ဘဝသင်ခန်းစာ(၁ဝဝ)

ဘဝသင်ခန်းစာ(၁ဝဝ)

အဖေဖြစ်သူ စာဖတ်တိုင်း သမီးက အမြဲ နှောင့်ယှက်ပါတယ်။ ဒါကြောင့် သမီး ငယ်လေး အငြိမ်နေအောင် တစ်ခုခုလုပ်ပေးမှ စာဖတ်လို့ရမှာ မို့ မြေပုံစာရွက် တစ်ခုကို အပိုင်းပိုင်းဖြဲပြီး သမီးကို ပေးလိုက်ပါတယ်။
"သမီး.. ဒါလေယူပြီး အခန်းထဲမှာ သွားဆက်ချေ။ ဆက်လို့ပြီး ရင် ဖေဖေ့ဆီ ပြန်လာခဲ့နော"

မကြာပါဘူး။ အဖေဖြစ်သူက သတင်းစာရဲ့  ပထမစာမျက်နှာမှာပဲ ရှိသေး တယ်။ သမီးလေးက အခန်းထဲကထွက်လာပြီး အကောင်းတိုင်း ဆက်ထားတဲ့ မြေပုံကိုပြေန်ပေးပါတယ်။
အံ့သြစွာနဲ့ပဲ ဘာလို့စောစောပြီးတယ်ဆိုတာကို မေးတော့ သမီးလေးက ဖြေ ပါတယ်။
"မြေပုံနောက်ကျောမှာ ဘောလုံးပုံ အကြီးကြီးပါတယ်လေ ဖေဖေရဲ့ ။ သမီး အဲဒါကိုပဲ ကြည့်ပြီး ဆက်လိုက်တာ"
Ref: lifequote
အောင်ခမ်း (ရိုးရာလေး) ထံမှ ကူးယူဖော်ပြပါသည်။
(ခက်ခဲတဲ့ ပြဿနာတိုင်းမှာ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်တဲ့ သော့ချက်က ကပ်ပါပြီးသားပါ။ ကျွန်တော်တို့တာဝန်က အဲဒီ (Key) ကို ယုံယုံကြည်ကြည်နဲ့ တွေ့အောင်ရှာဖို့ပါ...။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း