Posts

Showing posts from 2024

သူဇာပျို့

Image
သူဇာပျို့ ၁၂၀။   မည်းမျှမိုက်မှောင် ၊ မြောက်, တောင်မသိ၊ ဖြစ်သည်ရှိသော်၊ မချိဝမ်းမှာ၊ ဗျာပါထွေဆန်း၊ ကြောက်လှလွန်း၍၊ ကိုယ်မှန်းမသိ၊ သတိညွတ်ကာ၊ ညဉ့်လုံးကြာသည်၊ သောက်ဝါလင်းမှ၊ သတိရ၍၊ လျလျပါးပါး၊ လျော့ရေသားနှင့်၊ ထသွားကြည့်လျှင်၊ ကန်ကိုမြင်သော်၊ ရှိုက်ငင်သံချို၊ ပြင်းစွာငို၍၊ အိုကံအိုကံ၊ စီမံဘန်ဆင်း၊ ဖြစ်လေခြင်းလေ၊ လွန်မင်းကျူးမျှ၊ ဖြစ်ထူးလှစွ၊ ကျွန်မထိပ်တင်၊ သခင်ရှိရာ၊ တပ်တော်သာသို့၊ စိတ်မှာဆောက်တည်၊ စူးစူးရည်၍၊ လိုက်သည်ကိုသာ၊ ဘယ်ကြမ္မာနှင့်၊ မိစ္ဆာမူထား၊ ဘယ်နတ်များတို့၊ ဖီတားကန့်ကွက်၊ ဘယ့်နှယ်ဖျက်၍၊ နှစ်သက်စရာ၊ မရှိပါသည်၊ သည်မှာတောရပ်၊ လူမစပ်သို့၊ မအပ်မရာ၊ ရောက်လှာရမိ၊ ဖြစ်တတ်ဘိစွ၊ ဗောဓိတန်ဆောင်၊ ထွန်းရည်ဆောင်သည်၊ ခင့်မောင်ရှိရာ၊ တို့သည်မှာဟု၊ အာကာထွတ်ထား၊ ထက်ခေါင်ဖျားက၊ နတ်များလာတည့်၊ ပြပါလည့်လော့၊ မလှည့်မပျက်၊ မရှိဝှက်ဘဲ၊ စုံမက်ချစ်ကျွမ်း၊ မေတ္တာဝမ်းနှင့်၊ ပြန်လမ်းတည့်တည့်၊ ချပါလှည့်လော့၊ ပြန်မည့်ကြောင်းလမ်း၊ ရှာစမ်းမရ၊ ပြပါမည့်သူ၊ လူလည်းမထင်၊ ပူပင်လောင်သည်း၊မယ်လည်းသိဘဲ၊ ကြံခက်ခဲခဲ့၊ တောထဲကြီးမှာ၊ မယ့်ချည်းသာလျှင်၊ ကြံရာမဲ့လျှင်း၊ စိုးရိမ်ခြင်းသည်။ ။   လွန်မင်းကဲဆင့် − လောင်းသည...

သူဇာပျို့

Image
သူဇာပျို့ ၁၁၉။   ဤသို့စသည် ၊ ငိုမြည်ရှိက်မဲ့၊ ကုံသီဘွဲ့လျက်၊ ယဉ်နွဲ့မူရာ၊ လိုက်ရှာလေသော်၊ မဟာဥပရာဇာ၊ နန်းပွင့်လျာနှင့်၊ သူဇာမည်ခေါ်၊ မင်းရွှေလှော်တို့၊ ရှေးသော်အခါ၊ မဟာရဋ္ဌ၊ မြို့ပူရနှိုက်၊ နာမကျော်ညီ၊ မဟီပတိ၊ သိရိဝံသ၊ ထွတ်ရာဇာနှင့်၊ စန္ဒမုခါ၊ ဝံသာဒေဝီ၊ သညီထင်ရှား၊ မိဖုရားဟု၊ မြတ်ဖျားဇာတိ၊ ဖြစ်သည်ရှိသော်၊ ပီတိကြည်စိတ်၊ ကရဝိတ်တို့၊ ကျူးထိတ်တွန်ထူး၊ ဖို, မ မြူးလျက်၊ ပျံ့ပျူးပျော်ရာ၊ မ − ကိုခွာ၍၊ ကင်းကွာဝေးကြ၊ မဟုတ္တမျှ၊ မင်းလှနှစ်ဦး၊ ထားခဲ့ဘူးသား၊ အထူးဝိပါက်၊ အကျိုးစက်သည်၊ အဆက်ဖန်များ၊ ပေးသောအားဖြင့်၊ စစ်သွားလေရာ၊ တော်ကာရည်ဆောင်၊ တောင့်သို့ရှေ့တည်၊ ပြန်ပါသည်ကို၊ မှောက်လည်မျက်စိ၊ တုံ့မိပြန်မှား၊ မြောက်သို့သွား၍၊ တိုင်းကားပြည်ရွာ၊ ဘွေရှာမမြင်၊ ဖြစ်ခဲ့ကျင်သော်၊ သခင်သခင်၊ ခေါ်လျက်ပင်တည့်၊ ပူပင်လောင်ဆာ၊ ကြီးဗျာပါနှင့်၊ ကိုးရာမဲ့လျှင်း၊ ဖြစ်စဉ်တွင်းဝယ်၊ နေမင်းကလည်း၊ ချုပ်မိုက်မည်း၍၊ သည်းမျှပူပြင်း၊ မြေသို့ဆင်းသော်၊ ပျံ့ရွှင်းကြာမျိုး၊ မွမ်းပြည့်ဖြိုး၍၊ မူဆိုးဘမ်းရာ၊ သီတာဒက၊ မည်ရထင်ရှား၊ ရေကန်ပါးဝယ်၊ ထူးပြားဆန်းကြယ်၊ ဘုန်းတသွယ်ဖြင့်၊ ပျံ့ကြွယ်မွှေးစွာ၊ ပန်းတကာတို့၊ လွင့်လှာပေါင်းစု၊ တတောင်ထ...

သူဇာပျို့

Image
သူဇာပျို့ ၁၁၈။   ရောင်မြူးရွှေလှော် ၊ နောင်တွင်းတော်က၊ ခေါ်တော်ရှိလျှင်၊ ကျွန်မဝင်သော်၊ သခင်ပလည်း၊ တင့်ရည်းသာဖျော်၊ ရှေ့တွင်းတော်က၊ မခေါ်ဘဲသာ၊ စင်လိုက်လှာ၍၊ ညခါချမ်းမြ၊ ထွက်ခဲ့ကြလျှင်၊ ယဉ်လှသည့်ရှင်၊ ထိပ်တင်ဘုန်းမောက်၊ အလျင်ရောက်သော်၊ အနောက်ဝေါယှဉ်၊ ယဉ်နိုင်မျှက၊ ဆီးနေကြကို၊ ခုမှထွေလာ၊ သည်တခါတွင်၊ စစ်တာတဲခန်း၊ သဘင်နန်းမှာ၊ ရှိပန်းတင်ရွက်၊ ဘယ်ကဆက်သည်၊ နတ်ထက်ရောင်ဆင်း၊ ဘယ်မင်းသည်းချာ၊ ရတနာကို၊ ညီလာဝန်းရံ၊ ဘယ်ပွဲခံ၍၊ ရွှင်စံပျော်မွေ့၊ မေ့လေသနည်း၊ အူသည်းကျွန်မ၊ ပြတ်လှုမျှပင်၊ ဝမ်းကချိဘူး၊ လှိုက်ကာဆူးခဲ့၊ စူးစူးလွှမ်းမြှော်၊ ကြည့်ပါသော်လည်း၊ ကိုယ်တော်ကိုထား၊ ရထား, မြင်း, ဆင်၊ အတင်တင်လျှင်၊ ပုံယင်များလှ၊ ရဲမက်မျှကို၊ အစအမွေ၊ ရှာဘွေမျက်စိ၊ မမြင်ရှိခဲ့၊ မငြိမတွယ်၊ ကောင်းကင်လယ်မှာ၊ ဘယ့်နှယ်ကျွန်မ၊ ပြုပါရမည်၊ ဒေဝထိပ်မိုး၊ အာကာစိုးသည်၊ တန်းခိုးကြီးစွာ၊ နတ်တကာကို၊ မယ့်ကိုစိုက်စိုက်၊ ပြပါလိုက်တော့၊ ချစ်ထိုက်ကြမ္မာ၊ ဆုံလှာငြားသင့်၊ သင်နှင့်လည်းကွာ၊ ထိပ်ချာမင်းပျို၊ သခင်ကိုလျှင်၊ ကြည်ညိုလွန်ကဲ၊ ဖူးရဘဲကို၊ ဘော်ကွဲကိုယ်ထီး၊ ကောင်းကင်ကြီးမှာ၊ သွယ်စီးမျက်ရည်၊ တကျည်ကျည်သည်။ ။   တလည်မူးမူး − ဝေးရပ...

သူဇာပျို့

Image
သူဇာပျို့ ၁၁၇။   မြင့်ဖြူးအာကာ ၊ မိုးကသာလျှင်၊ ဗျာပါခိုးမျှ၊ ယမ်းယော်ဆ၍၊ ကျွန်မလိုက်လှာ၊ ခု ရှာပါသည်၊ သည်မှာတည့်တည့်၊ မောင်ရှိ၏ဟု၊ ဖျော်ဖြည့်သံချို၊ မင်းပျိုပျိုငယ်၊ ဆီးကြိုအသင့်၊ မခေါ်နှင့်ပါ၊ ကျွန်မသာလျှင်၊ အူချာပြတ်မျှ၊ ရာ့ခုနှစ်ကွက်၊ စက်လက္ခဏာ၊ အစုံပါသည်၊ အင်္ဂါထင်ရှား၊ ဘဝါးတော်က၊ ရေတွက်ဆ၍၊ ယဉ်လှတင့်ဆုံး၊ သားလုံးပုဆစ်၊ ပြေပြစ်တင်ရင်၊ နောင်ပြင်ရှေ့မှာ၊ မျက်နှာလှကျော်၊ ဗောင်းတော်ညွန့်ရှည်၊ ရစ်လည်ခွေခေါက်၊ ထက်ဖျားရောက်အောင်၊ ထက်အောက်ဘွေရှာ၊ ကြည့်လေရာပင်၊ မြူလွှာဆံလောက်၊ ရိုင်းမျိုးပျောက်၍၊ မိုးမောက်အထု၊ ယဉ်မျိုးစုသည်၊ အနုစေသား၊ ပြိုင်ဘော်ရှား၏၊ သူများဗောင်းတတ်၊ သေသတ်ကျူးကျော်၊ ဗောင်းထုပ်တော်လည်း၊ အတော်မလွဲ၊ အမြဲကျမှ၊ ယဉ်ကျေးကြ၏၊ ကျွန်မထိပ်ဗွေ၊ ဘုန်းညွန့်ဝေမှာ၊ သေသေသတ်သတ်၊ တတ်လည်းတတ်၏၊ အမှတ်မဲ့သာ၊ လွယ်ကာပင်လိုက်၊ ဖြစ်ကြိုက်ဖြစ်စေ၊ အနေမတော်၊ ရွဲ့စောင်းသော်လည်း၊ ခေါင်းတော်ဗောင်းနှင့်၊ တင့်သည်ကျူးကျော်၊ မျက်နှာတော်မှာ၊ ပြိုင်ဘော်ရှိဘူး၊ ယဉ်မျိုးကြူး၏၊ ဘုန်းထူးသည့်ရှင်၊ မယ့်ထိပ်တင်ကို၊ ဖူးချင်ပြင်းစွာ၊ လိုက်ရှာပါရှင့်၊ အခါဆည်းဆာ၊ နေဖန်ဝါသည်။ ။   ဝင်ပါနှင့်ဦး − ရောင်ဖြာမြူး ။ စာဆို...

သူဇာပျို့

Image
သူဇာပျို့ ၁၁၆။   အကျူးငယ်က ၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ ခေါ်ညီမည်ရ၊ တွင်သည်ကကို၊ ကြီးမှဂုဏ်အင်၊ ဗေဒင်မှုမှာ၊ မထောင်းတာပေ၊ ခွဲဝေဆုံးဖြတ်၊ ဓမ္မသတ်ကို၊ မတတ်ပါဘူး၊ လှမ်းကူးဆီးဆ၊ လူရေးလှလျက်၊ ရွရွနှုတ်ရည်၊ ဆိုတတ်သည်ကြောင့်၊ အမည်ရွှေကြပ်၊ ပေးထပ်ကျေးရွာ၊ နေရာတခြား၊ တရားစီရင်၊ ခန့်လေလျှင်ပင်၊ နီလွင်စက်နား၊ ဆန်းပြားကျူးမိုး၊ ပုဆိုးပိတ်ဖြူ၊ တလူလူနှင့်၊ ပြည်သူအများ၊ ဆင်းရဲသားကို၊ သနားမဲ့သီး၊ ညှဉ်းဆဲပြီးမှ၊ ငြိုးကြီးငြိုးသို၊ လူကိုပင်သာ၊ မီးမှရှေ့ရည်၊ ထည့်တော့မည်ပင်၊ ထင်ထင်နှိပ်စက်၊ ကြံလေချက်ကို၊ ထိပ်ထက်ထားတင်၊ ကိုယ်တော်ရှင်ကို၊ အလျင်ကျွန်မ၊ လျှောက်ချင်လှ၏၊ ဒီပကျွန်းမှာ၊ စိုးမည့်လျာဝယ်၊ ဆီးလာအသင့်၊ ကြိုပါနှင့်လော့၊ စက်ပွင့်ကြိုင်မွှန်း၊ ခြေတော်ပန်းကို၊ လန်းလန်းထိပ်စ၊ မပန်ရသည်၊ ကြာလှပြီရှင်၊ ပူပင်စိုးနှောင့်၊ သည်ချက်ကြောင့်လည်း၊ မအောင့်စောင့်နိုင်၊ ဂလိုင်ဝမ်းမှာ၊ လှိုက်ကာကာနှင့်၊ လျင်စွာကျွန်မ၊ ဖူးချင်လှ၍၊ ရွှင်ပျရွှမ်းစို၊ မင်းပျိုပျိုငယ်၊ သည်ကိုသည်ကို၊ မိန့်သံချိုနှင့်၊ ခေါ်ဆိုသာပျော်၊ လက်တော်အသင့်၊ ရပ်ပါနှင့်လော့၊ ပျံ့လွင့်အူချာ၊ မယ့်ဗျာပါသည်။ ။   ဝမ်းမှာဝေဆူး − နောက်ကျိမူး ။ စာဆိုရှင်အမည် ...

သူဇာပျို့

Image
သူဇာပျို့ ၁၁၅။   အကျူးအကျော် ၊ စိတ်ဆိုးလေသော်၊ ကျွန်တော်မမှာ၊ စုံအင်္ဂါနှင့်၊ လူပါဘက်ကို၊ မဆိုတခြား၊ လည်လွတ်ထားဘိ၊ သားငါးကိုမျှ၊ ကိုယ်နှင့်ဆ၍၊ တီးတွညှာတာ၊ ချစ်ကောင်းပါလျက်၊ ကြင်နာပါဘဲ၊ အလွဲကျင့်ယုတ်၊ မီမှာဖုတ်၍၊ ယဇ်ပုဇ္ဇော်မည်၊ ပြုဘိသည်ကြောင့်၊ ကြံစည်ဆန်းကြယ်၊ ကိုးကွယ်မရ၊ ကြီးသောကနှင့်၊ ကျွန်မခုသာ၊ လာခဲ့ပါသည်၊ ဗြဟ္မ, သိကြား၊ နတ်အများတို့၊ ထိပ်ထားရှိရာ၊ မကြာလျင်လျား၊ အသော့သွား၍၊ ထံပါးတော်နီး၊ လျှောက်ချေပြီးသော်၊ ဘုန်းကြီးသည့်ရှင်၊ မယ့်သခင်သည်၊ ခုပင်မကြာ၊ ဆီးကြိုလာအောင်၊ ပန်ထွာညွတ်ခ၊ ချီးပင့်ကြပါ၊ အရာအခွင့်၊ သို့နှင့်စိတ်တော်၊ မတူသော်မူ၊ တိမပေါ်ပျံဝဲ၊ ရေထဲအဆုံး၊ လေးကျွန်းလုံးကို၊ ပတ်ကုံးရစ်ခွေ၊ ရောက်နိုင်စေသည်၊ လျှံဝေစကြာ၊ ရတနာကို၊ ဘွေရှာနတ်တို့၊ ဆက်ပို့ချေ၍၊ တွက်ရေဗိုလ်ပါ၊ ယူဇနာတည့်၊ ချတာစင်စစ်၊ တဆဲ့နှစ်နှင့်၊ ရောက်လစ်စကြာ၊ ရှေ့တင်ကာလျက်၊ ကြိုလာဆီး၍၊ ရင်ဆိုင်တွေ့အောင်၊ ဘုန်းလွေ့သည့်ရှင်၊ မယ့်ထိပ်တင်သည်။ ။   ရွှေရင်ပျံ့ပျူး − စုံလှည့်ဦး ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၁၄။   ဆည်းတားမပြေ ၊ ပြန်ကြွလေသော်၊ ဆူဝေလှိုက်ဝမ်း၊ ကောင်းကင်လမ်းဝယ်၊ ပြိုက်ရွှမ်းမျက်ရည်၊ ယိုစီးသည်နှင့်၊ မူနည်နွဲ့ပျို၊ ဘွဲ့နွဲ့ငို၏၊ အိုအိုထိပ်တင်၊ ငါ့သခင်ဝယ်၊ လျင်လျင်ဆီးတည့်၊ ကြိုပါလှည့်လော့၊ ရွှေပြည့်သခင်၊ ဘုန်းတန်းအင်နှင့်၊ မင်းစင်ကိုလျက်၊ ပုဏ္ဏားပျက်သည်၊ လွဲလျက်မုသား၊ ဆိုလှည့်စား၍၊ ငြိုးထားပြင်းထွေ၊ လူကိုသေအောင်၊ ရှာဘွေဆန်းပြား၊ ရှာသောအားဖြင့်၊ ထိပ်ထားရှိရာ၊ ကျွန်မလာသည်၊ ထိပ်ချာထိပ်ဆင့်၊ မယ့်မျက်ပွင့်ငယ်၊ ကြောက်နှင့်မိန့်တည့်၊ ဆိုပါလှည့်လော့၊ နှိုင်းရှည့်စာနာ၊ အကြောင်းမှာပ၊ ယုတ်မာမှုထား၊ ပုဏ္ဏားသားသည်၊ တရားမဖြောင့်၊ ဆင်သည်ကြောင့်သာ၊ ကိုယ်တွင်ပါ၍၊ နန်းလျာရည်သွား၊ မယ့်ထိပ်ထားကို၊ တရားစီရင်၊ ဘနတ်ရှင်က၊ သာရွှင်စိတ်ကြည်၊ အပ်ပါသည်ကို၊ ဘွေနှည်စိတ်ဆိုး၊ တို့ကိုငြိုး၍၊ အကျိုးမဲ့ပင်၊ သို့စင်နှိပ်စက်၊ ကြံလေချက်ကို၊ အထက်မိုးဖျား၊ စိုးထင်ရှားသည်၊ သိကြားဗြဟ္မာ၊ နတ်တကာတို့၊ စေ့ရှာခြင်းတ၊ သိကြပါစေ၊ ရှိရလေခြင်း၊ လွန်ကျူးမင်းသည်။ ။   အခင်းစိတ်ဆူး − လောက်ပါဘူး ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၁၁၃။   ပျံကြွမိုးမြင့် ၊ ထန်းဆယ်ဆင့်မျှ၊ ရောက်ပြီးမှလျှင်၊ မင်းလှရတနာ၊ သည်းချာလောင်လင်၊ ငိုသံထင်၍၊ မရွှင်ဆာပူ၊ သည်းအူချဲ့ချဲ့၊ သက်ပြန်ခဲ့မှ၊ လုတ်လွဲ့နုနယ်၊ သားသက်လှယ်ကို၊ ရင်ဝယ်ဘက်ယမ်း၊ ထပ်ထပ်နမ်းပြီး၊ ထွန်းညီးကိုယ်ဝါ၊ နန်းမချာကို၊ တခါညွတ်ခ၊ ရှိခိုးချလျက်၊ ရွရွနုနယ်၊ ကျွန်တော်ငယ်သည်၊ သက်ဆိုးရှည်၍၊ ပွားစည်ခန္ဓာ၊ ကြီးမြင့်ပါလျှင်၊ ရေးရာနောက်နှောင်း၊ မှုတော်ကောင်းသော်၊ ကျော်သောင်းကြေညာ၊ စေရပါမည်၊ မေတ္တာနှင့်ကွ၊ ယုယမြတ်လေး၊ မွှေးပါဘုရား၊ ထွတ်ထိပ်ထားဟု၊ လျှောက်ကြားဆိုလျှင်၊ ရှစ်သောင်းရှင်လျှင်၊ မရွှင်မူးလည်၊ မျက်ရည်ပြိုင်စက်၊ လည်ကိုဘက်၍၊ စုံမက်ဝမ်းက၊ မချိလှလျက်၊ မယ်လျမယ်လျ၊ မည်သည်မျှကို၊ ကြောင့်ကြပူဆာ၊ မရှိပါနှင့်၊ ရတနာစု၊ မြေးမောင်ပုကို၊ ယခုစုံမက်၊ အသက်ကဲ့သို့၊ ထပ်ဖို့မေတ္တာ၊ ငါမွေးပါမည်၊ သားမှာချစ်ပေါ့၊ အလွမ်းလျှော့၍၊ ကြွတော့မင်းငယ်၊ ကြွတော့မယ်ဟု၊ ပျံ့ကြွယ်ပန်းတူ၊ မိန့်တော်မူ၍၊ နန်းသူအပေါင်း၊ သောင်းသောင်းငိုယို၊ ရွှမ်းစိုပြိုက်စက်၊ ရှိလက်စုံကာ၊ မြှော်လိုက်ခါဝယ်၊ သားမှတဘက်၊ ငဲ့ကွက်ယုံ့ယွင်း၊ မင်းမှာတသွယ်၊ လျင်လွယ်တွေ့ချင်း၊ ပူပင်လောင်ဆာ၊ ကြီးဗျာပါနှင့်၊ အာကာမိုးယံ၊ ကြွားကြွား...

သူဇာပျို့

Image
သူဇာပျို့ ၁၁၂။   လှမ်းယူပြီးလျှင် ၊ လည်မှာဆင်၍၊ မင်းရှင်သူဇာ၊ လျှောက်သည်မှာကား၊ ရတနာပလ္လင်၊ မြတ်ညာတင်သည်၊ လသွင်ရောင်ဖြိုး၊ ထွတ်ထိပ်မိုး။ ။ ကြောက်စိုးရွံ့ရှာ၊ ဘေးကိုညှာ၍၊ ပစ်ခွာခဲ့ရ၊ ကျွန်တော်မသည်၊ သည်မှထိုရော်၊ သွားလေသော်မူ၊ ကျွန်တော်သလေး၊ ကွေးလေးဆိတ်စာ၊ ရတနာကို၊ ထွတ်ချာမြတ်ဖျား၊ ထံတော်ပါးမှာ၊ ယူထားမကွာ၊ ကျွေးမွေးပါမှ၊ ဖျားနာကုမ၊ ဆေးကိစ္စနှင့်၊ ထိန်းယနို့ကျွေး၊ မဝေးစောင့်နေ၊ ဖျော်ဖြေသံချို၊ မငိုစေရ၊ လုံ့လမြဲစွာ၊ ကျိုးနွံပါမည်၊ သို့ဖြစ်သည်ကို၊ ရည်၍မကြာ၊ ခုပင်သာလျှင်၊ အချာထိပ်နင်း၊ ထံတော်ရင်းသို့၊ ယူသွင်းယုယ၊ မွေးပါမှသာ၊ ပျံကြွသွားရာ၊ လျင်နိုင်ပါမည်၊ ဖြစ်ပါသည်ဟု၊ ငိုမြည်လျက်သာ၊ လျှောက်ဆိုရှာသော်၊ အချာနန်းမ၊ ထွတ်ဘုန်းပလည်း၊ ဖျဖျခန့်ထား၊ လျင်လျားမနေ၊ ဆောင်ယူစေ၍၊ အုပ်ထွေဖြီးလှောက်၊ ယူခဲ့ရောက်သော်၊ လျှံတောက် ဆင်းဝါ၊ မင်းသူဇာကား၊ ရတနာစု၊ မင်းယဉ်နုကို၊ မျိုလှုဝိုက်ဘက်၊ ခေါ်စိုက်စက်နှင့်၊ စုံမက်ပြင်းစွာ၊ ပါးဘယ်ညာကို၊ ထပ်ကာယုယ၊ နမ်းပြီးမှလျှင်၊ နန်းမစိုးချာ၊ မိမြတ်စွာအား၊ ခြေမှာကိုင်းညွတ်၊ ဆံနှင့်ပွတ်၍၊ ဘုန်းထွတ်လူလူ၊ နန်းသူအားလုံး၊ ရှိကုံးဆင်ရွက်၊ စိုက်စက်ခေါ်ကာ၊ များစွာစီလျဉ်၊ ငိုကြွေးစဉ်ဝ...

သူဇာပျို့

Image
သူဇာပျို့ ၁၁၁။   မင်းလှသူဇာ ၊ ထွေသာပျံ့ရှား၊ လျှောက်သည်ကြားသော်၊ သာဖြားနှုတ်ကြည်၊ မိန့်ပြန်သည်ကား၊ ဖြီးစည်အထု၊ ချစ်မျိုးစုသည်၊ ရွှေဥရတနာ၊ တို့သည်းချာ။ ။ မေတ္တာကြီးထူ၊ အစ်မမူကား၊ လွယ်ကူလှစွာ၊ မောင်ရှိရာသို့၊ မကြာဖြောင့်တန်း၊ မစွန်းမငြိ၊ လိုက်လေဘိဟု၊ စိတ်ရှိတိုင်းရည်၊ ဆိုရမည်လည်း၊ ကျူးရှည်ရပ်ခွင်၊ စစ်မြေပြင်ဝယ်၊ မြင်း, ဆင်, ဒိုင်း, လွှား၊ လှံဓားပြက်ပြက်၊ သွေးစက်စက်နှင့်၊ ရန်ဘက်ရန်သူ၊ ရုပ်တူဆီးဆ၊ မိန်းမတို့နှင့်၊ မလျော်သင့်၍၊ ထောက်ချင့်အာဏာ၊ နေလှည့်ရာကို၊ သည်းချာငယ်ပျို၊ လိုက်မည်ဆိုသော်၊ တို့ကိုချမ်းသာ၊ စီးပွားရှာသည်၊ မှန်စွာစင်စစ်၊ သဘောဖြစ်၍၊ ကြင်ချစ်ဝမ်းက၊ အားရလှ၏၊ သည်းချာ့ရွှေသား၊ သွာလေသော်မူ၊ တူရူရှေ့တည်၊ သည်ကိုရည်လျက်၊ ဝေးသည်လမ်းဝယ်၊ ဘေးသွယ်သွယ်ကို၊ ညာဘယ်လည်လှည့်၊ ရှေ့နောက်ကြည့်၍၊ တည့်တည့်ရှေ့ရည်၊ မောင်ရှိသည်သို့၊ ရွှေရည်ဆင်းဝါ၊ မင်းသူဇာငယ်၊ သွားပါတော့ရှင်၊ ငါ့မိခင်ဟု၊ ပန်းသွင်ကြိုင်ပျ၊ မိန့်ပြီးမှလျှင်၊ ထိန်မျှပြိုးပြက်၊ မြဘယက်ကို၊ လက်လက်ရောင်ညီး၊ မှန်တိပြီးသည်၊ အံ့ချီးစရာ၊ အံဆင့် တာ က၊ အသက်လက်တော်၊ ထုတ်ပေးသော်လည်း၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာကား၊ ခြေမှာတိပ်စ၊ ဦးဖြင့်ချ၍၊ ညွတ်ခကြည...

သူဇာပျို့

Image
သူဇာပျို့ ၁၁၀။   နန်းမဘုရား ၊ မြတ်ဖျားဘုန်းထူ၊ မိန့်တော်မူသော်၊ ဖြူအူဝင်းဝါ၊ မင်းသူဇာကား၊ ပွင့်အာတွဲလှု၊ ရွှေရင်နုကို၊ ခုခုရွှေလက်၊ ဆိတ်ထုချက်လျက်၊ ရှိုက်မက် − မတည်၊ ရွှမ်းမျက်ရည်နှင့်၊ လျှောက်သည်သံညင်း၊ ထွတ်ထိပ်နင်း။ ။ လွန်ပြင်းထောက်မ၊ သနားလှ၍၊ မိဘနေပြည်၊ ရှေ့ရည်စူးစူး၊ သွားချေဦးတော့၊ ညံ့နူးထွေသာ၊ မိန့်သည်ရာကို၊ မေတ္တာအထူး၊ ကျေးဇူးတော်ဂုဏ်၊ မကုန်မိုးမျှ၊ ကြီးပေလှ၏၊ အံ့ရကျူးကျော်၊ သို့ဖြစ်သော်လည်း၊ ဘုန်းတော်ဝံ့လန်း၊ ပွင့်လှုရွှန်းသည်၊ ရွှေနန်းစိုးလျာ၊ မယ့်ထိပ်ချာကို၊ မညှာ − မလေး၊ သွားမည့်ရေးသည်၊ မြှော်တွေး၍မျှ၊ကြံမရခဲ့၊ ကြမ္မစီရင်၊ ဖြစ်ချင်သမျှ၊ နှလုံးချ၍၊ ကျွန်မထိပ်တင်၊ သခင်ရှိရာ၊ လိုက်ပါတော့မည်၊ ဘုန်းခြည်တောက်ဝါ၊ ထိပ်ချာယဉ်နွဲ့၊ အပ်ထားခဲ့သည်၊ လျှပ်ကဲ့ပမာ၊ ရောင်ဖြာပြိုးပြက်၊ မြဘယက်ကို၊ ထွတ်ချက်ခေါင်ချာ၊ သနားပါတော့၊ လိုရာမိုးမြေ၊ ပျံနိုင်စေသည်၊ လျှံဝေရောင်ခြည်၊ သည်ဘယက်မျှ၊ အနဂ္ဃကို၊ ရပါမှသာ၊ မကြာလျင်လျား၊ ပျံချေသွား၍၊ ဘဝါးမာလာ၊ ပွင့်ရွှေကြာတွင်၊ ပါသည်မြူသေး၊ ဝတ်ဆံမွှေးကို၊ ကြည်လေးမြတ်စွာ၊ မယ့်မျက်နှာတွင်၊ ချေပါရမည်၊ ဖြစ်ပါသည်ဟု၊ မျက်ရည်ပြိုင်စက်၊ လျှောက်ဆိုမြွက်သည်။ ။   လှိုင်...

သူဇာပျို့

Image
သူဇာပျို့ ၁၀၉။   အစိုးရသူ ၊ အမူမသင့်၊ ကျင့်ခဲ့သည်ကြောင့်၊ စိုးနှောင့်ပူပင်၊ မရှင်ကြံမှိုင်၊ မကယ်နိုင်၍၊ ရွှေစိုင် − ရွှေခဲ၊ ပုလဲဇောတ၊ မယ်လျလျကို၊ အစ်မ − အရှင်၊ မမြင်ဝံ့ပြီ၊ လှိုင်ညီပျံ့ကြူ၊ နတ်မဉ္ဇူကို၊ မှတ်ယူမပြား၊ ငါထိပ်ထားသည်၊ ငါ့သားလာတည့်၊ ရောက်ပါလှည့်လော့၊ ငါလှည့် − ငါလည်၊ ကြံစည်ဆန်းပြား၊ သည်ပုဏ္ဏားသည်၊ စိတ်ထားထဲသံ၊ မနောကံမျှ၊ ကြံဝံ့မည်ထား၊ သည်းကြားဇာတိ၊ ခု − မရှိ၍၊ ဘေးတိထွေလည်၊ ကြံစည်သည်ကို၊ ရွှေရည်ရွှေဥ၊ တို့သက်စုသည်၊ မယ်ပုသည်းချာ၊ ဟေမာဂိရိ၊ တွင်ရှိမည်မှန်း၊ ရွှေတောင်နန်းသို့၊ ဖြောင့်တန်းစူးစူး၊ သွာချေဦးတော့၊ ပြားဖြူးရောင်ထွေ၊ နတ်ရွှေမြေသို့၊ ရောက်လေလျှင်သာ၊ စံကာပျော်မွေ့၊ တို့ကိုမေ့၍၊ ရက်နေ့ရှည်ကြာ၊ မနေပါနှင့်၊ မေတ္တာကြီးအင်၊ မ − ရှင်ခွေရစ်၊ လွမ်းသည်ဖြစ်နှင့်၊ ရင်နှစ်ရတနာ၊ နန်းလျာရည်သွား၊ ခင့်မြောက်သားကို၊ ချစ်အားတူရှဲ့၊ ထောက်ညှာငဲ့၍၊ ပြန်ခဲ့ပါဦး၊ စုံပူးယှဉ်ဘော်၊ ခင့်မောင်တော်လည်း၊ ထွန်းပေါ်တန်ခိုး၊ ရန်မျိုးပယ်ပျောက်၊ စစ်ကရောက်၍၊ လွေ့လောက်အထု၊ ချစ်မျိုးစုသည်၊ မယ်ပုငယ်ပျို၊ မရှိဆိုက၊ သက်ကိုမျှပင်၊ အရကြံစည်၊ ကြိုးရမည်ကို၊ ရွှေရည်ရွှေခဲ၊ ပုလဲစေ့ရှာ၊ ထောက်ပါနော်ရှင်၊ မိခင်မှာထာ...

သူဇာပျို့

Image
သူဇာပျို့ ၁၀၈။   ထိုသို့သောခါ ၊ မင်းသူဇာကား၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်လွန်းလှ၍၊ မဟနိုင်ရာ၊ မျက်နှာဖြူခြောက်၊ တဆုပ်လောက်နှင့်၊ ရွှေမှောက်ထွတ်ချက်၊ ရှစ်သောင်းထက်၏၊ နှစ်ဘက်ခြေမှာ၊ ဖက်၍သာလျှင်၊ သည်းချာမဟိ၊ ဟိုက်လျှင်းဘိ၏၊ သို့ရှိခါသော်၊ ပျိုတော်တယောက်၊ ကြွင်းမဲ့လျှောက်က၊ နန်းမထိပ်ပေါ်၊ မျက်တော်ပြင်းလှ၊ ဟူးဟူးထ၍၊ ပါပကျင့်ညစ်၊ ပုဏ္ဏားယစ်သည်၊ ဧကရာဇ်အလျာ၊ ငါ့သည်းချာကို၊ ပြင်းစွာမုန်းထား၊ အငြိုးထား၍၊ လှည့်စားပြုပြင်၊ သို့စင်ကွေ့လည်း၊ ကြံစည်သည်ကို၊ မရှည်ကြာခင်၊ ပူပင်လတ်လတ်၊ သင့်ကိုသတ်ပါ၊ မြိုင်သာရိပ်လန်း၊ ဥယျာဉ်နန်းဝယ်၊ ဘုန်းရွှန်းလျှံဝေ၊ ကိုယ်တော်နေ၏၊ လျှောက်ချေအလျင်၊ ယခုပင်ဟု၊ မရွှင်ထဲပိုက်၊ စေလိုက်သော့အား၊ စေသူသွား၍၊ တံခါးသေချာ၊ ဥယျာဉ်မှာနှိုက်၊ လွှား, ကာ, ဒိုင်း, ဝင်း၊ လက်နက်ကျင်းလျက်၊ ထန်ပြင်းဆီးဆ၊ မဝင်ရဘဲ၊ ဖင့်နွှဲမကြာ၊ ပြန်ရောက်လှာသော်၊ အချာနန်းမ၊ အစိုးရသည်၊ ကြင်ဆသက်တူ၊ မိဘုန်းထူကား၊ မင်းသူဇာကို၊ ဘယ်၍ငိုမှ၊ ဆိုသည့်ပျံ့ကြွယ်၊ မင်းလှငယ်။ ။ အံ့ဘွယ်ပုံဖြီး၊ မြေကြီးမှောက်လှန်၊ ကမ္ဘာပြန်သို့၊ ဖြစ်ဟန်တူစွာ၊ သည်ရေးရာသည်၊ မျက်ပါငြိုးထား၊ သည်ပုဏ္ဏားနှင့်၊ မခြားတူပင်၊ သည်ရှင်ဘုရင်၊ တိုင...

သူဇာပျို့

Image
သူဇာပျို့ ၁၀၇။   သို့နှင့်မနေ ၊ ရှာဘွေကာကာ၊ မင်းသူဇာမှာ၊ ဖန်ပြာအိကျုံး၊ ရောင်မြှုံးပတ္တလား၊ ပန်းရောင်ဝါးနှင့်၊ ပိတ်သားရွှေချည်၊ ထိုးသည်သေသတ်၊ လက်ခတ်အမိုး၊ သန္တာရိုးကို၊ မြတ်နိုးကြည်လင်၊ ထိပ်မှာတင်၍၊ ရင်မှာချပ်လျက်၊ ပြိုက်စက်သွယ်ရွှမ်း၊ ခုခုနမ်းသည်၊ အလွမ်းထပ်ကာ၊ မပြေရှာသော်၊ ဝေဆာမူးမှောင်၊ ပြူယောင်ပြုမှား၊ ဘိုးများနဂ္ဃ၊ ပုကန်မြတွင်၊ ကြိုင်ပျဖြိုးပြည့်၊ နှင်းရည်ထည့်၍၊ ယင်းသည့်ထိပ်ထွတ်၊ တီးမြဲမှတ်သည်၊ လက်ခတ်သစ်ပေါ့၊ ပန်းရည့်ဖြော့ကို၊ ပျောင်းပျော့ပူဆာ၊ ထိပ်မှာလည်းတင်၊ ရင်မှာလည်းချပ်၊ ပါးမှာကပ်၍၊ ပွတ်သပ်ဖန်များ၊ နမ်းသည်လားနှင့်၊ လွမ်းအားကြီးအင်၊ နေစဉ်တွင်နှိုက်၊ ပည်းဖြင်တအုပ်၊ ကိုယ်လုပ်မောင်းမ၊ အကြီးစသည်၊ ငိုကြလန့်ကြ၊ ဘုရားဘုရား၊ တို့ထိပ်ထားကို၊ ပုဏ္ဏားလူကျော်၊ ယဇ်ပူဇော်ရာ၊ ယဇ်စာထည့်မည်၊ ယူလာသည်ရှင့်၊ ခုပင်ထိပ်နင်း၊ ရွှေနန်းတွင်းသို့၊ အပြင်းရှေးရှူ၊ ဝင်တော်မူမှ၊ ခေါ်ယူတဲမ၊ ဝန်းရံကြလျက်၊ နဝရတနာ၊ စီမြွာကိုးမျက်၊ ရွှေယာဉ်ထက်သို့၊ ရွှေလက်ဆွဲငင်၊ အသော့တင်မှ၊ ဆောလျင်ပြင်းပြ၊ သွားလေကြ၍၊ နန်းမစိုးစံ၊ ဘုရားထံသို့၊ ရည်သံထုတ်ချောက်၊ ဝင်လေရောက်သော်၊ ရွှေမှောက်ထိပ်ဗွေ၊ အေ − အေ မယ်မှ၊ ဘယ်ကိစ္စဟု၊ ထိတ...

သူဇာပျို့

Image
သူဇာပျို့ ၁၀၆။   အိမ်ရှေ့မိဖုရား ၊ ထွတ်ထားစရာ၊ မိသူဇာကို၊ ယစ်စာပို့ယူ၊ အပ်မည်ဟူ၍၊ လူသူများစွာ၊ ပုဏ္ဏားလာဟု၊ ရှိန်ဝါပြောင်ပြောင်၊ ရှားမီးလောင်သို့၊ ထိန်အောင်ထိတ်လှ၊ လန့်ဖျပ်ကြသော်၊ ပြင်ကအတွင်း၊ ချက်ချင်းခဏ၊ ကြားသိကြ၍၊ ခြောက်ပါးနှောင်းမြင်၊ မင်းရှင်လှမှာ၊ မရွှင်ညွတ်ခွေ့၊ ယင်းသည့်နေ့တွင်၊ ဝိုက်ဝှေ့ဝမ်းမှာ၊ အခါခါထက်၊ ထပ်ကာလောင်းဆင့်၊ အလွမ်းမြင့်၍၊ သခင့်ခြေရာ၊ ထိပ်ချာဗွေထက်၊ မျက်နှာကြက်ကို၊ ရှိလက်စုံကာ၊ ကြိမ်ခါများလှ၊ ဦးသာချ၍၊ ထိပ်စတင်တင်၊ သခင်ညစ်ခံ၊ ညိုလျှံလဲ့ရှိမ်း၊ အစိမ်းဆယ်မည်၊ ရွှေခြည်ကပ်ကွက်၊ လက်ချိပ်ရက်သည်၊ ချောညက်ကျူကျော်၊ ဝတ်လဲတော်ကို၊ ထိပ်ပေါ်တင်ကာ၊ မျက်နှာအုပ်လွွှမ်း၊ ကြိမ်ကြိမ်နမ်း၍၊ အလွမ်းမပြေ၊ သည်းလေလေဖြင့်၊ ဘွေဘွေရှာရှာ၊ စက်မွေ့ရာကို၊ နမ်းပါသော်လည်း၊ လွမ်းပြန်သည်း၍၊ တင့်ရည်းသာရွှင်၊ ထိပ်တင်မင်းလှ၊ တီးနေကြသည်၊ စိမ်းမြချယ်စီ၊ သိင်္ဂီမြူမဲ့၊ ရွှေညှို့ဘွဲ့လျက်၊ နှိုင်းရှဲ့မရ၊ ကရဝိက၊ ဃောသမည်မှတ်၊ စောင်းတုလွတ်ကို၊ လေးမြတ်စုံမက်၊ ပိုက်ခါဘက်၍၊ ရွှေလက်ထိရာ၊ သည်ဆီမှာတု၊ ဘွေရှာယောင်ယမ်း၊ ကြံကာနမ်းသည်၊ အလွမ်းထပ်ကျယ်၊ သနားဘွယ်။ ။   ပြိုက်သွယ်မျက်ရည်နှင့်သာတည်း ။ စာဆိုရှင်အမည် = ဝ...

သူဇာပျို့

Image
သူဇာပျို့ ၁၀၅။   အနုပိယဘာဏီ ၊ ခေါ်ညီစင်စစ်၊ ခင်ပွန်းဖြစ်သည်၊ ကျင့်ညစ်ပုဏ္ဏား၊ ဆိုစကားကို၊ ယုံမှာချေ၍၊ စုံစေ့များစွာ၊ လိုရာရာကို၊ ဘွေရှာစိတ်အား၊ လျောက်လျားယူလေ၊ ရွှေမြေတိုင်းကျော်၊ နိုင်ငံတော်တွင်၊ မပေါ်မရှိ၊ မသိသည်သာ၊ ဆရာမယူ၊ လွတ်လေဟူ၍၊ လွယ်ကူသံချို၊ စုန်းကိုသားကင်၊ ထည့်မှားကျင်သို့၊ နတ်ရှင်ဘုန်းထွတ်၊ မိန့်တော်လွှတ်၍၊ ချမ်းမြတ်ရိပ်ဝှဲ၊ ဥယျာဉ်ထဲသို့၊ ဘော်ရှဲရှောင်နေ၊ ကြွဝင်လေ၏၊ ပေအောင်ငယ်က၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ သညီငယ်မည်၊ တွင်သည်ကြားကျော်၊ ကြီးရင့်သော်ကား၊ မလျော်လေဘဲ၊ ကျူးကဲမိုးလှ၊ ရာဇိန္ဒရာဇဂုရု၊ နုသည်နာမ၊ ဘွဲ့မည်ရသည်၊ လောဘရမ္မက်၊ ပုဏ္ဏားပျက်ကား၊ သားငှက်ပုံယင်၊ မြင်းဆင်ကစ၊ များလှတိရစ္ဆာန်၊ သေဒဏ်မှတ်သား၊ နှောင်ထားသည့်လူ၊ ယူ၍ဖြင်ညီး၊ စုထားပြီးသော်၊ အံ့ချီးလူ့မြေ၊ ကိန္နရေကို၊ ရစေမင်းများ၊ ခုလျင်လျားဟု၊ ဆိုငြားသောခါ၊ ကိန္နရာကို၊ ဘယ်မှာတို့သည်၊ ရနိုင်မည်ဟု၊ မကြည်မချို၊ မတ်များဆိုသော်၊ နဂိုရ်ရွှေပြည်၊ ပျက်စီးမည်ကို၊ တားဆည်ဆီးဆ၊ တယောက်မျှလျှင်၊ တီတွမဲ့ထွေ၊ မသေကောင်းလော၊ လျင်ဆောခုသာ၊ မိသူဇာကို၊ ငါပင်ရှေ့တည်၊ သွားယူမည်ဟု၊ အရည်စိမ်းစို၊ မြင်းမိုရ်ရွှေကြပ်၊ လျှပ်လျှပ်ပြောင်ပြောင်၊ နောက်ကဆော...

သူဇာပျို့

Image
သူဇာပျို့ ၁၀၄။   သို့လျှင်ဆရာ ၊ ကွယ်ကာဆည်းဆို့၊ အသို့ဘွေနှယ်၊ ကြံပါမည်ဟု၊ မိန့်သည်ရှိသော်၊ တွေဖော်ကျမ်းလာ၊ ယတြာကြီးအင်၊ ယဇ်စီရင်မည်၊ နတ်ရှင်ဘုန်းခြည်၊ ဘုရားသည်ကား၊ မြိုင်စည်ရိပ်ကျော်၊ ဥယျာဉ်တော်မှာ၊ ယတြာမည်မှန်း၊ တဲနန်းဆောက်၍၊ ခုနှစနေ့တွင်၊ မမြင်လူသူ၊ ဆံမြူမနှောင့်၊ ဥပုသ်စောင့်လျက်၊ ငြိမ်သက်ကုပ်သေ၊ နေတော်မူပါ၊ ရေးရာမြော်မြင်၊ ပုဏ္ဏားတော်ကို၊ မှာသော်မူကား၊ ထင်ရှားကျူးကျော်၊ ယဇ်ပူဇော်မည်၊ ဘုန်းတော်စည်ဖြီး၊ ကြီးသည်ဘုရား၊ ရက်လည်ငြားမှ၊ နှုန်းထားပုံထု၊ ရာဟုလက်က၊ လွတ်သည့်လသို့၊ ထကြွခဲ့၍၊ ဘုန်းဟေ့ဧကရာဇ်၊ မင်းသစ်ဘွဲ့မည်၊ ခံသင့်သည်ဟု၊ ယုံကြည်ဘွယ်လောက်၊ လျှောက်လတ်သောခါ၊ ဆရာသင့်ပြီ၊ ခန့်စီရင်ပါ၊ လျင်မကြာဟု၊ ထွေသာအလျင်၊ နတ်ရှင်ဘုန်းဟေ့၊ ယနေ့နေ့ပင်၊ စုံစေ့ရုံးပေါင်း၊ ပြီးစေကောင်း၏၊ ပွင့်လောင်းဘုန်းကျော်၊ ဥယျာဉ်တော်မှာ၊ နေသော်ခါလည်း၊ လုံစွာတံခါး၊ စောင့်ရှောက်ထားလော့၊ ပုဏ္ဏားတို့ဝယ်၊ ပူဇော်ဘွယ်ကား၊ ကြီငယ်ဝတ္ထု၊ ရုံးစုစေ့င၊ များမြောင်လှ၏၊ ခုကဘုရား၊ မိန့်စေသားဟု၊ စီးပွားလိုယောင်၊ လှည့်ပတ်ဆောင်၍၊ ယုံအောင်ချိုသာ၊ နှုတ်ပျူဟာနှင့်၊ လိုရာချောင်းချောင်း၊ စကားတောင်းသည်။ ။   ပျော့ပျောင်းကွယ်ဝိုက်ကျေပွ...

သူဇာပျို့

Image
သူဇာပျို့ ၁၀၃။   ထိုမြို့ကခွာ ၊ အကွာစခန်း၊ ချမှန်းတထောက်၊ ရောက်သည့်နေ့ဝယ်၊ ဘုန်းငွေ့တောက်ရှိန်၊ ထိန်ပြင်းထိန်သည်၊ ရာဇိန္ဒရာဇာ၊ မည်သာတွင်ခေါ်၊ ခမည်းတော်လျှင်၊ စက်ပျော်သာယာ၊ မိုးသောက်ခါနှိုက်၊ မင်္ဂလာမည်မှည့်၊ ထွန်းစည့်ရောင်ညီး၊ ရထားစီး၍၊ ကြွချီးစံတည်၊ ထက်နတ်ပြည်သို့၊ တက်သသည်ကိုထင်၊ အိပ်မက်မြင်သော်၊ နိုးလျှင်စိတ်က၊ ရွံထိတ်လှလျက်၊ နံနက်စောလှ၊ ထ တော်မူ၍၊ တံပူကိစ္စ၊ ပြီးပြီးမှလျှင်၊ ရာဇိန္ဒရာဇဂုရု၊ နုသည့်အမတ်၊ ကြမ်းသည်စိတ်လက်၊ ပုဏ္ဏားပျက်ကို၊ အိပ်မက်မြင်ဟန်၊ ခေါ်တွင်ပြန်၏၊ အလွန်ကြောင်ဆင်၊ မင်းရိပ်ထင်သော်၊ သည်တွင်လွယ်ကူ၊ ငါ့ရန်သူကို၊ ကလူနှိပ်စက်၊ နိုင်ထက်ထားသည်၊ အောင်တော့မည်ဟု၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာကို၊ မြဲစွာကျိတ်ကျိတ်၊ မှတ်ရင်းစိတ်နှင့်၊ ထိတ်လန့်ပြန်ကြောင်း၊ လောင်းကာဆင့်လျက်၊ သည်အိပ်မက်ကို၊ ဘတ်မြွတ်တံ့တံ့၊ မလျှောက်ဝံ့ဟု၊ ပျေ့ညံ့ဖြည်းသာ၊ လျှောက်သော့ခါဝယ်၊ ထွတ်ချာရွှေမှောက်၊ လွန်ပြန်ကြောက်၍၊ တင်လျှောက်ဆရာ၊ ဘတ်ပါတော့ဟူ၊ မိန့်တော်မူက၊ ဘုန်းတူဘုရား၊ များမကြာခင်၊ သည်လတွင်ပင်၊ အရှင်မင်းသည်၊ အစတည်၍၊ ရွှေပြည်ရပ်ကြီး၊ ပျက်စီးမည်ဆင်၊ ဥပဒ်မြင်ဟု၊ ကြောက်ငြင် ဘွယ်လောက်၊ လုပ်ကြံလျှောက်သည်။ ။...

သူဇာပျို့

Image
သူဇာပျို့ ၁၀၂။   ယဉ်မျိုးထိပ်ဗွေ ၊ မိုးနိမ့်နေသည်၊ သပြေစိုးရန့်၊ ရဲတမ်းခွန်ကား၊ လွမ်းဝှန်အူသည်း၊ ဖိမ့်ဖိမ့်ကြည်း၍၊ ဟိန်းဟည်းဖန်များ၊ ချသည့်သားနှင့်၊ ရပ်ခြားသူ့မြေ၊ တိုင်ရောက်လေသော်၊ ငံ့နေမတင်း၊ ဆင်ခင်းမြင်းရာ၊ မညှာမဆ၊ ဗျူဟာ့သုံးပါး၊ မှတ်သားမပြု၊ လျင်မှုခဏ၊ ထပ်မျှမတည်၊ ငံ့ဆည်မမြော်၊ တိုက်စည်ဆော်၍၊ ဗြာကြော်ထိန့်ဆူ၊ သောင်းသောင်းအူမျှ၊ သူ့သူစစ်ဆိုင်၊ ပြိုင်ပြိုင်သမျှ၊ ကြွင်းရမထင်၊ အစဉ်သတ်လိုက်၊ ချွံချွံတိုက်၍၊ ရောက်ဆိုက်ရိုင်ရိုင်၊ မြို့ရင်းတိုင်သော်၊ ကြံ့ခိုင်လူကျော်၊ မြို့ပေါ်ခုန်လွှား၊ တံခါးကိုဆင်၊ ဖျက်ဘောက်ဝင်၍၊ မြင်းလျင်ဗိုလ်ခြေ၊ တွက်ရေမရှိ၊ နောက်ထပ်ဖိသော်၊ ဟိတ္ထိပူရ၊ မင်းကစသည်၊ ပြည်မအလုံး၊ ပတ်ကုံးမကြွင်း၊ တပွဲချင်းနှင့်၊ လျင်ပြင်းခဏ၊ အကုန်ရ၍၊ ပူရဟတ္ထိ၊ တွင်ရှိမည်မှည့်၊ မြို့၏အပါ၊ ကြေညာတလွှား၊ မြို့ပြများက၊ သားနှင့်သမီး၊ ဆင်ကြီးမြင်းကျော်၊ ပူဇော်ရှိလက်၊ ညွတ်လှာဆက်သော်၊ နှောင့်ရှက်မထင်၊ ရန်မျိုးစင်၏၊ သို့လျှင်မကြာ၊ နောင်လာဆီးဆို့၊ မြို့အစီရင်၊ သိမြင်စစစ်ကဲ၊ ယှဉ်တွဲနာခံ၊ စီမံသီးသီး၊ ခန့်ထားပြီးလျှင်၊ သူ့ရှင်မင်းသား၊ မိဖုရားနှင့်၊ မြေး, သားမကြွင်း၊ ယူခဲ့လျှင်း၍၊ ရပ်တင်းမညှာ၊ ပြန်ခဲ့လ...

သူဇာပျို့

Image
သူဇာပျို့ ၁၀၁။   ဆဲ့နှစ်ခေါဘိဏီ ၊ ပည်းသီစစ်ခြေ၊ တွက်ရေဖြင်ညီး၊ မြေကြီးနန့်နန့်၊ မြေမုန့်ကောင်းကင်၊ လောက်မျှ၍ပင်တည့်၊ စုံအင်လေးထွေ၊ ချီလေအံ့လောက်၊ ကွန်းသုံးထောက်ကို၊ အရောက်လျင်လှ၊ နေ့ချင်းချ၍၊ နေကြထုံ့ပိုင်း၊ စခန်းတိုင်းလည်း၊ မနှိုင်းယှည်သာ၊ လွမ်းခြင်းရာကို၊ မိန့်မှာစေ့ရေ၊ စာရွှေပေနှင့်၊ ပြစ်ပြေလိမ္မာ၊ နှုတ်လျှာရွရွ၊ ကျေပွန်လှသည်၊ ဇေယျမင်းရဲ၊ မည်သာကဲသည်။ မင်ရဲဇေယျ၊ စသည်ပျိငယ်၊ အရွယ်နုထွား၊ မင်းသားတို့အား၊ စေစေားနေကြ၊ လျှောက်စေရ၏ ညွတ်ခဆက်လှာ၊ ထိုရွှေစာကို၊ သိင်္ဂါလျှံတောက်၊ အိမ်တော်ရောက်သော်၊ ငံ့ထောက်မဲ့ဘူး၊ အိမ်ဆောင်မှူးနှင့်၊ ရာထူးတသီး၊ အကြီးတို့က၊ ဆင့်ဆက်ရ၏၊ အူရွရွှန်းရွှင်၊ မင်းရှင်ကလည်း၊ အူသည်းပြတ်မျှ၊ လွမ်းလှသည်ဖြစ်၊ ဘွေလှစ်လျှောက်မှာ၊ ရွှေပေစာကို၊ ရေးရာသိလှ၊ ဇေယျယဉ်နု၊ လူမှုကုံတွင်၊ နားဝင်ရှင်မှု၊ ယဉ်နုဇေယျ၊ စသည်မည်ဆို၊ မတ်ပျိုတို့အား၊ အကြီးများက၊ မှတ်သားမြဲနေ၊ သင့်အပစေ၍၊ ရိုသေညွတ်ခ၊ ဆက်စေရ၏၊ ယဉ်လှသည့်ရှင်၊ ထိပ်တင်ကစေ၊ ဖြူရွေဝင်းရွ၊ မင်းလှကခန့်၊ ရည်သန့်မင်းသား၊ မှူးမတ်များက၊ လာသွားတုံ့ဖယ်၊ ယက်ကန်းရှယ်သို့၊ အံဘွယ်ထွေလာ၊ မြင်းခွာရာဘိ၊ ထပ်ကာဆင့်လောင်း၊ တောလမ်းကြောင်းလည်း၊ ထောင်းထ...

သူဇာပျို့

Image
သူဇာပျို့ ၁၀၀။   ယင်းသို့သံချို ၊ မင်းဖျားဆိုသော်၊ ကြည်ညိုရိုညွတ်၊ မိန့်တော်မြတ်ကို၊ ထွတ်ထိပ်ဦးဆီ၊ တင်ပါပြီဟု၊ လက်ချီစုံမြှောက်၊ ဝန်ခံလျှောက်မူ၊ ချိန်ရောက်သင့်လျော်၊ ခါတော်မျို့ကောင်း၊ ပြည့်စုံကြောင်းကို၊ သံညောင်းမွှေးပျ၊ တွင်းဝန်ကလည်း၊ ဇေယျဒူတ၊ သိပ္ပသရေ၊ မည်ထွေသာထူး၊ မိန်းမမှူးတို့၊ သာကြူးလွတ်ကျွန်း၊ နန်းမတော်ရောက်၊ ဆက်လှာလျှောက်သော်၊ ရွှေမှောက်ဘုန်းခေါင်၊ မောက်ကြွတော့ဟူ၊ မိန့်တော်မူ၍၊ ဇမ္ဗူကျွန်းစည်၊ စိုးလျှောက်တည်သည်၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာလည်း၊ သိင်္ဂါဘုံကျော်၊ ဗြဲတိုက်တော်က၊ သက်ကြွခဲ့သော်၊ ဘုန်းတော်ကြီးလှ၊ ဘုရာ့းတွင်းဝန်၊ မကျန်မှူးမတ်၊ ဝန်းပတ်ရံကာ၊ စဉ်တိုင်းလာ၍၊ ရတနာမြတ်လှ၊ မြောင်နာဂထက်၊ ထွန်းပရောင်ညီး၊ စံပယ်ပြီးလျက်၊ ထပ်ဖြီးစဉ်လျား၊ လမ်းနားညိတ်ညိတ်၊ နှစ်ဖက်ပိတ်မျှ၊ ကြည့်ကြသသူ၊ ဆင်ဖြူလွလွ၊ သုမိတ္တနှင့်၊ မာဃနတ်ရှင်၊ စစ်မြေပြင်သို့၊ ရန်နှင်လွှင့်ဖြို၊ ထွက်သည်ဆိုလည်း၊ သည်ကိုထင်ရည်၊ မှီမည်ထားဦး၊ မတူဘူးဟု၊ ရူမူးစည်လျဉ်၊ အံ့ချီးစဉ်ဝယ်၊ ရဲယဉ်တင့်လှ၊ ချီလေကြသည်။ ။   ထိန်မျှသောင်းသဲသံဝှန်းတည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၉၉။   စကြဝတေး ၊ ရှေးမင်းတို့ဝယ်၊ ဂုဏ်ကြွယ်ခိုင်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာသို့၊ သည်းချာစုရုံး၊ ဘနှလုံးကို၊ ယူကျုံးသော့ထွေ၊ ချမ်းသာစေလျက်၊ ညွန့်ဝေသီရိ၊ ဘုန်းစရှိသည့်၊ ဘကြီးရင်နှစ်၊ ဥပရာဇ်။ ၊ ကြင်ချစ်မပြား၊ မောင့်မြောက်သားနှင့်၊ သည်းကြားရတနာ၊ ပုဏ္ဏမာကို၊ အရာကိစ္စ၊ ရှိသမျှပင်၊ ကြောင့်ကြသမ်းညှိုး၊ မောင်မစိုးနှင့်၊ သူ့မိုးသူ့မြေ၊ သူ့တိုင်းခြေသို့၊ ရောက်လေသောခါ၊ ဖျားနာမထောင်၊ ချမ်းသာကြောင်းကို၊ နန်းလောင်းမောင်ပု၊ သတိပြုလော့၊ များထုအရာ၊ စစ်ရေးမှာကား၊ ကြေညာပေါက်ပြ၊ မောင်ချီကလျှင်၊ ထွန်းပမိုးသောက်၊ နေရောင်ကျောက်သော်၊ နှင်းပေါက်လွင့်လေ၊ ခြောက်သွေ့ပြေသို့၊ ဝိုက်ခွေထောက်ထောက်၊ ရန်မျိုးပျောက်၍၊ လွင့်ချောက်ပြစ်ပြစ်၊ စင်မည်ဖြစ်ကို၊ စင်စစ်နေကျ၊ ငါသိလှပြီ၊ သည်ကချီလျှင်၊ စစ်လမ်းတွင်မူ၊ ငြိုငြင်ရှားပါး၊ ဆင်းရဲသားတို့၊ ခမ်းနားဥစ္စာ၊ သုံးဆောင်ရာကို၊ ဘွေရှာနှိပ်စက်၊ ဟင်းရွက်တချပ်၊ စောင့်ကြပ်ကာဆီး၊ သစ်သီးတလုံး၊ ဆောင်သုံးစွဲရ၊ ဝါး တစမျှ၊ စိတ်က မကြည်၊ မပေးသည်ကို၊ ခေါင်းတည်ကြီးမ၊ တပ်မှူးစသည်၊ များလှတသွန်၊ မောင့်ကျွန်တော်မျိုး၊ လူဆိုးလူကောင်း၊ သိန်း, သောင်းဝမ်းလျား၊ ရဲမက်များသို့၊ လျှပ်စား−သောက်စား၊...

သူဇာပျို့

Image
သူဇာပျို့ ၉၈။   ယင်းသို့းသာပျော် ၊ မယ်တော်ဘုန်းထူ၊ မိန့်တော်မူသော်၊ ဇမ္ဗူစွဲရည်၊ လျှောက်ပြန်မည်ကား၊ ဖြီးစည်ဂုဏ်အင်၊ ကျေးဇူးတင်သည်၊ ဆွတ်ကြည်မြတ်လေး၊ မိဘုန်းမွှေး၊ စစ်ရေးမက်ရာ၊ စစ်မှုမှာကို၊ ထွတ်ချာရွှေစိတ်၊ ဆံဆယ်စိတ်မျှ၊ လန့်ထိပ်ရွံ့ရှာ၊ မစိုးပါနှင့်၊ သီတာပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ကြငှန်းထီးဆောင်း၊ မင်းအပေါင်းတို့၊ ဦးခေါင်းစူဠာ၊ မြတ်အင်္ဂါကို၊ မကြာမယူ၊ နေ့ချင်းယူ၍၊ လွယ်ကူသာပျော်၊ ဆက်မိန့်သော်လည်း၊ ဘုန်းတော်ရိပ်သာ၊ ထိပ်ထပ်ကာလျက်၊ မကြာရက်ရက်၊ ကျွန်တော်ဆက်မည်၊ နှောင့်ရှက်စွန်းငြိ၊ စိုးတစိမျှ၊ မရှိစေဘူး၊ အံ့ရာကျူးစိမ့်၊ ကိုယ်ထူးရှိလှာ၊ ကိုးရာမရ၊ ကျွန်တော်မနှင့်၊ နေကြမျက်ဖျော်၊ ရှုတိုင်းပျော်သည်၊ ကျွန်တော်ရတနာ၊ ငယ်ကိုသာလျှင်၊ ထွတ်ချာဘုန်းမော်၊ မိန့်တော်မြတ်တိုင်း၊ ထုံးဝိုင်းမသွေ၊ မြဲနေသေချာ၊ သနားပါဟု၊ ထပ်ကာဆင့်လှောက်၊ ကျိုးနွံလျှောက်မှ၊ ရွှေမှောက်ဒိဗ္ဗ၊ ရာဇိန္ဒနှင့်၊ ဦးချကော်ရော်၊ ညွတ်ပူဇော်သည်၊ သာပျော်စိတ်ကြည်၊ သွားခွင့်ရည်သော်၊ ဘုန်းစည်တောက်ပ၊ မွေးဘရန်နင်း၊ မိန့်သံညင်းသည်။ ။   ကြိုင်သင်းမဉ္ဇူအဟန်တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်...

သူဇာပျို့

Image
သူဇာပျို့ ၉၇။   ရတနာစု ၊ မြေးမောင်ပုကို၊ ပျိုလုမတတ်၊ အသက်ပြတ်မျှ၊ အထွတ်လူတွင်၊ မောင့်ဘခင်နှင့်၊ မ−ရှင်ကစ၊ တကွရိပ်မြုံ၊ ရွှေဘုံနန်းလုံး၊ စုရုံးညီညာ၊ မေတ္တာကြီးအင်၊ ချစ်စဉ်ပင်ကို၊ ကြင်ကြင်နာနာ၊ အရာမည်မျှ၊ မလစ်ရအောင်၊ မ စ သိမ်းချုပ်၊ ပိုက်ထုတ်အုပ်ပါ၊ မှာရာမှာလည်း၊ ဘွေရှာကြောင့်ကြ၊ ဖြစ်လွန်းလှ၏၊ တွေးဆသင်္ကာ၊ သည့်နှယ်မှာကို၊ ဆ့လွှာမြူမျှ၊ မကြောင့်ကြနှင့်၊ တကွတူရှိ၊ မောင်ဟိသည်ထက်၊ ဖျော်ဖြည်သာဖြူး၊ သစ်သစ်ထူး၍၊ အကျူးလွန်စွာ၊ ချစ်မည်သာလျှင်၊ နန်းလျာရည်သွား၊ မိထိပ်ထားသည်၊ ရင်သားသည်းချာ၊ မောင်မှတ်ပါတော့၊ စစ်ရာမက်ရေး၊ ရှုပ်ထွေးလုံခြုံ၊ မှုမျိုးကုံသည်၊ ရွှေဘုံသိင်္ဂီ၊ စံနန်းမက၊ အမှအရှင်၊ မြှော်လျက်ပင်လျှင်၊ မဝင်စားသောက်၊ အိပ်နေဘောက်မျှ၊ ညှိုးခေါက်မူသည်၊ ရွှမ်းမျက်ရည်နှင့်၊ မတည်ရှိုက်လွမ်း၊ လှိုက်သည့်ဝမ်းကို၊ သာချမ်းရေ့နှယ်၊ ငြိမ်းသက်လွယ်အောင်၊ မှတ်ရွယ်နေကြ၊ လုံ့လပြုပါ၊ မိသည်းချာသည်၊ ရေးရာကုန်စင်၊ ပြီးအောင်မြင်၍၊ ပြန်လျင်သဖြင့်၊ ခါမြင့်ရှည်ကျော်၊ ဘုန်းတော်ကြီးအင်၊ ဘနတ်ရှင်ကို၊ တိုင်းခွင်ကြေညာ၊ လူချမ်းသာနှင့်၊ ညွန့်ဖြာသားချစ်၊ မြေး, မြစ်နောက်နောင်၊ ဆက်ထွန်းအောင်ကို၊ ဆောင်နိုင်ပါစေ၊ လျှံဝေတောက်ပြု...

သူဇာပျို့

Image
သူဇာပျို့ ၉၆။   ယင်းသို့လျှောက်သော် ၊ မယ်တော်ဘုရား၊ မိန့်ပေငြား၍၊ ကြိုင်ရှားပျံ့ကြွယ်၊ နတ်ပန်းနှယ်လျှင်၊ ထိပ်ဝယ်ဆင်တင့်၊ ရှုမျက်ပွင့်သည်၊ မရှင့်သည်းချာ၊ နန်းပွင့်လျာ။ ။ ဘွေရှာတွေးဆ၊ ဘယ်ကိစ္စကြောင့်၊ ကြောင့်ကြလှည့်တာ၊ မဆိုရာကို၊ ဆိုရှာသနည်း၊ မောင့်ခမည်းနှင့်၊ ကျော်သည်းမြေပေါ်၊ မောင့်မယ်တော်မှာ၊ ရှုပျော်မေတ္တာ၊ ပုံစရာသည်၊ သည်းချာသက်လှယ်၊ မောင်နှင့်မယ်သာ၊ ဖြစ်ပါသည်ကို၊ ရွယ်ပျိုနုထွား၊ မိသည်းကြားမှာ၊ တခြားတူရှဲ့၊ ရှိပြန်ကြံသို့၊ ထောက်ငဲ့ထွေဆန်း၊ စိုးရိမ်လွန်းစွ၊ ထိပ်ပန်းမောင်ချည်း၊ တယောက်တည်းလျှင်၊ ဘော်နည်းနေကျ၊ ချစ်−မဝ၍၊ ဘယ်ကဘော်လှာ၊ ရပါမည်နည်း၊ ပေါင်းစည်းညီညာ၊ အောက်မေ့ရာတွင်၊ လှူဒါပုည၊ ကံဟောင်းမ၍၊ မယ်လှသည်းချာ၊ ဝေးရပ်ရွာက၊ ပေါ်လှာပေသည်၊ ရွှေရည်ရွှေခဲ၊ ပုလဲဖြူညက်၊ တို့အသက်ဟု၊ စုံမက်အင်ပြည့်၊ မှတ်ပါ၏ရှင့်၊ သို့သည်သမီး၊ မငြီးရှုပြော၊ စိတ်ဇော ပီတိ၊ မျက်စိ တန်ဆာ၊ အရသာကို၊ မစ္ဆာမှားယူ၊ ဘယ်သသူလျှင်၊ ကျင့်မူရုန့်ရိုင်း၊ မကိုင်းမညွတ်၊ ကိုယ်လွတ်ရှောင်ခွာ၊ ကွယ်ရာမျက်မှောက်၊ မောက်စောက် ဟုံးစုံး၊ နှလုံးဝမ်းမှာ၊ မသာယာအောင်၊ ရန်ရှာလွှားပ၊ ဝံ့ရမည်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်ပုံစုရာ၊ မိသည်းချာသည်။ ။...

သူဇာပျို့

Image
သူဇာပျို့ ၉၅။   အယုတ် − အလတ် ၊ အမြတ်မှန်ထား၊ စေပါးများကို၊ စော်ကားကြော့ကြမ်း၊ အဟမ်း မမ၊ လွှားပ ထောင်ထား၊ စကား မာမာ၊ မှန်ရာမသိ၊ ပြုံးရိပ်ရှိလည်း၊ ဝိဝိပျော့ညံ့၊ နောင်မဝံ့အောင်၊ အခေါင်ထိပ်နင်း၊ တင်းတင်းကြပ်ကြပ်၊ ပြားပြားဝပ်မျှ၊ ကွပ်ညှပ်မျက်ပါ၊ လိမ္မာနည်းလှ၊ ကျွန်တော်မမှာ၊ ပြည်ပသူကို၊ မဆိုနှင့်ဦး၊ အထူးရံခါ၊ ဆိတ်စာဒေါသ၊ ရိပ်မြွက်ဟ၍၊ ဘုရားကျွန်တော်၊ ဆိုမိသော်မျှ၊ ထွေငေါ်ဖော်ထုတ်၊ နှုတ်လည်းလော်လဲ၊ မတုံ့ဘဲနှင့်၊ ယိုရွှဲမျက်ရည်၊ ငိုတော့မည်ကို၊ ရှေ့တည်၍သာ၊ မျက်နှာပျက်လွယ်၊ ညှိုးငယ်ဆွတ်လွတ်၊ ဝမ်းနည်းတတ်ခဲ့၊ အထွတ်ထားတင်၊ အရှင်နှစ်ပါး၊ ထောက်သနား၍၊ ဖျော်ဖြားပျူဟာ၊ လိုလိုက်ပါမှ၊ မျက်နှာလန်း၍၊ သာချမ်းမြေ့လျက်၊ ပျော်မွေ့ပါမည်၊ ရွှေရည်ရတနာ၊ မြေးတော်မှာလည်း၊ ဆိတ်စာသလေး၊ ငယ်လှသေးခဲ့၊ နာဆေးဖျားတာ၊ အရာကိစ္စ၊ ရှိသမျှကို၊ နန်းမဘုရား၊ တို့ထိပ်ထားသည်၊ ဆေးဝါးကစ၊ မလစ်ရအောင်၊ ထောက်မကုသပ်၊ ကြပ်ကြပ်တည်းတည်း၊ သိမ်းဆည်းပိုက်ထုပ်၊ အုပ်တော်မူပါ၊ မေတ္တာတော်ညွန့်၊ သစ်သစ်သန့်လျက်၊ ပွားပြန့်ဆင့်လောင်း၊ ပါမည့်ကြောင်းကို၊ ဆယ်ချောင်းရှိကြာ။၊ တင်လျှောက်ပါသည်။ ။   ပန်ထွာညွတ်ခလျှောက်ပန်တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရ...

သူဇာပျို့

Image
သူဇာပျို့ ၉၄။   မြှော်ကြည့်ယောင်လျက် ၊ ဆင်ကသက်၍၊ ပြိုင်ဘက်လွတ်ရှား၊ ရွှေတံခါးဖြင့်၊ ကြွသွားနတ်တူ၊ တင်တော်မူ၍၊ ဖြီးထူစောင့်ကြပ်၊ သုံးထပ်တံခါး၊ လွန်ခဲ့ငြားမှ၊ ကိုးပါးမျက်ခတ်၊ ပြသာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊ သာပျော်တက်ပြီး၊ လျှံညီးရတနာ၊ စီမြွာကိုးပါး၊ ဆောင်တော်များကို၊ ထူးပြားရောင်ဝင်း၊ လက်တင်ဝင်းဝယ်၊ ခင်းသည်သင့်လျော်၊ နေရာတော်ထက်၊ စဉ်လျက်ထားမှ၊ မနာပ−က၊ စသည်တရွေ၊ ကွမ်းရေကိုင်မတ်၊ လျောက်ပတ်မူထား၊ လူမျိုးများကို၊ တောင်ပါးသာကျူး၊ ရှေ့ဆောင်ဦးဝယ်၊ပျံ့ပျူးဖျော်ဖြေ၊ နေကြစေမှ၊ ရဝေသာကျယ်၊ ဓဝယ်ဆောင်က၊ ဝင်လေကြွ၍၊ နန်းမစိုးစံ၊ မယ်တော့်ထံသို့၊ ကျိုးနွံရိုသေ၊ တိုင်ရောက်လေသော်၊ စေ့ရေခြင်းရာ၊ လျှောက်သည်မှာကား၊ အချာစိုးရ၊ ဘုန်းရောင်ပသည်၊ နန်းမဘုရား၊ ထွတ်ထိပ်ထား။ ။ ထင်ရှားကျော်သောင်း၊ မှုတော်ကောင်း၍၊ တိမ်းစောင်းမခွ၊ ဘုရာ့းကျွန်တော်၊ ကျူးကျော်ဝေးမြေ၊ သွားရလေလျှင်၊ အိမ်နေဘုရာ့း၊ ကျွန်တော်မမှာ၊ မိဘမောင်ဘား၊ ဆွေဝါးမဲ့ပါ၊ ကိုးကွယ်ရာသည်၊ အချာစိုးရ၊ အရှင်ပဟု၊ မည်မျှမည်မည်၊ မရှိသည်ကြောင့်၊ ဖျော်ဖြည်စေပါ၊ ကြင်နာလေးမြတ်၊ မပြတ်ခေါ်ဝေါ်၊ ထံတော်ချဉ်းကပ်၊ နီးစပ်နေထိုင်၊ လက်ကိုင်ပေးကမ်း၊ ဖုံလွမ်း မ စ၊ ပို့သစလေ့၊ ပြ...