်ကြောင့်၊ ရင်လတ်ခုခု၊ ခတ်ထုမနာ၊ မဆက်သာပါ၊ စကြာရွှေလှော်၊ ဘဝါးတော်ကို၊ မွှေးကျော်နံ့သာ၊ ကေသာဆံရွက်၊ မြတံမြက်နှင့်၊ မြူညက်လှည်းကာ၊ ကန်တော့ပါ၏၊ ထိပ်ချာမင်းလှ၊ နှိမ့်ချဖြေတင်၊ ရှိခိုးပင်လှု၊ တယုတယ၊ ပြုသမျှကို၊ ကျွန်မသာကြည်၊ ခံချေ...

သူဇာပျို့

Image
သူဇာပျို့ ၁၃၇။   ပုံခင်းတူနေ ၊ လူမိုက်မြေတွင်၊ ရှာဘွေတမျှ၊ ဘက်မရအောင်၊ ဆယ်ဆ −ဆယ်တက်၊ ချစ်ပေလျက်ကို၊ ပေါ့ပျက်လွယ်ကာ၊ ဘယ်ကြောင်ခြာဖြင့်၊ ဘယ်မှာဖြေပိုင်၊ တရားတိုင်၍၊ ဖြေနိုင်ပါမည်၊ ယဉ်သည်အထု၊ နုသည်လွန်ကဲ၊ ရဲသည်ဇာနည်၊ ရပ်သည်စောင့်စောင့်၊ ဖြောင့်သည်သစ္စာ၊ မယ့်ထိပ်ချာသည်၊ သီတာပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ဘုန်းတန်အာဏာ၊ ပညာမြတ်ဆုံး၊ လက်ရုံးအရည်၊ တူမျှမည်ဟု၊ မှတ်တည် မှောက်မှား၊ နှလုံးထားနှင့်၊ ဝံ့စားပြိုင်လှာ၊ မင်းတကာတို့၊ မည်သာတွင်ရှိ၊ ပါဠိဘာသာ၊ မင်္ဂလာသိခရ၊ မြန်မာ့အလို၊ ဆိုလျှင်သာယာ၊ မင်္ဂလာထွတ်ခေါင်၊ မိုးအောင်မောက်မို၊ ခေါ်မည်ဆိုသည်၊ မုန်ယိုအာစွတ်၊ ဆင်တော်မြတ်နှင့်၊ ရွတ်ရွတ်စီးချင်း၊ သတ်ခဲ့ခွင်းမှ၊ လျင်ပြင်းမကြာ၊ မယ်သို့လာ၍၊ စကြာတဝါး၊ မယ့်ထိပ်ဖျားမှာ၊ တင်ထားနင်းတည့်၊ ချပါလှည့်လော့၊ ပျောင်းချည့်ပူဆာ၊ မယ့်ဗျာပါကို၊ ဖြေခွာပြီးတိုင်၊ ဖျောက်တတ်နိုင်၍၊ ဦးကိုင်စိုးလျာ၊ မယ့်ထိပ်ချာလျှင်၊ မယ့်မှာမဖူး၊ ရှည်ကျူးရက်, လ၊ ကြာချေကမူ၊ ကျွန်မကိုယ်သည်၊ အတည်မကျ၊ အနိစ္စသို့၊ ရောက်ရမည်လျှင်၊ ဧကန်ထင်သည်။ ။   ခဲအင်လွန်မင်း − မယ့်ကြံခင်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင...

သူဇာပျို့

Image
သူဇာပျို့ ၁၃၆။   မကင်း − မကွေ ၊ နေလည်းတူပင်၊ စက်လျှင် − မခြား၊ စားလည်း − လိုရာ၊ မယ့်ကိုသာလျှင်၊ မေတ္တာဆပွား၊ ချီးမြှောက်စား၏၊ ရွှေသား ရောင်လက်၊ အိမ်တော်ထက်ဝယ်၊ ယှဉ်လျက်ပင်လျဉ်၊ ဥယျာဉ်သာလွန်၊ ပန်းမန်ထူးပြား၊ ငါးပါးတူရိယာ၊ ပတ်သာ, စောင်းငြင်း၊ သီချင်းအန်အဲ၊ ပျေားနွဲရတု၊ ယဉ်နုသဘင်၊ သည့်ပြင်မှာသော်၊ ရေကန်တော်ဝယ်၊ ရွှေလှော်ရောင်မောင်း၊ ရွှေလောင်းဆန်းကြယ်၊ ရွှေဘောင်ငယ်နှင့်၊ တင့်တယ်စီစဉ်၊ ယဉ်သည်မူထား၊ ပျိုငယ်များကို၊ ဆန်းပြားသံညင်း၊ လှေဟစ်ချင်းနှင့်၊ ညခင်း − လသာ၊ သာယာရွှင်ပျ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကြီးအင်၊ ပျော်ရွှင်စေမှု၊ အကြောင်ပြုရှင့်၊ ရုံးစုများဖြင်၊ အင်းပြင်မြစ်မှာ၊ ဧရာကြီးတောင်း၊ ရွှေလောင်းရွှေဘောင်၊ သောင်းထောင်မက၊ ဆင်ဘမ်းစသည်၊ များလှပျော်ရာ၊ ကြည်းမှာတထူး၊ မင်းမှူး − မင်းမတ်၊ ဝန်းပတ်ပည်းသီ၊ မင်းညီမင်းသား၊ မယားကတော်၊ ရေသော်မပြီး၊ ထံနီးရွှေအုပ်၊ ကိုယ်လုပ်မဿံ၊ ခရံဝန်းရုံ၊ သဘင်စုံနှင့်၊ မျက်ပုံရောင်လွှမ်း၊ စီချယ်မွမ်းသည်၊ မင်းခမ်းမင်းဆောင်၊ ပြောင်ပြောင်ကျင်းပ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကျူးကျော်၊ ရွှင်ပျော်စိမ့်သား၊ နှလုံးထားရှင့်၊ လက်ဝါးပေါ်တွင်၊ ထားတင်မတတ်၊ အသက်ပြတ်မျှ၊...

သူဇာပျို့

Image
သူဇာပျို့ ၁၃၅။   လွန်မင်းဖြစ်ဆက် ၊ သည်တချက်မှာ၊ ရမ္မက်လောဘ၊ မျက်ဒေါသနှင့်၊ မောဟရောက်စေ၊ လိုကြီးချေ၏၊ တောမြေလှည့်လည်၊ မူဆိုးသည်လျှင်၊ လူ့ပြည်ရှေ့ရှူ၊ မယ့်ကိုယူ၍၊ ဘုန်းလူရောင်ရွှန်း၊ မယ့်ထိပ်ပန်းနှင့်၊ ရွှင်လန်းစုံပူး၊ ဖူးစဦးက၊ ညံ့နူးချိုသာ၊ နှုတ်ဩဇာနှင့်၊ အာကာတိမ်ထွတ်၊ ကောင်းကင်လတ်က၊ မာရ်နတ်သည်းချာ၊ ပင်ပေါ်လှာလည်း၊ ပမာ မထောက်၊ မင်းလှအောက်သာ၊ ဖြစ်ပါစိမ့်မည်၊ မည်သည်ကိုမျှ၊ မင်းရှင်လှသည်၊ ကြောင့်ကြထောက်ချင့်၊ စိုးပါနှင့်ဟု၊ ကြိုင်လွင့်ပျံ့ရှား၊ မိန့်စကားလည်း၊ ရေးသားကျောက်မှာ၊ အက္ခရာသိုံ၊ သေချာလှထွေ၊ ရှိပါလေ၏၊ သံခြေပျံ့ချို၊ သည်ချက်ကိုလည်း နဂိုရ်ထိပ်ချာ၊ စိုးမည့်လျာသည်၊ စိတ်မှာလျော့ပြေ၊ ပေါ့ပါစေနှင့်၊ စေ့ရေရုံးပေါင်း၊ မှတ်မိကြောင်းကို၊ ကျော်သောင်းလွှံ့ပတ်၊ အာကာနတ်တို့၊ မပြတ်စောင့်နေ၊ လှုံပါချေလော့၊ ဆူဝေသည်းချာ၊ ကျွန်မသာလျှင်၊ မေတ္တာကြိုင်မွှန်း၊ မိန့်သည့်ခွန်းကို၊ ထိပ်ပန်းဘုန်းမိုး၊ မေ့ခဲ့နိုး၍၊ သမ်းညှိုးကြောင့်ကြ၊ မီး − မကအောင်၊ သောကလွန်မင်း၊ ပူလောင်ပြင်းစွ၊ ထိပ်နင်းသည့်ရှင်၊ မယ့်သခင်သည်၊ အလျင်ရှေးက၊ ကျွန်မမယ့်မှာ၊ မေတ္တာမိုးသည်၊ ချစ်ကြူးသည်ကြောင့်၊ ဖျော်ဖြည်လေးမြတ်၊ မျိုမတတ်ပင်၊ ရစ်ပတ...

သူဇာပျို့

Image
သူဇာပျို့ ၁၃၄။   ထွန်းဝင်းလျှံပြောင် ၊ ဉာဏ်တန်ဆောင်ကို၊ သုံးဘောင်ရပ်ခန်း၊ လင်းအောင်ထွန်းမည်၊ လုံးပန်းရည်ချူ၊ ဆုကြီးယူသည်၊ ဘုန်းဘူသည့်ရှင်၊ မယ့်သခင်ကို၊ မကြင်ထဲပိုက်၊ မကြိုက်၍မျှ၊ မနေရအောင်၊ လုံ့လထွေထွေ၊ ရှာဘွေကောက်ကျစ်၊ မျက်ချစ်ဆေးဝါး၊ ပြုလှည့်ငြားလည်း၊ စီးပွားမထင်၊ ပန်းပင်ရိရှား၊ ထိုသူများကို၊ ထိပ်ထားပွင့်လျာ၊ မယ့်ထိပ်ချာသည်၊ မေတ္တာဝေးလွန်၊ မုန်းသာဝှန်၍၊ မုန်းပြန်ပါစေ၊ ထိပ်ဗွေထားတင်၊ မယ့်သခင်ဟု၊ မြဲပင်ဆောက်တည်၊ မှတ်ပါသည်ကို၊ ထွေလည်ယွင်းခွ၊ ဆိုးကြမ္မကြောင့်၊ သူမျာ့းသခင်၊ သူ့အရှင်စစ်၊ ဖြစ်ခဲ့နိုး၍၊ သမ်းညှိုးလွန်ကဲ၊ မယ့် ဝမ်းထဲမှာ၊ ဝဲသို့လှိုက်ပွက်၊ ပူလေချက်မှာ၊ လက်လက်ပြောင်ညီး၊ ဝီစိမီးမျှ၊ ကမည်ထင်ဘူး၊ ပူမျိုးကျူးခဲ့၊ ငုံဖူးသစ္စာ၊ ပွင့်မည့်လျာရှင့်၊ မယ့်မှာလွန်ကဲ၊ ချစ်စမြဲဖြင့်၊ စိတ်ကွဲမကြံ၊ မြဲမြံသေချာ၊ ထပ်ကာကာလျှင်၊ မေတ္တာမြင်းမိုရ်၊ မယ့်ချည်းကိုသာ၊ ကြည်ညိုခွေရစ်၊ ရွှေချည်ကျစ်သို့၊ အချစ်အပေါင်း၊ စုမည့်ကြောင်းကို၊ တောကောင်းမြိုင်သာ၊ ဟိမဝါတွင်၊ တေဇာအမိုး၊ နုဘော်ဖြိုးသည်၊ တန်းခိုးထင်ရှား၊ ရှင်နတ်များတို့၊ သွား၍သာဖျော်၊ နှလုံးတော်မှာ၊ မကွာဝင်နေ၊ စောင့်ပါချေတော့၊ မမေပြမြဲချက်၊ ခဲစိတ်လက်...

သူဇာပျို့

Image
သူဇာပျို့ ၁၃၃။   သို့မှမကြာ ၊ ဟေမာမည်မှန်း၊ ဝိရိနန်းသို့၊ ဖြောင့်တန်းရည်ရော်၊ စူးစူးမြှော်၍၊ တိမ်ပေါမိုးဝ၊ ပျံလေကြွသော်၊ ရူတဆိုမြည်၊ ငိုချင်းသည်ကား၊ ဖြီးစည်ပြောထူ၊ ဆင်ရဲလူကို၊ ကြည်ဖြူသနား၊ စောင့်ပါငြာလည်း၊ သိကြား, ဗြဟ္မာ၊ နတ်တကာကို၊ တ ဆို စေ့ရေ၊ အူသည်းကြွေမျှ၊ မသေ − မရှင်၊ ပူပင်သည်သား၊ မယ့်ဖြစ်လားကို၊ ထိပ်ထားရှိရာ၊ လျှောက်ချေပါလော့၊ ဗျာပါခွေရစ်၊ ကျွန်မဖြစ်ကို၊ ဧကရာဇ်အလျာ၊ မယ့်ထိပ်ချာသည်၊ ဝမ်းမှာပြတ်ပြတ်၊ မသိတတ်၍၊ လှည့်ပတ်မာယာ၊ စစ်မြေတာသို့၊ လိုက်လှာယောင်နှင့်၊ ထွတ်မြင့်ဟေမာ၊ ဂိရိချာသို့၊ လွယ်ကာရှေ့ရည်၊ သွာလေသည်ဟု၊ မှတ်တည်စိတ်ထဲ၊ ယူတော်စွဲ၍၊ ကျော်သဲကြေညာ၊ မယ့်ထိပ်ချာသည်၊ မယ့်မျာမကြည်၊ မုန်းခဲ့မည်ကို၊ ကြံစည်ကျွန်မ၊ စိုးရိမ်လှ၏၊ တက်စနေ့နှယ်၊ ဘုန်းညွန့်သွယ်သည်၊ တကယ်မယ့်မှာ၊ အမုန်းပါ၍၊ အောင်ချာမည်ဟူ၊ ကျွန်းဇမ္ဗူတွင်၊ ရိပ်ဖြူထီးဆောင်း၊ အပေါင်းများစွာ၊ မင်းတကာတို့၊ သည်းချာရင်တွင်း၊ လှရောင်ဆင်းနှင့်၊ မကင်းသာရွှင်၊ သဘင်ညီလာ၊ ခံ၍သာလျှင်၊ မယ့်မှာချစ်နံ့၊ မပျံ့ပန်းနှယ်၊ ပြယ်လိမ့်မည်သား၊ ပျံ့ရှားနံ့သာ၊ နတ်မာလာလည်း၊ နှိုင်းရာမမျှ၊ ဘက် မရသည်၊ မွှေးပျံ့ကြိုင်ဆုံး၊ မယ့်ပန်းကုံးကို၊ ပင်ရုံးဆံဖျား၊ ထ...

သူဇာပျို့

Image
သူဇာပျို့ ၁၃၂။   ဤသို့ဘုန်းဟေ့ ၊ ရသေ့သူတော်၊ ဟောပါသော်လည်း၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာမှာ၊ အူချာလှိုက်လဲ၊ လွမ်းဆွတ်မြဲဖြင့်၊ ငိုရွဲမျက်ရည်၊ လျောက်သည်မှာကား၊ ရှင်ဘုရား။ ။ ဟောကြားမြွက်ဖော်၊ တရားတော်ကို၊ ထင်ပေါ်သိသာ၊ နားဝင်ပါ၏၊ ခြင်းရာထွေငေါ်၊ သို့သိသော်လည်း၊ ကျွန်တော်မမှာ၊ လွမ်းစရာသည်၊ ထိပ်ချာထားတင်၊ သခင် − တကဘက်၊ အသက်ပမာ၊ သားမှာ − တသွယ်၊ ဝမ်းဝယ်ရစ်ခွေ၊ ခဲတွေအပြည့်၊ ရှိခဲ့သည်ကြောင့်၊ ဖြေဖြည့်ဖျော်ပြိုင်၊ မတတ်နိုင်ပါ၊ စေ့ရှာခြင်းတ၊ မှာသမျှကို၊ ကျွန်မသခင်၊ လာရောက်လျှင်သာ၊ မြတ်စွာဘုန်းဟေ့၊ မမေ့မလျော့၊ လျှောက်ပါတော့ဟု၊ ပျောင်းပျော့သာချို၊ မှာခဲ့ဆို၍၊ ရှိုက်ငိုယိုလျက်၊ ကျောင်းကထွက်၍၊ ချမ်းမြေ့ကြည်မော၊ သီတောဒက၊ ရေကန်စသို့၊ ကြွတော်မူပြီး၊ ရောင်ညီးထွန်းပေါ်၊ သိုရင်းတော်ဝယ်။ သင့်လျော်ဆန်းကြယ်၊ ကပ်ချယ်လှယ်သည်၊ ရောင်သွယ်ကျူးကျော်၊ ဝေရော်စန၊ မည်ရ − ရတနာ၊ ရောင်ပြားလွှာကို၊ ခွာတော်မူမှ၊ ကျွန်မလျှောက်သည်၊ ဘုန်းစည်ထိပ်ချာ၊ ကြွလိုက်လှာလျှင်၊ ကျောင်းမှာဝင်၍၊ စေ့စေ့ရှာရှာ၊ မယ့်ခြင်းရာကို၊ မေးပါမင်းငယ်၊ ထိပ်ပန်းနှယ်ဟု၊ နှိုင်းဆွယ်မမှီ၊ ဝဇီရသာရ၊ နာမထင်ပေါ်၊ လက်စွပ်ကျော်နှင့်၊ လက်တော်နုအူ၊ ရေးတော်မူ၍၊ မဉ္ဇ...

သူဇာပျို့

Image
သူဇာပျို့ ၁၃၁။   ထို့ကြောင့်မှန်စွာ ၊ ဒါယိကာမ၊ လှရောင်မြိုက်၏၊ ကိုယ်နှိုက်လည်းကောင်း၊ နန်းလောင်းပွင့်လျာ၊ ဒါယကာ၏၊ ခန္ဓာအမှိုက်၊ ကိုယ်နှိုက်လည်းကောင်း၊ နှစ်ထောင်းသာယာ၊ မတပ်ရာတည့်၊ ကြောင်းခြာဟုတ်လှ၊ အနိစ္စသာ၊ မှတ်ရှုရာ၏၊ မြဲစွာနေကြ၊ နိစ္စကိုကား၊ မမှတ်သားလင့်၊ မမှန်းမှန်လှ၊ အနတ္တာသာ၊ မှတ်ရှုရာ၏၊ မြဲစွာနေကြ၊ အတ္တကိုကား၊ မမှတ်သားလင့်၊ တရားဟုတ်ကြ၊ အသုဘသာ၊ မှတ်အပ်ရာ၏၊ ကောင်းစွာယူဆ၊ သုဘဟူ၍၊ မအောက်မေ့လင့်၊ ချမ်းမြေ့သာကြည်၊ ကြာရှည်မြင့်ကျူး၊ မစွန့်ဘူးဟု၊ စူးစူးသေချာ၊ မှတ်ရှုရာ၏၊ မြဲစွာခိုင်ကျည်၊ အရှည်စွမ်းမည်၊ မမှတ်တည်လင့်၊ သွေးပြည်ရွံဘွယ်၊ ကိုယ်တွင်းဝယ်နှိုက်၊ အူသွယ် − အူမ၊ စသည်တို့လျှင်၊ အပပြင်နှိုက်၊ အထင်အရှား၊ ဖြစ်ဘိငြားအံ့၊ ချီစားအံ့ငှာ၊ လာသည်သောင်းသဲ၊ စွန်ရဲကစ၊ ကျီး, လင်းတကို၊ ဆီးဆချောက်လင့်၊ လှံကန်ဖြင့်လည်း၊ ပြေးလွင့်စိမ့်ခွါ၊ မနိုင်ရာတိ၊ မှန်စွာစင်စစ်၊ ထိုသို့ဖြစ်၍၊ မနှစ်သက်ရာ၊ ကိုယ်ခန္ဓာကို၊ ရွံရှာထိတ်လှ၊ သံဝေရလော့၊ ဘဝများစွာ၊ အခါရှည်လျား၊ ကျိုးစီးပွားကို။ ။   မှတ်သားဝမ်းဝယ် ပိုက်မျိုတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၃၀။   သဘောဖြောင့်သား ၊ တရားကိုသာ၊ ဒါယိကာမ၊ နေကျမှတ်သား၊ နှလုံးထားလော့၊ တပါးတပို၊ ကွဲပြိုတတ်သော၊ သဘောမည်သည်၊ အတည်မမြဲ၊ ပြိုကွဲသည်သာ၊ ဖြစ်တတ်စွာ၏၊ ထွေလာဘောက်ယွင်း၊ ကွေကွဲခြင်းလည်း၊ ကွေကွင်းတတ်စွ၊ မြဲနေကြသည်၊ ဒုက္ခအဘို့၊ ဤသို့မလွဲ၊ ပြိုကွဲကွေကွင်း၊ ကွာရှဲခြင်းကား၊ စင်းလျင်းမှန်လှ၊ တကာမချည်း၊ တယောက်တည်းမှာ၊ မဟုတ်ပါသည်၊ သင်္ချာမဟဲ့၊ တိုင်းမဲ့များစွာ၊ စက္ကဝါနှိုက်၊ ရောရာမရ၊ တည်ကုန်ကြသည်၊ များလှသတ္တဝါ၊ ခပ်သိမ်းမှာပင်၊ ကွေကွာပြိုကွဲ၊ ကြရမြဲတည့်၊ နက်နဲပညာ၊ ဒါယိကာတော်မ၊ သတိရလော့၊ သဗ္ဗသတ္တာ၊ သတ္တဝါတို့၊ ဝေါဟာတွင်မည်၊ ဤသို့သည်ကား၊ မကြည်ချစ်ရာ၊ ရွံဘွယ်သာတည့်၊ ကေသာဆံ၊ အမွေးစသည်၊ ဒေါသပြဲ့ပြဲ့၊ သုံးဆယ့်နှစ်ပါး၊ ခြင်းရအားဖြင့်၊ ဖြစ်သားယုတ်မာ၊ တည်ရာသာတိ၊ ရွံရှာတလ္လ၊ ကိုးဒွါရမှ၊ ကျသည်သွယ်သွယ်၊ စက်ဆုပ်ဘွယ်သည်။ ။   ပုပ်ကြွယ်နံ့လှောင်းထွက်ယိုတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၂၉။   သည်ကတဖန် ၊ ကြွသွားပြန်လျှင်၊ ဝေးဟန်ဓွန့်တာ၊ ယူဇနာခြောက်ဆယ်၊ ရှေ့နယ်တမျှ၊ ရောက်လေကလျှင်၊ ဝေတ္တဝန၊ မည်ရထင်ရှား၊ ဆူးစေသားသား၊ ဓားမျှ မက၊ ထက်လှထူပြော၊ ကြိမ်ပိုက်တောသည်၊ ကြောက်မောချင်ဘွယ်၊ မျက်နွယ်ထပ်ပြီး၊ လမ်းကိုဆီးချည့်၊ ပျစ်ကြီးထူထပ်၊ ထိုတောရပ်သို့၊ ချဉ်းကပ်အလျင်၊ မရောက်ခင်ဝယ်၊ များဖြင်ကြာမျိုး၊ လှိုင်ဖြိုးတင့်ဆုံး၊ ရေပေါ်ဖုံးလျက်၊ ပတ်ကုံးဝန်းရံ၊ ငှက်ပျောကြံဘိ၊ ကုံထံများဘိ၊ တိုင်းမသိသည်၊ မည်ရှိစူဠ၊ ဆဒ္ဒန္တဟု၊ သာလှပျော်ဘွယ်၊ ထိုအိုင်လယ်နှိုက်၊ တောင်နှယ်ကြီးတောင်း၊ အလောင်းအလျာ၊ မြဲစွာကျင့်မှန်၊ ဆဒ္ဒန်မျိုးစစ်၊ ဖြစ်သည့်ဆင်မင်း၊ တစီးချင်းသာ၊ မကင်းမကွေ၊ ပျော်ပါးနေ၏၊ ရဲထွေတုလွတ်၊ ဆိုဆင်မြတ်ကို၊ တောင်ထွတ်ဟေမာ၊ ဂိရိချာသို့၊ ပို့ပါဆိုလျှင်၊ ကျောက်ထက်တင်၍၊ သာရွှင်နှစ်လို့၊ ပို့ပါလိမ့်မည်၊ ယင်းသည်ကသာ၊ ထိပ်ချာနွဲ့ပျို၊ မယ့်ကိုဖူးခွင့်၊ မမြင့်မရှည်၊ လွယ်တော့မည်ဟု၊ နားလည်သာလှ၊ အချက်ကျအောင်၊ သီလသခင်၊ လျှောက်ပါရှင်ဟု၊ ဦးတင်ပန်ထွာ၊ မှာထားရှာသော်၊ အရိယာဘုန်းဟေ့၊ ရှင်ရသေ့သည်၊ ချမ်းမြေ့မေတ္တာ၊ စေတနာနှင့်၊ တကာတော်မ၊ မကြောင့်ကြနှင့်၊ တကာမ ကြင်ဘော်၊ မောင်တော်ဒါယကာ၊ လာရောက်ပါလျှင်၊ ဝါဝါညီးည...

သူဇာပျို့

Image
သူဇာပျို့ ၁၂၈။   ဒိဗ္ဗောသဓ၊ မည်ရတွင်ဆို ၊ သည်ဆေးကိုလည်း၊ ကြည်ညိုသာပျော်၊ အပ်တော်မူပါ၊ ခရီမှာကား၊ သီတာဇလ၊ သည်ကဖြောင့်သား၊ မြောက်သို့သွားသော်၊ ရှည်လျားယူဇနာ၊ ခြောက်ဆယ်မှာနှိုက်၊ တေဇာပြင်းထန်၊ ဝေဿဝဏ်ဟု၊ ကျော်ဝှန်နီးဝေး၊ နတ်မင်းပေးသည်၊ ကြိုင်မွှေးပျပျ၊ သာလပဏ္ဏိ၊ မည်ရှိတွင်ခြင်း၊ အင်ကြင်းပင်စည်၊ ရှည်သည်အလယ်၊ အံဘွယ်များစွား၊ အဉ္ဇနာဂိရိ၊ မည်ရှိညိုရောင်၊ မျက်စဉ်းတောင်ကို၊ သိမ်းဆောင်ပိုင်သ၊ အစိုးရသည်၊ လက္ခလယက္ခ၊ မည်ရစိတ်သွမ်း၊ ဘီလူးကြမ်းသည်၊ လမ်းကိုဖြတ်နေ၊ ဆီးနှင့်ချေ၏၊ ဘုန်းဝေသည့်ရှင်၊ သင့်ကိုမြင်လျှင်၊ ပျံ့ရွှင်လှိုင်ဧ၊ သည်နတ်ဆေားကို၊ ချိပ်သွေားနှိုင်းလျော်၊ ခြေတော်နုထွား၊ လက်တော်ဖျားမှာ၊ ကြိုင်ရှားပျံ့ငြိမ်း၊ ဆိတ်စာလိမ်းလျက်၊ ချောက်ခြိမ်းထန်ပြင်း၊ သင့်ကိုခွင်း၍၊ ဖြောင့်စင်းမြောက်ဆီ၊ ကြွခဲ့ချီဟု၊ ပီပီသသ၊ ပွက်ဟလျှောက်ပါ၊ သည်ကခွာ၍၊ ယူဇနာဝေးကျယ်၊ ခြောက်ဆယ်များပင်၊ ရောက်ပြန်လျှင်လည်း၊ ဆူးရှင်နီမောင်း၊ ကြေးရေချောင်းမှာ၊ မိကျောင်းပြိတ္တာ၊ သင့်ကြမ္မာဖြင့်၊ ပူဇာရှိန်ငွေ့၊ တနေ့တခါ၊ ပေါ်လှာမကင်း၊ တန်တားခင်းသို့၊ စင်းစင်လျားရှည်၊ ခံရသည်ကို၊ ဘုန်းစည်ညွန့်လန်း၊ ဝေဆာရွှန်းသည်၊ ရွှေနန်းပွင့်လျာ၊ တွေ့သော...

သူဇာပျို့

Image
သူဇာပျို့ ၁၂၇။   ကျွန်မသစ္စာ ၊ မှန်ကန်ပါလျက်၊ မကွာတူကွ၊ ထိပ်တင်လှနှင့်၊ ဖူးရစေသား၊ စိတ်ထားဝမ်းတွင်း၊ မယ့်ဖြစ်ခြင်းကို၊ ထိပ်နင်းသည့်ရှင်၊ သခင်စေ့ရ၊ မသိလေ၍၊ မိမြေ − ဘရွာ၊ ရည်ကာရည်ကာ၊ ဝမ်းသာနှစ်သက်၊ သွားလေရက်ဟု၊ မှတ်မြွက်တွေးဆို၊ လိမ့်မည်ကိုလျှင်၊ သမ်းငြိုကြောင့်ကြ၊ စိုးရိမ်လှ၏၊ ကျွန်မထိပ်တင်၊ စစ်ရပ်ခွင်က၊ ဖူးချင်ပြင်းစွာ၊ ပြန်ခဲ့လှာ၍၊ အိမ်မှာရောက်က၊ ကျွန်မမရှိ၊ ကြောင်းကိုသိလျှင်၊ မငြိမကွက်၊ ကိုယ်နှင့်သက်ကို၊ ရေတွက်မညှာ၊ မယ့်ကိုသာလျှင်၊ လိုက်လှာမည်ပင်၊ ကျွန်မထင်၍၊ လိုက်လျှင်ကြောင်းလမ်း၊ စုံစမ်းနားထောက်၊ ကျောင်းသို့ရောက်သော်၊ ခွေခေါက်နွမ်းရစ်၊ ကျွန်မဖြစ်ကို၊ ရှစ်ချစ်စေ့ရှာ၊ လျှောက်ပါဘိရှင်၊ သို့ပြီးလျှင်မူ၊ ရွှေစင်ဝင်းပြောင်၊ ဂိရိတောင်မှာ၊ ကြာအောင်နေဘူး၊ မကျူးရက်လ၊ ပြန်လာမည်ပ၊ တကာ့ကြင်ရာ၊ လျှောက်ခဲ့မှာ၏၊ ဟေမာတောထဲ၊ ခရီးခဲဝယ်၊ သားရဲယက္ခ၊ များလှဘေးရန်၊ ရှောင်ကျွန်မစိုး၊ အရဲကိုး၍၊ အားကြိုးပြင်းထွေ၊ မလိုက်လေနှင့်၊ နေတော့မင်းပျို၊ သင့်ဘူးဆို၍၊ သံချိုသာဖြူး၊ တားနှင့်ဦးလော့၊ ငုံဖူးနန်းလျာ၊ မယ့်ထိပ်ချာကို၊ တားပါလျက်ပင်၊ မနိုင်လျှင်ကား၊ ရောင်ထင်ဝင်းဝါ၊ ထိန်လင်းဖြာသည်၊ စိန္တာမဏိ၊ အတိဝစရာ၊ မည်သာက...

သူဇာပျို့

Image
သူဇာပျို့ ၁၂၆။   သို့လျှင်ဇေယျ ၊ ပြည်ပူရကို၊ စိုးရထွတ်ထား၊ မင်း − စစ်သားနှင့်၊ ထိမ်းမြားရာတွင်၊ သားလည်းမြင်၍၊ ကြာတင်မှသာ၊ ယုတ်မာပုဏ္ဏား၊ တရားမသင့်၊ ဆင်သဖြင့်လျှင်၊ ရာမင်းထွတ်ထား၊ ဘ − မင်းဖျားက၊ တရားစီရင်၊ မယ့်သခင်ကို၊ သာရွှင်ဝမ်းသာ၊ အပ်လှည့်ရာတွင်၊ ထိုမှာပုဏ္ဏား၊ ငြိုထားဘိ၍၊ အိမ်ရှေ့ဘုရား၊ စစ်သွားသည်နောက်၊ ရွှေမှောက်အိပ်မက်၊ ပွားတက်စည်ကြောင်း၊ ကောင်းပေတောင်းကို၊ မကောင်းဆို၍၊ လူကိုမချစ်၊ ယဇ်ပူဇော်ရာ၊ ပါစေတော့မည်၊ ယူလှာသည်ကြောင့်၊ လွှဲဖည်ရှောင်ခွာ၊ ရှစ်သောင်းချာကို၊ ပန်ထွာခဲ့၍၊ အိမ်ရှေ့သခင်၊ ထိပ်တင်ရှိရာ၊ လိုက်ချေပါသည်၊ မျက်စိလည်၍၊ နေခြည်ပျောက်စ၊ မနေ့ကပင်၊ ကြမ္မအလျောက်၊ သည်သို့ရောက်၏၊ မိုးသောက်လင်းဝါ၊ ယခုမှာကား၊ ထိပ်ချာနေမှန်း၊ စစ်ရခန်းကို၊ ပြညွှန်းမည့်သူ၊ ဘယ်သူဘယ်ဝါ၊ မရှိပါခဲ့၊ ဟေမာဂိရိ၊ တောင်ဇာတိသို့၊ ပျင်းရိနိုင်မျှ၊ သွားရတော့မည်၊ မိပြည် − ဘရွာ၊ လွယ်ကာမငြို၊ ရောက်မည်ကိုဟု၊ ကြည်ညိုဝမ်းက၊ ဆိတ်စာမျှပင်၊ အားရပါဘူး၊ စူးစူးဖြောင့်သား၊ သည်စကားသည်၊ မမှားဧကန်၊ မှန်ပါတော့သည်၊ သွေဖည် မလွဲ၊ မှန်ဘဲ ကျွန်မ၊ ဆိုချေကမူ၊ ခဏမနေ၊ ခုပင်သေ၍၊ တွက်ရေ မသာ၊ ကမ္ဘာဘာတိ၊ အဝီစိမှာ၊ မချိပြင်းပြ၊ ခံရစေသား၊ ပြက်...